Sunday, April 18, 2010

ကျွန်တော် သိခဲ့ရသော သိလိုက်ရသော ကာယဗလနှင့်ကာယအလှ

ကျွန်တော်ဟာ သာမန်လူသားတွေထဲက သာမန်အဆင့်သာရှိတဲ့ သူတစ်ယောက်ပါ။အမြဲတမ်း သာမန်အတွေးများသာတွေးတက်တက် ကျွန်တော့်အဖို့ ကာယဗလ လေ့ကျင့်ဖို့၊လေ့လာလိုက်စားဖို့အတွက်ဆိုရင်တော့ တကယ့်နက်နက်နဲနဲတွေးပြီးလုပ်ဆောင်တက်သူပါ။ ကျွန်တော်ဟာ မောင်ဗမာတစ်ယောက်လဲ မဟုတ်ပါဘူး။သာမန် အဆင့်ရှိသူတစ်ယောက်ပါ။ဒါပေမဲ့ များမကြာမီ ကျွန်တော်ဖြစ်ချင်ဆုံးသော၊ကျွန်တော် ၀ါသနာပါသော၊ကျွန်တော်နှစ်သက်မြတ်နိုးသော မောင်ဗမာ ဆိုတာ ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ်ဓာတ်လေးနဲ့ လေ့လာလိုက်စားနေသူတစ်ယောက်ပါ။

Friday, April 9, 2010

office 2007 ဖိုင်တွေကို office 2003 မှာ ပြောင်းလဲ အသုံးပြုပုံ



office 2007 ဖိုင်တွေကို office 2003 မှာ ပြောင်းလဲ အသုံးပြုနိုင်အောင် Microsoft က လုပ်ပေးထားပါတယ်။ office 2007 မှာ ရိုက်လာတဲ့ ဖိုင်တွေကို office 2007 မရှိဘဲ office 2003 ဘဲ အသုံးပြုနေတဲ့ သူတွေ ဒေါင်းယူပြီး Install လုပ်ယူပါ။ ပြီးသွားရင်တော့ office 2007 ဖိုင်တွေကို office 2003 မှာ အလွယ်တကူ ဖွင့်လို့ ရပါပြီ။

ဒီမှာ ဒေါင်းပြီးယူပါ

ရွှေ စုဆောင်း သူများ ရှေးလက်ရာကို ပိုမို နှစ်သက်

တိုးတက် လာသော နည်းပညာ များကို အသုံးပြု၍ ရွှေထည် ပစ္စည်း များကို လက်မှု ပညာမှ စက်မှု ပညာ သို့ ပြောင်းလဲကာ လှပသော ဒီဇိုင်း ဆန်းများ နှင့် ထုတ်လုပ် ရောင်းဝယ် လာကြ သော်လည်း ရွှေထည် စုဆောင်း သူအများစု မှာမူ ရှေးလက်ရာများ ကို ပိုမို နှစ်သက် ၀ယ်ယူ စုဆောင်း ကြကြောင်း ရွှေဘုံသာလမ်း ရှိ နာမည်ကြီး ရွှေဆိုင် ကြီးတစ်ခုက ပြောကြားသည်။

“ရွှေထည် လက်ရာတွေ အများကြီး ဆန်းသစ် လာပါတယ်။ ၀တ်ဖို့ အတွက် ၀ယ်တဲ့ သူတွေကတော့ လက်ရာ ဆန်း၊ နောက်ဆုံးပေါ် ဒီဇိုင်းတွေကို ကြိုက်ကြ တယ်။ အခုချိန်မှာ ဒီဇိုင်း တွေက နေ့ စဉ် အချိန်နဲ့ အမျှ သစ်နေ ပေါ်နေတာ ဆိုတော့ ၀ယ်တဲ့ သူတွေ တစ်မျိုးပြီး တစ်မျိုး ပြောင်း ၀တ်ချင် ကြတာပေါ့။ ဒါပေမဲ့ ရွှေက ဈေးနည်းတဲ့ ပစ္စည်း မဟုတ်လို့ သိပ်များများ ၀ယ်မထား နိုင် ကြဘူး။ စုတဲ့ သူတွေ ကတော့ အရင် ရှေးလက်ရာ တွေကို ကြိုက်တယ်” ဟု ဆိုင်ပိုင်ရှင်က ရှင်းပြသည်။

စုဆောင်းရန် ၀ယ်ယူသည့်အတွက် အလေးချိန် များသော ရွှေထည်ကြီး များကို ၀ယ်လေ့ ရှိကြသည့် နည်းတူ လက်ကောက်၊ လက်စွပ်များကို ပန်း၊ ကနုတ် များဖြင့် ပုံဖော် ထားသည့် ရှေး လက်ရာများကို နှစ်သက်စွာ ၀ယ်လေ့ ရှိကြသည်။

“ရွှေကို ထုထည်ကြီးကြီး တစ်ခါ တည်းဝယ်တော့ အလျော့တွက် ကို အများကြီး မပေးရ တော့ဘူးပေါ့။ အ သေးတွေ နဲ့ စက်ဖြတ်တွေ ၀ယ်ရင် အ လျော့တွက် များတယ်” ဟု ရွှေပန်းတိမ် လုပ်ငန်းရှင် ဦးဝင်းမောင်က ပြောပြ သည်။ လက်ရှိဈေးနှုန်းများမှာ ကျပ် ၅,၅၀,၀၀၀နှင့် ၆,၀၀,၀၀၀ ၀န်းကျင် တွင် အတက်အကျ ပြောင်းလဲလျက် ရှိပြီး သင်္ကြန်ပြီးချိန် အထိ ထူးခြားစွာ ပြောင်းလဲမှု ရှိမည် မဟုတ်ကြောင်း နှင့် အရောင်း အ၀ယ် မှာလည်း ထိုနည်း တူစွာ အေးနေ ဦးမည်သာ ဖြစ်ကြောင်း သိရသည် ဟုဆိုသည်။ ဧပြီ ပထမပတ် ရွှေဈေး အဖွင့် ဧပြီ ၁ ရက်တွင် အ ခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၅,၉၆,၅၀၀ ရှိပြီး ၃ ရက် နေ့တွင်လည်း ကျပ် ၅,၉၆,၅၀၀ နှင့် ရောင်းဝယ်လျက် ရှိကြောင်း သိရသည်။
source from