Saturday, February 27, 2010

မြန်မာ ၀-၁ တာဂျစ် ကစ္စတန်

မြန်မာ့ လက်ရွေးစင် အသင်းသည် ယနေ့ ညနေက ကစားခဲ့သော AFC Challenge Cup ပြိုင်ပွဲ တတိယ နေရာလုပွဲတွင် တာဂျစ် ကစ္စတန် အသင်းအား ရှုံးနိမ့်ခဲ့ သောကြောင့် စတုတ္တ နေရာသာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းပွဲစဉ်တွင် ပွဲအစ ၁၀ မိနစ် ကတည်းက တာဂျစ် ကစ္စတန်တို့ ဂိုးသွင်းခွင့် စတင်ရခဲ့ခြင်း အသင်း ခေါင်းဆောင် မာ့ခ်မူဒေါ့က အပိုင် ကန်သွင်း ခဲ့သော်လည်း ကန်ချက် ပျော့သွားသဖြင့် ဂိုးသမား သီဟစည်သူ အသာအယာပင် ဖမ်းယူ နိုင်ခဲ့သည်။ သို့ရာတွင် တာဂျစ် ကစ္စတန် တိုက်စစ်မှူး ခါကီမော့ဗ်က ပွဲချိန် ၁၁ မိနစ်၌ ဂိုးဧရိယာ အတွင်း လေထဲ မြောက်နေသည့် ဘောလုံးကို မြေမကျ ပတ်ကန်ကာ ဦးဆောင်ဂိုး လှလှပပ သွင်းယူသွားခြင်း ဖြစ်သည်။ ထို့နောက်တွင် တက်ထာတူနော့ဗ်၊ ဖက်ခူလို စသည့် ကစားသမားများ အခွင့်အရေး အချို့ ရခဲ့သော်လည်း အသုံးမချ နိုင်ခဲ့ သဖြင့် အချည်းနှီး ဖြစ်ခဲ့ရသည်။ မြန်မာတို့အတွက် လွတ်လွတ်ကျွတ်ကျွတ် ဂိုးသွင်းခွင့်ကို ပထမပိုင်း ၄၃ မိနစ်တွင်မှ စတင်ရခဲ့ကာ ပိုင်စိုး ဖြတ်တင်ပေး သည်ကို ကျော်ကိုကို ခေါင်းတိုက် ခဲ့သော်လည်း တာဂျစ် ကစ္စတန် ဂိုးသမား အမိဖမ်း နိုင်ခဲ့သည်။

ဒုတိယပိုင်း ပွဲစပြီး လေးမိနစ် အကြာတွင် မြန်မာတို့ ချေပဂိုးရရန် အခွင့်အရေး တစ်ခု ရခဲ့သည်။ ကွင်းလယ် ကစားသမား ပိုင်စိုးသည် တာဂျစ် ကစ္စတန် အသင်း၏ လူကျွံ ထောင်ချောက်ကို ဖောက်ထွက်ကာ လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးခွင့် ရခဲ့သော်လည်း ထိချက်လွဲသွား သဖြင့် နောက်တန်းလူများ အချိန်မီ ပြန်လည် ကာကွယ်ခွင့် ရသွား စေခဲ့သည်။ ထို့နောက်တွင်လည်း ရန်ပိုင်၊ ပိုင်စိုး၊ ခင်မောင်ထွန်းတို့ အခွင့်အရေးများကို အသုံးမချ နိုင်ခဲ့ကြသဖြင့် ချေပဂိုးရရန် လွဲချော်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယပိုင်းတွင် တာဂျစ် ကစ္စတန် အသင်းသည် ခံစစ်ကို ဦးစားပေး ခဲ့ပြီး တစ်ချက် တစ်ချက်တွင်မှ တန်ပြန် တိုက်စစ်ဖြင့် ဒုက္ခပေး နိုင်ခဲ့သည်။ တာဂျစ် ကစ္စတန်သည် ယခုပွဲ အနိုင်ရသွား သဖြင့် လာမည့် ၂၀၁၂ AFC Challenge Cup ပြိုင်ပွဲကို ခြေစစ်ပွဲ ၀င်စရာ မလိုတော့ဘဲ တိုက်ရိုက် ၀င်ခွင့် ရသွားခဲ့သည်။
source from http://soccermyanmar.com

Thursday, February 25, 2010

မျိုးရိုးဗီဇ ကုထုံးသည် HIV ပိုးကို တိုက်ဖျက်နိုင်ကြောင်း တွေ့ရှိ

AIDS ရောဂါပိုးကို ဖြစ်စေနိုင်သော HIV ပိုးကို တိုက်ဖျက်နိုင်ရန် မျိုးရိုးဗီဇကုထုံးသည် ကောင်းစွာ အသုံးဝင်နိုင်သည် ဟူသော လမ်းစတစ်ခု ပညာရှင်များ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရှာတွေ့ခဲ့ကြသည်။ ထိုကုထုံးကို
လူနာများတွင် အသုံးချနိုင်ရန်မှာမူ လိုသေးကြောင်း၊ ရရှိလာလျှင်လည်း
ဈေးကြီးမည် ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။
ပန်ဆယ်ဗေးနီးယား တက္ကသိုလ်မှ ဒေါက်တာ Pablo Tebas မှ ယခုတွေ့ရှိချက်သည်
AIDS ရောဂါကို တိုက်ဖျက်ရန် လမ်းစ၏ ပထမခြေလှမ်းသာ ဖြစ်သေးကြောင်း၊
ဆက်လက်ကြိုးပမ်း သွားကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိအသုံးပြုနေသော AIDS ရောဂါကုဆေးများသည် လူနာများကို သက်တမ်းစေ့နီးပါး
နေနိုင်စေသော်လည်း ဘေးထွက်ဆိုးကျိုးများ များလှသည်။ ထို့ပြင်
အချို့ဆေးများသည် ကြာလာလျှင် ဆေးယဉ်လာသော ပြဿနာများပါ ရှိလာ၍ ယခု
မျိုးရိုးဗီဇ ကုထုံး (Gene Therapy) ကို ပညာရှင်များက မျှော်လင့်ချက်
ထားရှိနေကြကြောင်း သိရသည်။
ယခုတွေ့ရှိချက်များကို ဆန်ဖရန်စစ္စကိုမြို့တွင် ပြီးခဲ့သော ရက်များက ကျင်းပပြီးစီးခဲ့သော Retroviruses and Opportunistic Infections ဆိုင်ရာ ကွန်ဖရန့်တွင် တင်ပြသွားခဲ့သည်။

(နောက်ဆက်တွဲသိရသည်မှာ အဆိုပါကုထုံးသည် ကုသစားရိတ် ပေါင် ၂သောင်းခန့်
ကုန်မည်ကြားရရာ မကုသနိုင်သူများအတွက် စိတ်အားလျော့ဖွယ်ဟုပင် ဆိုရမလား
မသိတော့ပါ။ မက်ဖန်ပရိသတ်များအတွက် ကမ္ဘာနှင့်အပြိုင်
ကျန်းမာရေးတိုးတက်မှုများကို သိရှိစေလို၍သာ တင်ပေးလိုက်ရခြင်း ဖြစ်ပါသည်)
http://forverfriends.ning.com

မိန်းကလေးငယ်များအား နည်းအမျိုးမျိုးဖြင့် ဆွဲဆောင်၍ လိင်အလွဲအသုံးချမှုများ

မိန်းကလေးငယ်များအား နည်းအမျိုးမျိုးဖြင့် ဆွဲဆောင်၍ လိင်အလွဲအသုံးချမှုများ ရှိနေပြီး လိင်အလွဲအသုံးချခံရသည့် ဖြစ်စဉ်အချို့သည် အုပ်ထိန်သူပေါ့လျော့မှုနှင့် ညစ်ညမ်းခွေများ အလွယ်တကူ ရရှိနေခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။ မိန်းကလေးငယ်များအား နည်းအမျိုးမျိုးဖြင့်ဆွဲဆောင်၍ လိင်အလွဲအသုံးချမှုများရှိနေသည်ဟု ဆိုရာတွင် ၁၄ နှစ်အောက်မိန်းကလေးအချို့အား မုန့်ကျွေး၍ အဓမ္မပြုကျင့်သည့်ဖြစ်ရပ်နှင့် မိန်းကလေးငယ်အား သွေးဆောင်စည်းရုံး၍ ပြည့်တန်ဆာအဖြစ် ခိုင်းစေရန်ကြံရွယ်မှုတို့ ပါဝင်နေကြောင်း သိရှိရပါသည်။ '' ဖြစ်စဉ်တစ်ခုမှာဆိုရင် မိန်းကလေးငယ်တစ်ဦးကို အိမ်နီးချင်းတစ်ဦးက မုန့်ဖိုးပေးပြီး လိင်ကိစ္စမကြာခဏကျူးလွန်နေတာ ရှိခဲ့တယ်။ အုပ်ထိန်းသူကိုယ်တိုင်က အတော်ကြာမှရိပ်မိပြီး တိုင်ကြတောကြနဲ့ အရှက်တကွဲဖြစ်ခဲ့ရတဲ့ သာဓကတွေလည်း ရှိခဲ့ဖူးပါတယ်။ ကြားရတဲ့ဖြစ်စဉ်တစ်ခုဆိုရင် သင်တန်းတက်တဲ့ ကလေးငယ်တချို့ကို မုန့်ဖိုးပေးစည်းရုံးပြီး လိင်ကိစ္စအလွဲအသုံးချလို့ သင်တန်းတာဝန်ရှိသူကို အရေးယူခဲ့ရတဲ့ဖြစ်စဉ်လည်း တောင်ဥက္ကလာပမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ အရွယ်မရောက်သေးတဲ့ မိမိတို့ကလေးငယ်တွေကို ဂရုစိုက်စောင့်ရှောက်သင့်ပါတယ်''ဟု ဖြစ်စဉ်အား သိရှိသူတစ်ဦးက ဆိုပါသည်။ ထို့ပြင် အရွယ်မရောက်သေးသူ မိန်းကလေးငယ်တစ်ဦးအား လူရှင်းသည့်လမ်းကြား၌ အသက် ၃၀ ကျော်အမျိုးသားတစ်ဦးက ၎င်း၏လက်ဖြင့် လိင်မှုကိစ္စကျူးလွန်ရန် ကြံရွယ်သည့်ကိစ္စ ရန်ကင်းမြို့နယ်၊ အတွင်း ဖြစ်ပွားခဲ့ဖူးကြောင်း ရန်ကင်းမြို့နယ်၊ ရပ်ကွက်တစ်ခုအတွင်းနေထိုင်သူ အမျိုးသမီးကြီးတစ်ဦးက ဆိုပါသည်။ မကြာသေးမီက ဖြစ်ပွားခဲ့သော အရွယ်မရောက်သေးသူ မိန်းကလေးတစ်ဦးအား မုန့်ကျွေး၍ အဓမ္မပြုကျင့်ခဲ့သူအား အရေးယူခဲ့ရသည့်ဖြစ်ရပ်မှာ ခရမ်းမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၈ ရက်နံနက်ပိုင်းတွင် ခရမ်းမြို့နယ်နေ အသက် ၃၀ နှစ်ရှိ အမျိုးသမီးတစ်ဦးသည် အသက်ခုနစ်နှစ်ရှိ ၎င်း၏သမီးဖြစ်သူနှင့်အတူ ကရင်စုကျေးရွာတောင်ဘက်ရှိ ဇမ္ဗူအေးစေတီဘုရားဈေးတန်းအတွင်း လျောက်ကြည့်စဉ် သမီးဖြစ်သူနှင့် လူချင်းကွဲသွားခဲ့ကြောင်း သိရသည်။ ထိုသို့ လူကွဲသွား၍ လိုက်လံရှာဖွေရာ လင်ညီအစ်မတော်စပ်သူနှင့် တွေ့သောကြောင့် တစ်ရွာတည်းနေ အသက် ၅၀ နှစ်ရှိ လယ်လုပ်သူ -- က ခေါ်ဆောင်သွားကြောင်း ပြောပြ၍ သိရှိခဲ့ရသည်ဟု ဆိုသည်။ တရားလိုမှ သမီးဖြစ်သူအား လိုက်လံရှာဖွေရာ မိနစ်အနည်းငယ်ခန့်အကြာတွင် ပွဲခင်းအတွင်း ငိုလျက်ပြန်တွေ့၍ မေးမြန်းရာ အသက် ၅၀ နှစ်ရှိ လယ်လုပ်သူက ၎င်းအား မုန့်ကျွေးပြီး ရွာအရှေ့တောင်ဘက် လယ်လုပ်သူ၏ ခရမ်းချဉ်သီးအစောင့်တဲသို့ ခေါ်သွားကာ သားမယားအဖြစ် ပြုကျင့်ကြောင်း ဆိုခဲ့သည်။ သက်ဆိုင်ရာ ခရမ်းမြို့နယ် ရဲတပ်ဖွဲ့စခန်းက (ပ)၄၄/၂၀၁၀ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် တရားခံအား အမှုဖွင့်အရေးယူခဲ့ရကြောင်း သိရသည်။ '' အခုနောက်ပိုင်းမှာ ညစ်ညမ်းခွေတွေက ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေတာကိုတွေ့ရပြီး အလွယ်တကူ ၀ယ်ယူရရှိနေတာ တွေ့ရပါတယ်။ တချို့အခွေဆိုင်တွေဆို အနော်ရထာလမ်း၊ မဟာဗန္ဓုလလိုလမ်းမမျိုးမှာတောင် ရောင်းချနေတာ တွေ့ရပါတယ်။ သက်ဆိုင်ရာကလည်း သိရင် သိချင်း အရေးယူနေတယ်လို့ သိရပါတယ်။ ၂၀၀၅ ခုနှစ်နောက်ပိုင်းမှာ ညစ်ညမ်းခွေတွေကို အလွယ်တကူ ၀ယ်ယူရရှိနေတာ ပိုတွေ့လာရတယ်''ဟု မိဘအုပ်ထိန်းသူတစ်ဦးက ဆိုပါသည်။ ထို့ပြင် မိန်းကလေးငယ်အား သွေးဆောင်ခေါ်ယူ၍ ပြည့်တန်ဆာအဖြစ် ခိုင်းစေရန် ကြံရွယ်မှုလည်း ရှိခဲ့ကြောင်း သိရသည်။ ကာမကိုလိမ်လည်ရယူ၍ ပြည့်တန်ဆာအဖြစ် သိမ်းသွင်းရန် သွေးဆောင်ခြင်းခံရသည့် ဖြစ်စဉ်တစ်ခုမှာ တာမွေမြို့နယ်အတွင်းတွင် ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ အသက် ၁၅ နှစ်အရွယ်မိန်းကလေးသည် ၎င်းနေထိုင်ရာ ဒဂုံတောင်မြို့နယ်၊ ၂၆ ရပ်ကွက်မှ အဒေါ်ထံသို့ သွားရန်နေအိမ်မှထွက်ခဲ့ကြောင်း သိရသည်။ ဒဂုံမြို့သစ်တောင်ပိုင်း၊ ပြည်ထောင်စုလမ်းမရှိ သစ်ဆိုင်ကွေ့ ကားမှတ်တိုင်တွင် ကားစောင့်နေစဉ် အသက် ၄၂ နှစ်အရွယ်နှင့် ၂၄ နှစ် အရွယ်ရှိ ၎င်းနှင့်တစ်လမ်းတည်းနေ အမျိုးသမီးနှစ်ဦးနှင့် တွေ့ဆုံခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးက မြို့ထဲသွားမည်ဖြစ်၍ လမ်းကြုံကြောင်းပြောကာ အငှားကားဖြင့် တာမွေမြို့နယ်၊ ဗညားဒလလမ်းရှိနေအိမ်တစ်ခုသို့ ခေါ်သွားခဲ့ကြောင်း ယင်းနေအိမ်ရှိ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးထံ အပ်နှံထားခဲ့ပြီး မိန်းကလေးငယ်အား ခေါ်ဆောင်လာသူ အိမ်နီးချင်းအမျိုးသမီးနှစ်ဦးက ဗညားဒလလမ်းနေအိမ် အမျိုးသမီးထံမှ ငွေကြေးရယူပြီး ပြန်သွားခဲ့ကြောင်း၊ ဗညားဒလလမ်းနေအိမ်မှ အမျိုးသမီးက မိန်းကလေးငယ်အား ယောက်ျားများနှင့် ကာမစပ်ယှက်ရန် သွေးဆောင်စည်းရုံးခဲ့ကြောင်း သိရသည်။ ၎င်းက မလုပ်လိုကြောင်းပြောရာ ပြန်ချင်ပြီဆိုပါက နားကပ်တစ်ရန်ပေးရမည်ဟု ပြောခဲ့ကြောင်း၊ ထို့ကြောင့် သွေးဆောင်ခံရသည့် မိန်းကလေးက နားကပ်တစ်ရန်ချွတ်ပေးခဲ့ရပြီး အိမ်သို့ပြန်ရောက်စဉ် ဖခင်ဖြစ်သူကိုပြောကာ သက်ဆိုင်ရာတွင် အမှုဖွင့်ခဲ့ကြောင်း သက်ဆိုင်ရာ တာမွေမြို့နယ်ရဲစခန်းက (ပ)၇၈၇/၂၀၀၉၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၆ (က) ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။ ''အခုဟာက မိန်းမကောင်းလေးတွေကိုပါ စည်းရုံးပြီး ဘ၀ပျက်အောင် ကြံစည်လာကြတယ်။ ပြည့်တန်ဆာလုပ်ဖို့ လူရောင်းတဲ့ပုံစံပါ လုပ်လာတယ်၊ အဲဒီနေရာမှာ စိတ်ဓာတ်ခိုင်မာတဲ့ မိန်းကလေးတွေကတော့ အချိန်မီထိန်းသိမ်းနိုင်ပေမယ့် ဘ၀အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့ မိန်းကလေးတွေအတွက်တော့ ပန်းကောင်းအညွန့်ကျိုးဘ၀ ရောက်ဖို့ ပိုလွယ်ကူပါတယ်၊ အခုသက်ဆိုင်ရာကလည်း အဲဒီလိုအဖြစ်တွေကိုသိရင် သိသိချင်းထိထိ ရောက်ရောက်အရေးယူနေပါပြီ။ အုပ်ထိန်းသူတွေဘက်ကလည်း မိမိတို့ရဲ့ ကလေးငယ်တွေကို အဲဒီလိုအဖြစ်မျိုးနဲ့ မကြုံရဖို့ ပညာပေးမှုတွေ၊ ဂရုစိုက်စောင့်ရှောက်မှုတွေ ပြုလုပ်သင့်ပါတယ်''ဟု ဖြစ်စဉ်များအပေါ် မိခင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။ ယခုအခါ မုဒိမ်းမှုကျူးလွန်သူများသည် အရွယ်ရောက်အမျိုးသမီးများသာမက အရွယ်မရောက်သေးသည့် အမျိုးသမီးငယ်များကိုပါ ကျူးလွန်ကြသည့်အပြင် ဆွေမျိုးအချင်းချင်းကိုလည်း ကျူးလွန်လျက်ရှိကြောင်း၊ အရက်သေစာသောက်စားမူးယစ်ပြီး အစိတ်အလိုလိုက်မှု၊ အလိုရမ္မက်ထိန်းသိမ်းနိုင်ခြင်းမရှိမှု၊ ကာမရာဂကို အသားပေးသော ဆင်ဆာမဲ့ရုပ်ရှင်များ ကြည့်ရှုရာမှ လွဲမှားသော အကျင့်ကို ထိန်းသိမ်းမှုမရှိဘဲ အားကျစိတ်ဖြင့် ကျူးလွန်မှု၊ မူးယစ်ထုံထိုင်းစေသည့် ဆေးဝါးများအလွဲသုံးစွဲမှုတို့ကြောင့် မုဒိမ်းမှုများဖြစ်ပွားခဲ့ကြောင်း မြို့နယ်အချို့တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းအတွင်း ၂၀၀၉ ခုနှစ်၌ မုဒိမ်းမှု ၇၅ မှုဖြစ်ပွားခဲ့ပြီး ၂၀၀၈ ခုနှစ်၌ ၇၄ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
http://www.first-11.com Website မှကူးယူဖော်ပြပါသည်။

မြန်မာ ၀-၅ မြောက် ကိုရီးယား

AFC Challenge Cup ၀င်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာ့ လက်ရွေးစင် အသင်းသည် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် မြောက် ကိုရီးယား အသင်းကို (၅-၀)ဂိုးဖြင့် ရှုံးနိမ့် သွားခဲ့ကြောင်း သိရသည်။
မြန်မာ အသင်းသည် ယင်းပွဲစဉ်တွင် ကွင်းလယ် ကစားသမား အောင်ကျော်မိုး ပွဲပယ် ပြစ်ဒဏ်ကြောင့် မပါဝင် နိုင်သဖြင့် ခင်မောင်လွင် ကို ကွင်းလယ် တက်ကစား စေခဲ့သည်။ ခင်မောင်လွင်၏ နောက်တန်း ဘယ်အစွန် နေရာတွင်မူ လူငယ် ကစားသမား ရွှေလှိုင်ဝင်းကို ထည့်သွင်း ကစား စေခဲ့သည်။ မြောက်ကိုရီးယား အသင်းသည် ပွဲအစ ၆ မိနစ် တွင်ပင် ဦးဆောင်ဂိုး ရရှိသွား ခဲ့ခြင်း ဖြစ်ပြီး ကွင်းလယ် ကစားသမား ချိုမြောင်ဟိုက သွင်းယူခဲ့ခြင်း ဖြစ်သည်။ ယင်းဂိုးသည် မြောက် ကိုရီးယား ကစားသမားများ အသင်းလိုက် စုစည်းမှုနှင့် တစ်ဦးချင်း Skill ကောင်းမွန်မှုကို အားပြုကာ မြန်မာ နောက်တန်းနှင့် ဂိုးသမားကိုပါ အယောင်ပြ လိမ်ခေါက် ကျော်ဖြတ်၍ သွင်းယူ နိုင်ခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ၁၂မိနစ် တွင် ကိုရီးယား တိုက်စစ်မှူး ချိုးချွဲမန်က ဂိုးသမား သီဟစည်သူကို ကျော်၍ ဖြတ်တင်ဘော ကန်တင်ရာ ဂိုးထဲ ၀င်သွား သောကြောင့် ဒုတိယဂိုး ဖြစ်ခဲ့ရသလို၁၃ မိနစ် တွင်လည်း ကွင်းလယ်လူ ပတ်ဆောင်ချွဲ၏ ကိုက်၃၀ အဝေး ကန်ချက်ဖြင့် တတိယဂိုး ဖြစ်ခဲ့ပြန်သည်။
ပထမပိုင်းတွင် အဆိုပါ ဂိုး ၃ ဂိုးဖြင့် ဦးဆောင် နိုင်ခဲ့သော မြောက်ကိုရီးယား အသင်းသည် ဒုတိယ ပိုင်းတွင်လည်း အသာစီး ဆက်လက် ကစားနိုင်ခဲ့ပြီး ပွဲချိန် ၇၃ မိနစ်၌ ချိုချွဲမန် ကပင် စတုတ္တ ဂိုးကို ထပ်မံသွင်းယူ ခဲ့သည်။ တဖန် ပွဲပြီးရန် ၅ မိနစ် အလိုတွင် လူစား ၀င်လာသည့် တိုက်စစ်မှူး ကင်ဆောင်ယောင်းက အပိတ်ဂိုး သွင်းယူကာ (၅-၀) ဖြစ်စေခဲ့ခြင်း ဖြစ်သည်။ ယင်းပွဲတွင် ပွဲပြီးခါနီး နာကျင် အချိန်ပို၌ မြန်မာနှင့် မြောက်ကိုရီးယား ကစားသမားများ အ၀ါကဒ် ၃ ကတ် ဆက်တိုက် ပြခံခဲ့ရသည် ကိုလည်း ထူးခြားစွာ တွေ့ရသည်။ အ၀ါကဒ် ပြခံခဲ့ရ သူများမှာ မြန်မာ အသင်းဘက်မှ ခင်မောင်လွင်နှင့် မြောက်ကိုရီးယားမှ ချိုချွဲမန်၊ ရီချွဲမြောင်တို့ ဖြစ်သည်။
ယင်းပွဲတွင် အနိုင်ရခဲ့သည့် မြောက်ကိုရီးယား အသင်းသည် အုပ်စုတွင်း ပြိုင်ဘက် တာမင် နစ္စတန် အသင်းနှင့် ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ အုပ်စုတွင်း တွေ့ဆုံခဲ့စဉ်က ၎င်းတို့ နှစ်သင်းသည် အရှုံးအနိုင် မပေါ်ဘဲ (၁-၁)ဂိုး သရေ ဖြင့်သာ ပြီးဆုံးခဲ့၍ ဗိုလ်လုပွဲမှာ အကြိတ်အနယ် ဖြစ်လာမည် ဖြစ်သည်။ မြန်မာ အသင်းမှာလည်း တတိယ နေရာလုပွဲတွင် အုပ်စုတွင်း ပွဲစဉ်၌ (၃-၀)ဂိုးဖြင့် ရှုံးနိမ့်ထားသော တာဂျစ် ကစ္စတန်ကို ရင်ဆိုင်ရမည် ဖြစ်သည်။ ဗိုလ်လုပွဲနှင့် တတိယ နေရာ လုပွဲကို ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် တစ်နေ့တည်း ကျင်းပမည် ဖြစ်သည်။

မြန်မာ အသင်းတွင် ပွဲထွက် ပါဝင်ကစား ခဲ့သူများ
၃။ ၀င်းမင်းထွဋ်
၅။ ခင်မောင်လွင်
၇။ ဇော်ထက်အောင် (ဋ္ဌေးအောင် ၆၂')
၈။ ခင်မောင်ထွန်း
၁၀။ ထွန်းထွန်းဝင်း
၁၄။ မျိုးမင်းထွန်း
၁၇။ ရွှေလှိုင်ဝင်း
၁၈။ သီဟစည်သူ (ဂိုး)
၂၀။ ပိုင်စိုး
၂၁။ ရန်ပိုင် (ကျော်ကိုကို ၄၆')
၂၅။ ဇော်လင်းထွန်း (မိုးဝင်း ၅၅')

အရန် ကစားသမားများ
၂။ ဟန်ဝင်းအောင်
၎။ မိုးဝင်း
၁၁။ ပြည့်ဖြိုးဦး
၁၅။ အေးဆန်း
၁၉။ အောင်အောင်ဦး (ဂိုး)
၂၄။ ရန်အောင်ကျော်
၂၈။ ကျော်ကိုကို
၃၀။ ကျော်သီဟ
၃၄။ ဋ္ဌေးအောင်
၃၆။ စိုးမင်းဦး
၃၇။ ရန်အောင်ဝင်း
ပွဲကြီးကြပ်သူများ
ကွင်းလယ်ဒိုင် - မောက်ထာ ဆာလက် အလီ အယ်ယာရီမီ (ယီမင်)
အကူဒိုင်(၁) - ကာရီမီ မော်တီဇာ (အီရန်)
အကူဒိုင်(၂) - ဟိုဝေမင်း (တရုတ်)
စတုတတ္တဒိုင် - မဟာပတ် ချိုင်ယာ (ထိုင်း)
source from http://soccermyanmar.com

Sunday, February 21, 2010

ဆီမီး ဖိုင်နယ်တွင် မြန်မာ အသင်း မြောက်ကိုရီးယားနှင့် ရင်ဆိုင် ရတော့မည်

နေ့ ညနေပိုင်းက သီရိလင်္ကာ နိုင်ငံတွင် ယှဉ်ပြိုင် ကစားခဲ့သည့် AFC Challenge Cup အုပ်စု (ခ) နောက်ဆုံး ပွဲစဉ်များ အပြီးတွင် မြန်မာ အသင်း အနေဖြင့် ဆီမီးဖိုင်နယ် အဆင့်တွင် ဗိုလ်စွဲရန် ရေပန်း အစားဆုံး အသင်းဖြစ်သည့် မြောက်ကိုရီးယားနှင့် ထိပ်တိုက် ရင်ဆိုင် ရတော့မည် ဖြစ်သည်။

မြောက်ကိုရီးယား အသင်းသည် ပွဲဦးထွက်တွင် တာမင်နစ္စတန် အသင်းအား ၁ဂိုးစီ သရေ ကျခဲ့သော်လည်း ကာဂျစ္စတန် အသင်းအား ၄ဂိုးပြတ်၊ ယနေ့ အိန္ဒိယနှင့် ပွဲတွင် ၃ဂိုးပြတ် တို့ဖြင့် အသီးသီး အနိုင်ရကာ တာမင်နစ္စတန် အသင်းအား ဂိုးကွာခြားချက် အသာဖြင့် အုပ်စု ပထမ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ အုပ်စု ဒုတိယ နေရာ ရခဲ့သည့် တာမင်နစ္စတန် အသင်းမှာမူ ကာဂျစ္စတန် အသင်းအား ၁ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး ဆီမီး ဖိုင်နယ်တွင် အုပ်စု (က) ထိပ်ဆုံးမှ တာဂျစ် ကစ္စတန် အသင်းနှင့် တွေ့ဆုံ ရမည် ဖြစ်သည်။

မြောက်ကိုရီးယား အသင်းသည် ယခု ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်းများ အားလုံးထဲ၌ ကမ္ဘာ့ အဆင့် အမြင့်ဆုံး အသင်း တစ်သင်းဖြစ်ပြီး ကမ္ဘာ့အဆင့် ၈၆တွင် ရပ်တည်နေသည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ထားသည့် အသင်း ဖြစ်သည်။ ယခု ပြိုင်ပွဲဝင် အသင်းတွင် လူငယ် ကစားသမား အချို့အား ခေါ်ယူ လာခဲ့သော်လည်း ကစားသမား များအားလုံးမှာ ကြံ့ခိုင်မှု၊ ကစားအား၊ လျှင်မြန်မှု၊ ကျွမ်းကျင်မှုနှင့် နည်းစနစ်ပိုင်း ကောင်းမွန် လွန်းကြောင်း သိရသည်။ ထို့ပြင် စိတ်ဓာတ် ပိုင်းမှာလည်း အကောင်းဆုံး အနေအထား တွင် ရှိနေပြီး တောင်ပံ တိုက်စစ်များမှာ အထူး ကောင်းမွန်ကာ နေရာစုံမှ ဂိုးသွင်းယူ နိုင်သည့် အသင်းလည်း ဖြစ်သည်။

မြောက်ကိုရီးယားနှင့် မြန်မာ အသင်းတို့သည် ၂၀၀၈ ခုနှစ် AFC Challenge Cup ပြိုင်ပွဲတွင် အုပ်စု အဆင့်နှင့် တတိယ လုပွဲ တို့တွင် ၂ကြိမ် တွေ့ဆုံဖူးပြီး အုပ်စု အဆင့် ပွဲစဉ်ကစား ခဲ့စဉ်က ၁-၀ ရလဒ်ဖြင့် လည်းကောင်း၊ တတိယ လုပွဲ အဆင့်တွင် ၄-၀ ရလဒ်ဖြင့် လည်းကောင်း ၂ကြိမ်စလုံး မြန်မာ အသင်းကပင် ရှုံးနိမ့်ခဲ့သည်။ နောက်ဆုံး သိရှိရသည့် သတင်းများ အရ မြန်မာ အသင်း၏ အဓိက ကွင်းလယ်လူ အောင်ကျော်မိုးသည် မြောက် ကိုရီးယားနှင့် ကစားရမည့် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ပွဲပယ် ခံထားရကြောင်း သိရပြီး ခင်မောင်ထွန်း၊ ခင်မောင်လွင်၊ ဇော်လင်းထွန်း၂ တို့မှာ နောက်ထပ် တစ်ဝါထိမည် ဆိုပါက နောက်ဆုံး ပွဲတွင် ပါဝင်ခွင့် ရမည် မဟုတ်ကြောင်း သိရသည်။

ယနေ့ ပွဲစဉ် ရလဒ်များ

အိန္ဒိယ ၀-၃ မြောက်ကိုရီးယား
တာမင်နစ္စတန် ၁-၀ ကာဂျစ္စတန်

ဆီမီးဖိုင်နယ် ပွဲစဉ်များ (ဖေဖော်ဝါရီ ၂၄)

မြန်မာ စံတော်ချိန် ညနေ ၄နာရီ - တာဂျစ္စတန် vs တာမင်နစ္စတန်
မြန်မာ စံတော်ချိန် ည၈ နာရီ - မြောက်ကိုရီးယား vs မြန်မာ
source from http://soccermyanmar.com

ဂျီမေး၊ဂျီတော့များ လုံခြုံမှု မရှိပါ

ကျွန်တော်တို့တွေဟာ ဂျီမေး၊ဂျီတော့ တွေကို အသုံးပြုပြီး တစ်နေရာနဲ့ တစ်နေရာ ဆက်သွယ်မှုတွေ ပြုလုပ်လာကြပါတယ်။ဒါကြောင့် e mail ဆိုတာလဲ တွင်တွင် ကျယ်ကျယ် အသုံးပြုလာတာနဲ့ အမျှ၊ ဖျက်လို ဖျက်ဆီး လက်တည့်စမ်းချင်ကြတဲ့ မသမာသူ (တစ်နည်းအားဖြင်)့ ဟက်ကာတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာရပါတယ်။တကယ်တမ်းပြောရရင် မိမိ အီးမေးလုံခြုံမှုအတွက် မိမိမှသာလျှင်တာဝန်အရှိဆုံးဖြစ်ပါတယ်။မိမိ မေးကို မသုံးခင် မိမိသုံးနေတဲ့ ကွန်ပျူတာကို စစ်ဆေးပါ။ သေချာပြီး မရှိနိုင်တော့ဘူးဆိုမှ သုံးပါ။ အကယ်၍ မိမိမေး ဟက် ခံထားရပြီဆိုရင်တော့ ထက်မသုံးပါနဲ့တော့ အဲ့ဒီမေးဟာ ထက်ပြီး ဟက်ခံရနိုင်ပါတယ်။ဘာလို့လဲဆိုတော့ ဟက်တဲ့ သူဆီမှာ မိမိအီးမေးရဲ့ password ရှိနေ လိုပါပဲ၊ပြီးတော့ မိမိတို့ အသုံးပြုနေတဲ့ အကောင့်တွေဟာလဲ များသော အားဖြင့် ဖရီး အီးမေးတွေ ဖြစ်နေတာကြောင့် ပို၍ လုံခြုံမှု မရှိဘူးဆိုတာပါပဲ

များသောအားဖြင့် မိမိအကောင့် password ပြန်ဝင်လို့မရသူတွေဟာ မိမိရဲ့ မေးအကောင့်တွေကို second မေး၊ second question တွေနဲ့ ပြန်လည် ရယူလာတက်ပါတယ်။အဲ့ဒီလို ရယူတဲ့အခါမှာလဲ မိမိရဲ့ မေးကို second အီးမေး second question သိရုံနဲ့ မိမိ အီးမေးအကောင့်တွေကို ပြန်လည်အရယူလို့ရပါတယ်။ နောက်ပြီး မိမိရဲ့ မေးရဲ့ second မေးတို့၊ second question တို့ password တို့ကို တဖန် ပြန်လည်၍ ပြောင်လဲစေအုံးတော့ မိမိအီးမေးကို ထက်ပြီး ဟက် ယူနိုင်တယ်ဆိုတာကိုတော့ သိထားသင့်ပါတယ်။ဒါကြောင့် ယနေ့ ကျွန်တော်တို့ အသုံးပြုနေတယ် ဂျီမေး၊ဂျီတော့တွေ ဟာလဲ လုံခြုံမှု မရှိဘူးဆိုတာ ထင်ရှားလာပါတယ်။

Thursday, February 18, 2010

ဘယ်သူတွေ ဗိုလ်စွဲမလဲ (ခန့်မှန်းချက်)


Who will win the AFC Challenge Cup 2010?
DPR Korea
2164 48%
Myanmar
601 13.3%
India
600 13.3%
Bangladesh
376 8.3%
Tajikistan
326 7.2%
Turkmenistan
203 4.5%
Kyrgyzstan
176 3.9%
Sri Lanka
64 1.4%
မြန်မာဘောလုံးအသင်းသည် မြောက်ကိုရီးယား ဘောလုံးအသင်းနောက်တွင် ဒုတိယနေရာဖြင့် ဗိုလ်စွဲရန် အလေးပေးထားကြောင်း AFC ဘောလုံးပွဲ ဆိုက်တွင် ဖော်ပြပါရှိသည်ကို တွေ့ရှိရသည်။

မြန်မာ့ လက်ရွေးစင် အသင်း ဒုတိယမြောက် နိုင်ပွဲရပြီး


သီရိလင်္ကာ နိုင်ငံတွင် ကျင်းပလျှက် ရှိသော AFC Challenge Cup ပြိုင်ပွဲ၊ ဒုတိယမြောက် အုပ်စုပွဲစဉ်တွင် မြန်မာ့ လက်ရွေးစင် အသင်းသည် ဘင်္ဂလားဒေ့ရှ် အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရသွား ခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်သည် မြန်မာအသင်း အတွက် ဒုတိယမြောက် နိုင်ပွဲ ဖြစ်ပြီး ပထမပွဲတွင် အိမ်ရှင် သီရိလင်္ကာ အသင်းကို (၄-၀) ဂိုးဖြင့် အနိုင် ရခဲ့သည်။ ထို့ကြောင့် မြန်မာအသင်းသည် နှစ်ပွဲနိုင် (၆)မှတ်ဖြင့် အုပ်စု အဆင့်မှ တက်ရောက်ကာ ဆီမီး ဖိုင်နယ်သို့ ရောက်ရှိရန် ရာနှုန်းပြည့် နီးပါး သေချာသွားပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာ အသင်းသည် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် တာဂျစ် ကစ္စတန် အသင်းနှင့် အုပ်စု နောက်ဆုံးပွဲ ကစားရမည် ဖြစ်သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ပိုင်စိုးနှင့် ထွန်းထွန်းဝင်းတို့ သွင်းယူပေးခဲ့ကြပါသည်။ ( အသေးစိတ်ကို ဆက်လက်ဖော်ပြပါမည်)
source from http://soccermyanmar.com

Wednesday, February 17, 2010

Windows XP Speeder (windows xp ကိုပိုမြန်စေဖို့)

Windows xp သုံးနေကြသေးလား? xp speeder တဲ့ဗျာ။မြန်လွန်းလို့ကို ခက်နေတယ်။Software ကို install လုပ်ရပါမယ်။ပြီးရင် Software ကိုဖွင့်ပြီး ဘယ်လောက်ထိမြန်ချင်လဲလိုသလိုအတိုးအလျှော့လုပ်နိုင်ပါတယ်။
အတိုးအလျှော့လုပ်ပြီးရင် Software ကိုပိတ်လို့မရပါဘူး။ဖွင့်ထားပြီး စက်ကိုအသုံးပြုပါ။သိသိသာသာမြန်လာ
တာတွေ့ရပါလိမ့်မယ်။



Link 1 - xp speeder
Link 2 - xp speeder
source from http://thablog.com/

စင်ကာပူနိုင်ငံ အိုင်တီ အလုပ်အကိုင်အခွင့်အလမ်း

စင်ကာပူနိုင်ငံသို့သွားရောက်၍ အိုင်တီနယ်ပယ်တွင် ၀င်ရောက်လုပ်ကိုင်လိုသူလူငယ်များအတွက် စင်ကာပူနိုင်ငံ အိုင်တီအလုပ်အကိုင် အခွင့်အလမ်းအကြောင်းကို စင်ကာပူနိုင်ငံ အိုင်တီကုမ္ပဏီတစ်ခုတွင် System Consultant ရာထူးဖြင့် Web Developer (Microsoft .NET and PHP Developer) အဖြစ်လုပ်ကိုင်လျက်ရှိသူ မမီမီမောင်နှင့်တွေ့ဆုံမေမြန်းခဲ့သည်။


အစ်မရရှိခဲ့တဲ့ဘွဲ့နဲ့ အသိမှတ်ပြုလက်မှတ်တွေက ဘာတွေဖြစ်ပါသလဲ။
ကျွန်မရရှိခဲ့တဲ့ဘွဲ့ကတော့ ၂၀၀၁ ခုနှစ်မှာ မန္တလေးတက္ကသိုလ်ကနေ B.Sc. (Hons:) Mathematics ဖြစ်ပါတယ်။ အသိအမှတ်ပြုလက်မှတ်တွေကတော့ ၁၉၉၇ ခုနှစ်မှာ International Diploma in Computer Studies (NCC, UK), 1999 ခုနှစ်မှာ Internatinal Advanced Diploma in Computer Studies (NCC, UK) နဲ့ ၂၀၀၈ ခုနှစ် မှာ Microsoft Certified Technology Specialist (MCTS) For Microsoft .NET တွေပဲဖြစ်ပါတယ်။ စင်ကာပူမှာ အလုပ်ရရှိုဖို့ဘယ် လိုကြိုးစားခဲ့ရပါသလဲ။ အင်တာဗျူး အခု ၂၀ လောက် သွားခဲ့ရပါတယ်။ အဲဒီထဲမှာ 2nd Interview သုံးလေးခါသွားရတာမျိုးလည်းပါတယ်။ ပြီးတော့ Probation တစ်ရက် ဆင်းပေးရတာမျိုးလဲရှိ ပါတယ်။ (ပိုက်ဆံမရပါဘူး)။ တစ်ခါတလေကျ ကျောင်းသားကို စာစစ်သလိုမျိုး Programming Logic နဲ့ Coding တွေကို တစ်နာရီမေးခွန်းဖြေရတာမျိုးတွေမှာ ချွေးပြန်ပြီး Program Add On အသေးလေးတွေ တစ်ထိုင်တည်း ရေးခိုင်းတဲ့အခါမျိုးကျလဲ အရှက်ကွဲပြီ မငိုမိရုံတမယ် စိတ်ဓါတ်ကျပြန်ခဲ့ရတဲ့အခါမျိုးတွေလဲရှိခဲ့ဖူးပါတယ်။ ဇွဲမလျှော့ပဲ ရသမျှ အင်တာဗျူးတိုင်းမှာ အကောင်းဆုံးကြိုးစားပြနိုင်ရင်တော့ ကိုယ့်မှာလိုအပ်ချက်တွေရှိပေမယ့် သူတို့ ဘက်က Training ပေးမယ်ဆိုပြီး လိုလိုလားလားခန့်တဲ့ Company မျိုးတွေလဲကြုံခဲ့ရပါတယ်။ အခုလက်ရှိလုပ်နေတဲ့ အလုပ်ကတော့ စင်ကာပူစရောက်ကတည်းက ပထမဆုံးကိုယ်ရွေးခဲ့တဲ့ Company ဖြစ်ပြီး Junior Web Developer ကနေ Coding တွေရေးရုံသာမက System Consultant အနေနဲ့ တစ်ဆင့်မြင့်ပြီး မြန်မာမှာ ကိုယ့်ရဲ့လုပ်ခဲ့တဲ့ လုပ်ငန်းတွေအကြုံတွေနဲ့ပေါင်းစပ်ပြီး အတွေ့အကြုံသစ်တွေကို Challengingt လုပ်နေဆဲပါပဲ။

စင်ကာပူနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ IT Industry တွေရဲ့ အနေအထားလေးသိပါရစေ။
၂၀၀၉ နှစ်ဦးပိုင်းကနေ စက်တင်ဘာလောက်ထိတော့ အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေ မပေါ်ခဲ့သေးတဲ့အပြင် Business Recession ကြောင့် Company တွေလျှော့လို့ဖြစ်ဖြစ်၊ ပိတ်သိမ်းလိုက်လို့ဖြစ်ဖြစ် တချို့တွေလက်ရှိအလုပ်ကိုတောင်ထွက်ရပြီး ပြန်သွားရတဲ့ သူငယ်ချင်းတွေလည်းရှိပါတယ်။ လာတဲ့သူတွေ အလုပ်လာရှာ၊ ပြန်တဲ့သူတွေပြန်သွားဆိုပေမယ့် ပြန်ရတဲ့အရေအတွက်ကပိုများခဲ့ပေမယ့် အောက်တိုဘာလလောက်ကစပြီးတော့ နှစ်ကုန်ပိုင်းထိကတော့ အိုင်တီနဲ့ အလုပ်လာရှာတဲ့သူငယ်ချင်းတွေ ဘာသာစကားလည်းနားလည်တယ်။ အတွေ့အကြုံလဲအတန်အသင့်ရှိတယ်ဆိုရင် အင်တာဗျူးတွေရပြီး အလုပ်တွေလည်းရကြတဲ့အနေအထားလေးတွေ ရှိနေပါတယ်။
စင်ကာပူနိုင်ငံမှာ Software Engineer တစ်ယောက်အတွက် ဘယ်လိုအနေအထားမျိုးရှိပါသလဲ။
Hardware Engineer/ Networking နဲ့စာရင်တော့ Software Engineer တွေအတွက်က အလုပ်ရဖို့အလားအလာ ပိုကောင်းတဲ့အနေအထားရှိတယ်လို့ထင်ပါတယ်။ So-Called (အမည်ခံ) မဟုတ်ပဲ Professional တွေအနေနဲ့ တကယ်သာသင့်တော်တဲ့အတွေ့အကြုံ အတန်အသင့်နဲ့ လက်တွေ့အသုံးချနိုင်မယ်ဆိုရင် Programmer/Web Developer ပဲဖြစ်ဖြစ် Graphic Designer/Web Designer ဖြစ်ဖြစ် တကယ့်ကျွမ်းကျင်သူပညာရှင်တွေကို တန်ဖိုးထားအလုပ်ခန့်နေမြဲပါ။ Multimedia Programmer နဲ့ Game Programmer တွေဆိုရင် လစာကောင်းကောင်းနဲ့ တကယ်လိုအပ်နေတဲ့ Vacancy တွေရှိနေတာပါ။

စင်ကာပူနိုင်ငံ အပါအ၀င် နိုင်ငံတကာမှာသွားရောက်ပြီး အိုင်တီလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်လိုသူတွေအတွက် ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်ပါသလဲ။
ကျွန်မအမြင်ကတော့ ဘာသာစကားက အဓိကနေရာက လိုအပ်ပါတယ်။ ကိုယ်သွားတဲ့နိုင်ငံရဲ့ အများသုံးဘာသာစကား တစ်မျိုးထက်မက ပြောဆိုဆက်သွယ်နိုင်လေကောင်းလေပါပဲ။ အလုပ်ရဖို့ ကနဦးကြိုးစားရာမှာ သာမကရာထူး တစ်ဆင့်မြင့်သထက်မြင့်ဖို့အတွက်ပါ လိုအပ်ပါတယ်။ စင်ကာပူမှာဆိုရင် အင်္ဂလိပ်လိုပြောဆိုဆက်ဆံတဲ့အပြင် တရုတ်စကားအတန်အသင့် တတ်ထားမယ်ဆိုရင်လဲ Client နဲ့ ဆက်ဆံရတာမျိုးဖြစ်ဖြစ် Coleagues တွေနဲ့ ဆက်ဆံတာမှာဖြစ်ဖြစ် အကူအညီအများကြီးပိုရနိုင်တာ တွေ့ရပါတယ်။ ဒုတိယအချက်ကတော့ ကိုယ့်ရဲ့ Skills ကို လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်တာမျိုးဖြစ်နေဖို့ လေ့ကျင့်သင်ကြားတတ်မြောက်ထားသင့်ပါတယ်။ ဘာသာစကားကျွမ်းကျင်မှုနဲ့ မတတ်တာကို အတတ်လုပ်လို့ပြောလို့ အင်တာဗျူးမှာအဆင်ပြေ၊ အလုပ်ရပြီးမှ တကယ်မတတ်လို့ အခက်အခဲတွေတွေ့ Probation ကာလကို အောင်မြင်စွာမကျော်ဖြတ်နိုင်ပဲ စိတ်ဓာတ်ကျ တပ်ခေါက်ပြီးပြန်သွားရတဲ့ သာဓကတွေလဲရှိနေတာပါ။ နောက်ဆုံးတစ်ချက်ကတော့ အင်တာဗျူးရဖို့ရာနဲ့ အလုပ်ခွင်မှာ လက်မထောင်နိုင်ဖို့က အသိအမှတ်ပြုလက်မှတ်တွေအတွက် စာမေးပွဲတွေကို အမှတ်ကောင်း၊ ရလာဒ်ကောင်းကောင်းတွေနဲ့ မြန်မာပြည်မှာကတည်းက ဖြေဆိုအောင်မြင်အောင် ကြိုတင်ပြင်ဆင်လာခဲ့ဖို့ပါပဲ။

အစ်မအနေနဲ့ အိုင်တီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့ လူငယ်တွေအတွက်ဘာများအကြံ ပြုပြောကြားလိုပါသလဲ။
အထက်က မေးခွန်းထဲက ပြန်ကောက်ပြီးအကြံပြုချင်တာကတော့ မြန်မာနိုင်ငံမှာက စရိတ်အသက်သာဆုံးနဲ့ လက်မှတ်တွေ အမှန်အကန်ရဖို့ အလွယ်ကူဆုံးနဲ့ အမြန်ဆုံးဆိုတာ မလွဲပါဘူး။ ကိုယ်ရွေးချယ်သွားတက်တဲ့ သင်တန်း ကျောင်းတွေက သင်ခန်းစာတွေအနေနဲ့က အလုပ်ခွင်မှာလက်တွေ့အသုံးချနိုင်ဖို့က၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာနှုန်းထက် ပိုမမျှော်လင့်ပဲလုပ်စရာရှိတာတွေ၊ သင်စရာရှိတာတွေ၊ ဖြေစရာရှိတာတွေသာဖြေလာဖို့ အ ကြံပေးလိုပါတယ်။ ကျန်တဲ့ရာနှုန်းတွေကတော့ ကိုယ်တိုင်များများလေ့ကျင့်ထားပြီး မြန်မြန်တတ်ကျွမ်းနားလည်လို့ တကယ့်လုပ်ငန်းခွင်အတွေ့အကြုံနဲ့ပေါင်းစပ်ပြီး အိုင်တီလမ်းကြောင်းပေါ် လျှောက်လှမ်းရင်းအောင်မြင်တဲ့ မြန်မာ့ပညာတတ် IT Professional လူငယ်တွေ ကမ္ဘာနဲ့အ၀ှမ်းရင်ဘောင်တန်းနိုင်အောင် ကြိုးစားဖို့မျှော်လင့်မိတာပါ။

ထပ်မံပြောကြာလိုသည်များရှိပါက ဆက်လက်ပြောကြားပေးစေလိုပါတယ်။
အိုင်တီလမ်းကြောင်းပေါ်လျှောက်လှမ်းလိုတဲ့ လူငယ်တွေ၊ စင်ကာပူမှာပဲဖြစ်ဖြစ် ကိုယ်နဲ့ ပတ်သက်ရာပတ်သက်ကြောင်း နိုင်ငံတွေမှာသွားရောက်ပြီး အိုင်တီလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်လိုသူတွေအနေနဲ့က (၁) အိုင်တီ လမ်းပေါ်က ဘယ်နယ်ပယ်ဘယ် Subject မှာ ၀ါသနာပါ အားသန်သလဲဆိုတော့ မိမိကိုယ်ကို ပထမဆုံးဆန်းစစ်စေလိုပါတယ်။ ထမင်းမစားနိုင်၊ မလည်ပတ်နိုင်တဲ့အထိ တစ်ခုတည်းသော အာရုံအနေနဲ့ ဖမ်းစားနိုင်တဲ့ ဘာသာရပ်ကို ရွေးချယ်လေ့လာစေလိုပါတယ်။ (၂) ကိုယ်ရွေးချယ်လျှောက်လှမ်းထားပြီးသားလမ်းကြောင်းကို ခေတ်အခြေအနေ ဘာဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေ ကြုံကြုံ၊ ဘာအခက်အခဲတွေ့တွေ့ မလျှော့သောဇွဲနဲ့ကျော်ဖြတ်မယ် ဆုံးဖြတ်ချက်ချပြီးမှ နိုင်ငံခြားမှာအလုပ်လာလုပ်ဖို့ ခရီးစဉ်ကို စီစဉ်စေလိုပါတယ်။ (၃) အင်္ဂလိပ်၊ အင်တာနက်နဲ့ အိုင်တီကို အသုံးချပြီး မိမိနှစ်သက်ရာဘာသာရပ်တွေကို တဖက်ကမ်းခတ် လေ့လာသင်ကြားတတ်မြောက်ပြီး မြန်မာ့ဇာတိမာန်ကိုပြမဲ့ မျိုးဆက်သစ်လူငယ်မောင်နှမများကို လက်တွဲကူညီဖို့ အရှေ့အရှေ့က သက်ဆိုင်ရာလမ်းကြောင်းပေါ်မှာ လျှောက်နေဆဲအစ်ကိုတွေ၊ အစ်မတွေအနေနဲ့က အဆင်သင့်ရှိနေကြကြောင်း စကားလက်ဆောင်ပါးလိုက်ပါတယ်။ နောက်ဆုံးပြောချင်တာကတော့ ကျွန်မအခုလိုနိုင်ငံရပ်ခြားမှာ တိုးတက်အောင်မြင်စွာ အိုင်တီလမ်းကြောင်းပေါ်လျှောက်လှမ်းနိုင်ဖို့ နည်းပညာသင်ခန်းစာ များနှင့်အတူ Training သာမက လုပ်ငန်းခွင်ဗဟုသုတများပါမကျန် လမ်းပြညွှန်ကြားသင်ပြပေးခဲ့တဲ့ ဆရာဦးဝင်းထိန်းဝင်းကို လှိုက်လှဲစွာကျေးဇူးတင်ရှိကြောင်းပါ။

ဟုတ်ကဲ့ပါ။ ကျွန်တော်တို့အနေနဲ့လည်း အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။
source from http://www.myanmarinternetjournal.com

မြန်မာနိုင်ငံကာယဗလနှင့် ကာယအလှအဖွဲ့ချုပ်နှင့် MDG ကုမ္ပဏီတို့ ပူးပေါင်းကျင်းပသည့် ၂ဝ၁ဝ မောင်မြန်မာ မယ်မြန်မာပြိုင်ပွဲ ကျင်းပပြီးစီး



မြန်မာနိုင်ငံ ကာယဗလနှင့် ကာယအလှ အဖွဲ့ချုပ်နှင့် MDG ကုမ္ပဏီလီမိတက်တို့ ပူးပေါင်း ကျင်းပသည့် (၂ဝ၁ဝ)ပြည့်နှစ်၊ မောင်မြန်မာ၊ မယ်မြန်မာ ပြိုင်ပွဲကို ဇန်နဝါရီ (၃ဝ)ရက်၊ မွန်းတည့် (၁၂)နာရီက မင်းဓမ္မလမ်း၊ မရမ်းကုန်းမြို့နယ်ရှိ Myanmar Convention Centre ခန်းမဆောင်တွင် ကျင်းပ ပြုလုပ်သည်။ နံနက် (၁၁)နာရီစ၍ တေးဂီတဖြင့် ဖျော်ဖြေခဲ့သည်။ မွန်းတည့် (၁၂)နာရီတွင် မောင်မြန်မာ၊ မယ်မြန်မာပြိုင်ပွဲ အစီအစဉ် စတင်ကာ (၁)မောင်မြန်မာ (အငယ်တန်း)၊ ပဏာမ ရွေးချယ်ခြင်း (၁၄)ဦးမှ (၁ဝ)ဦး ရွေးချယ်ရန်၊ (၂)မယ်မြန်မာ ပထမအဆင့် ယှဉ်ပြိုင်ခြင်း (၈)ဦး၊ (၃) မောင်မြန်မာ (အငယ်တန်း) ဗိုလ်လုပွဲ ကျင်းပခြင်း (၁ဝ)ဦးမှ (၆)ဦး၊ ပ၊ ဒု၊ တရွေးရန်၊ (၄) မယ်မြန်မာ နောက်ဆုံးအဆင့် ယှဉ်ပြိုင်၍ ပ၊ဒု၊တ ရွေးချယ်ရန် (၅) မောင်မြန်မာ (အကြီးတန်း) ဗိုလ်လုပွဲ ကျင်းပခြင်း (၈)ဦးမှ (၆)ဦး ပ၊ ဒု၊ တရွေးရန် စသည့် အစီအစဉ်များဖြင့် ကျင်းပသည်။
မောင်မြန်မာ(အငယ်တန်း)ပထမ မင်းဇော်ရရှိ
(၂ဝ၁ဝ)ခုနှစ်၊ မောင်မြန်မာ (အငယ်တန်း)တွင် (၁)ဝင်းလွင် (၂)အောင်သန်းမြင့်၊ (၃)ဆလိုင်းကျော်မင်း၊ (၄)မင်းဇော်၊ (၅)လှိုင်ဦး၊ (၆) မောင်မျိုး၊ (၇) မောင်မောင်ကြည်၊ (၈) ပြည့်စုံ၊ (၉)မျိုးလင်းအောင်၊ (၁ဝ) နိုင်ဝေလင်း၊ (၁၁) ထွန်းဝင်းနိုင်၊ (၁၂) မျိုးဆန်းလွင်၊ (၁၃)တင်မျိုးအောင်၊ (၁၄)မင်းအောင် ပါဝင်ယှဉ်ပြိုင်ကြရာ နံပါတ်(၄) မင်းဇော် (ပထမ)၊ (၁၁)ထွန်းဝင်းနိုင်(ဒုတိယ)၊ (၇)မောင်မောင်ကြည်(တတိယ)၊ (၁)ဝင်းလွင် (စတုတ္ထ)၊ (၈) ပြည့်စုံ (ပဉ္စမ)တို့က ဆုများရရှိကြရာ ဦးလှမြင့်ဆွေ (မြန်မာနိုင်ငံကာယ ဗလနှင့် ကာယအလှ အဖွဲ့ချုပ် (ဒုဥက္ကဋ္ဌ)က ဆုများချီးမြှင့်သည်။
မောင်မြန်မာ (အကြီးတန်း) အောင်ဆွေနိုင် (ပထမ)
မောင်မြန်မာ(အကြီးတန်း)ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြသူများမှာ (၁) အောင်ခိုင်ဝင်း၊ (၂)ထွန်းမင်း၊ (၃)ကျော်စန်းမောင်၊ (၄) အောင်ဆွေနိုင်၊ (၅)ခိုင်လင်း၊ (၆) အောင်ချမ်းလင်း၊ (၇) သန်းနိုင်၊ (၈)မောင်ရှန်တို့ဖြစ်ကြရာ (၂ဝ၁ဝ)ပြည့်နှစ် မောင်မြန်မာ (အကြီးတန်း) ဆုကို နံပါတ်(၄)အောင်ဆွေနိုင် (ပထမ)၊ နံပါတ်(၁) အောင်ခိုင်ဝင်း (ဒုတိယ)၊ နံပါတ်(၅) ခိုင်လင်း (တတိယ)၊ နံပါတ်(၂) ထွန်းမင်း (စတုတ္ထ)နှင့် နံပါတ် (၃) ကျော်စန်းမောင် (ပဉ္စမ)တို့ ရရှိသည်။ ဆုများကို ဦးအောင်သန်းဝင်း (အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး)က ဆုများချီးမြှင့်သည်။
c မယ်မြန်မာ ဆွေဇင်ဖြိုး (ပထမ)ရရှိ
ဆက်လက်၍ မယ်မြန်မာပြိုင်ပွဲ ကျင်းပရာ ပြိုင်ပွဲဝင်များမှာ (၁)ခင်သက်မွန်ဝင်း၊ (၂)ငုဝါခိုင်၊ (၃) ထက်မိုးမြတ်ဦး၊ (၄)ဟေမာစိုးဝင်း၊ (၅) ဆွေဇင်ဖြိုး၊ (၆) အိမွန်ထွေး၊ (၇) ဝတ်ရည်ဖြိုး၊ (၈) ဝင်းလဲ့ဖွေးတို့ဖြစ်ရာ နံပါတ်(၅)ဆွေဇင်ဖြိုး(ပထမ)၊ နံပါတ်(၇) ဝတ်ရည်ဖြိုး (ဒုတိယ)၊ နံပါတ်(၂) ငုဝါခိုင် (တတိယ)၊ နံပါတ်(၁) ခင်သက်မွန်ဝင်း (စတုတ္ထ)၊ နံပါတ်(၄)ဟေမာစိုးဝင်း (ပဉ္စမ)တို့ရရှိသည့်ဆုများကို ဒေါက်တာဒေါ်ရီရီသန်း (အဖွဲ့ချုပ် နာယက)နှင့် ဒေါ်မြင့်မြင့်ဆွေတို့က ဆုများ ချီးမြှင့်သည်။
ချီးမြှင့်ရရှိသည့် ဆုကြေးများ
မောင်မြန်မာ(အကြီးတန်း) ပထမဆုကျပ်(၇ဝဝဝဝဝ)၊ ဒုတိယဆုကျပ်(၅ဝဝဝဝဝ)၊ တတိယဆုကျပ်(၃ဝဝဝဝဝ)၊ စတုတ္ထဆုကျပ် (၂ဝဝဝဝဝ)ကျပ်၊ ပဉ္စမဆုကျပ် (၁၅ဝဝဝဝ)၊ မောင်မြန်မာ (အငယ်တန်း) ပထမဆုကျပ် (၅ဝဝဝဝဝ)၊ ဒုတိယ ဆုကျပ်(၃ဝဝဝဝဝ)၊ တတိယ ဆုကျပ်(၂ဝဝဝဝဝ)၊ စတုတ္ထ ဆုကျပ်(၁၅ဝဝဝဝ)ဖြစ်ပြီး မယ်မြန်မာ ပထမဆုကျပ် (၁၇ဝဝဝဝဝ)၊ ဒုတိယဆုကျပ် (၁၁ဝဝဝဝဝ)၊ တတိယဆုကျပ် (၇ဝဝဝဝဝ)၊ စတုတ္ထဆုကျပ် (၅ဝဝဝဝဝ)၊ ပဉ္စမဆုကျပ် (၃၉ဝဝဝဝ) ကျပ်ဆုများ ချီးမြှင့်ရရှိကြပါသည်။
source from http://www.snapshot-news.com

ရန်ကုန်တိုင်း အတွင်း မီးလောင်မှု သုံးကြိမ်ဖြစ်ပွား သင်္ဃန်းကျွန်းဈေး မီးလောင်မှု တွင် ဆိုင်ခန်း ၆၅၃ ခန်းနှင့် အိမ်နှစ်လုံး ဆုံးရှုံး



၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၂ရက် နှင့် ၁၃ရက်တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ်၊ ကျောက်တံတား မြို့နယ်နှင့် ရွှေ ပြည်သာ မြို့နယ်တို့တွင် မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့မှူး ရုံးမှ သိရသည်။

သင်္ဃန်းကျွန်း

အဆိုပါ မီးလောင်မှု များမှာ သင်္ဃန်းကျွန်း ဈေး၌ ဖေဖော်ဝါရီ ၁၂ရက်နေ့ ည ၇ နာရီ ၃၇ မိနစ်ခန့် တွင် ဈေးတွင်းရှိ ကုန်ခြောက်ဆိုင် နှစ်ဆိုင်ကြားရှိ လုံခြုံရေး လျှပ်စစ်မီး အပူလွန် ကဲရာမှ စတင် မီးလောင်ကျွမ်း ခဲ့ပြီး ည ၉ နာရီ မိနစ် ၅၀ခန့် တွင် မီးငြိမ်း သွားခဲ့ကြောင်း သိရသည်။

မီးလောင်မှု ကြောင့်ဆိုင်ခန်း ၆၅၃ ခန်း နှင့် အိမ်နှစ်လုံး မီးလောင် ဆုံးရှုံးသွားသည်။ မီးလောင်ရာသို့ ရန်ကုန်တိုင်း အတွင်းရှိ မီး သတ်ယာဉ် ၅၆ စီး၊ အုပ်ချုပ်မှု ယာဉ် ရှစ်စီး၊ သန္ဓေ တပ်ဖွဲ့ဝင်၂၇၆ဦး၊ အရံမီးသတ် တပ်ဖွဲ့ ၀င် ၂၄၉ ဦးတို့က ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ကြ သည်။ အဆိုပါ ဖြစ်စဉ်တွင် ဈေးတာဝန်ခံ ဦးမျိုးသက် ကို သင်္ဃန်းကျွန်းမြို့ နယ်ရဲစခန်းမှ (ပ) ၁၅၀/၂၀၁၀ ပုဒ်မ ၂၈၅ ဖြင့် အရေးယူ ထားကြောင်း သိရသည်။

ကျောက်တံတား

ထို့အတူ ဖေဖော်ဝါရီ ၁၃ရက်အရုဏ် ဦးအချိန်တွင် ကျောက်တံတားမြို့နယ်၊ အထက် ပန်းဆိုးတန်းလမ်း အမှတ် ၂၉၀/ ၁၉၂၊ မြေညီထပ်ရှိ ရွှေလန်း ဘုရားဖူး လုပ်ငန်း တွင် နံနက် ၀၀ နာရီ ၅၅ မိနစ်တွင် အင် ဗာတာ အပူလွန် ကဲရာမှ မီးစတင်လောင်ကျွမ်း ခဲ့ပြီး နံနက် ၁နာရီ ၂၅မိနစ် တွင် မီးငြိမ်း သွား ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုတွင် လူလေး ဦး မီး ဟပ် လောင်ဒဏ်ရာ ရရှိခဲ့သည်။ မီးလောင်မှုနှင့် စပ်လျဉ်း၍ ပိုင်ရှင် ဦးသန်းရွှေကို ကျောက်တံ တားမြို့နယ် ရဲစခန်းက (ပ) ၅၉/၂၀၁၀ ပုဒ်မ၂၈၅ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

ရွှေပြည်သာ

ဖေဖော်ဝါရီ ၁၃ ရက် ရွှေပြည်သာမြို့ နယ်၊ ထ/၁၆ ရပ်ကွက်၊ အောင်တေဇလမ်း၊ အမှတ် ၁၅၂၁/ကတွင် မီးအားမြှင့်စက် အပူ လွန် ကဲရာမှ နံနက် ၂ နာရီ ၁၅ မိနစ်တွင် မီးစတင် လောင်ကျွမ်း ခဲ့ပြီး နံနက်၂ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွာပြီး နေအိမ် သုံးလုံး မီးလောင်ကျွမ်း သွားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကို ရွှေပြည်သာမြို့ နယ်ရဲ စခန်းက အိမ်ရှင်ဖြစ်သူကို (ပ) ၇၀/၂၀၁၀ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

ဇန်န၀ါရီ ၈၉ ကြိမ်

ပြီးခဲ့သော ဇန်န၀ါရီလအတွင်း နိုင်ငံ တစ်ဝှမ်း မီးလောင်မှု ၈၉ ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ်ခြေ အဆောက်အအုံ ၁၃၀ လုံး ဆုံးရှုံး ခဲ့ရာ ရန်ကုန်တိုင်း က အကြိမ် အများ ဆုံးနှင့် ဧရာဝတီ တိုင်းတွင် ဒုတိယ အများဆုံး မန္တလေး တိုင်း ၌ တတိယ အများဆုံး ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီး ဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။

source from http://www.themyanmarpost.com

မြန်မာအသင်း ဆီမီးဖိုင်နယ် တက်ရေး အတွက် အရေးပါသည့် ဘင်္ဂလားဒေ့ရှ် အသင်း၏ အနေအထားနှင့် ဖြစ်နိုင်ဖွယ် ရလဒ်ကို သုံးသပ် ခန့်မှန်းခြင်း

AFC Challenge Cup ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာ့ လက်ရွေးစင် အသင်းဟာ ပွဲဦးထွက်မှာ အိမ်ရှင် သီရိလင်္ကာ အသင်းကို (၄)ဂိုးပြတ် အနိုင်ရခဲ့လို့ နောက်တစ်ဆင့် တက်ဖို့ အတွက် အခွင့်အလမ်း ကောင်းသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနေ့ မှာပဲ ကစားသွား ခဲ့တဲ့ အခြား အုပ်စုတွင်း ပွဲစဉ်မှာ ဘင်္ဂလားဒေ့ရှ်က တာဂျစ်ကစ္စတန်ကို (၂-၁)ဂိုးနဲ့ အနိုင်ရသွား ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာတို့ အတွက် အုပ်စုတွင်း အဓိက ပြိုင်ဘက် ဖြစ်လာပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဟာ လာမယ့် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် ဒီပွဲကို မြန်မာတို့ အတွက် အုပ်စုတက်ရေး အရေးပါတဲ့ ပွဲစဉ် အဖြစ် ကစားရမှာ ဖြစ်ပါတယ်။

Team Profile
အသင်း - ဘင်္ဂလားဒေ့ရှ်
ကမ္ဘာ့အဆင့် - ၁၅၀
နည်းပြချုပ် - ဆိုင်ဖူးဘာရီတီတူး
အမြင့်ဆုံး အောင်မြင်မှု - ကွာတားဖိုင်နယ် (၂၀၀၆)
ထူးခြားချက် - ပြိုင်ပွဲစရန် ၃ ရက်အလိုတွင် နည်းပြ ပြောင်းလဲထား
ကစားရမည့်နေ့ - ၁၈-၂-၂၀၁၀
ကစားမည့်ကွင်း - ဆူဂါတာဒါဆာ

သမိုင်းကြောင်း
၁၉၇၁ ခုနှစ်မှာမှ လွတ်လပ်ရေး ရခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ နောက်တစ်နှစ် အကြာမှာပဲ ဘောလုံး အဖွဲချုပ်ကို ဖွဲ့စည်း နိုင်ခဲ့ပြီး ၁၉၇၄ မှာ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အဖွဲ့ဝင် နိုင်ငံ ဖြစ်လာပါတယ်။ ဘင်္ဂလားဒေ့ရှ် အသင်းဟာ ကမ္ဘာ့ အဆင့် ပြိုင်ပွဲတွေ မှာတော့ အောင်မြင်မှု မရခဲ့သေး ပါဘူး။ သူတို့ နိုင်ငံရဲ့ ခရစ်ကတ် အသင်းဟာ အောင်မြင်တဲ့ အသင်း တစ်သင်း ဖြစ်ပေမယ့် ဘောလုံး အားကစားဟာ နိုင်ငံတွင်းမှာ လူကြိုက် အများဆုံး အားကစားနည်း အဖြစ် ရပ်တည် နေပါတယ်။ ၁၉၈၀ ခုနှစ် တစ်ဝိုက်ဟာ ဘင်္ဂလားဒေ့ရှ် လက်ရွေးစင် အသင်းရဲ့ အအောင်မြင်ဆုံး အချိန်တွေ ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘင်္ဂလားဒေ့ရှ် အသင်းဟာ တောင်အာရှ ဒေသမှာ အိန္ဒိယ အသင်းပြီးရင် အာရှဖလားကို ၀င်ခွင့် ရတဲ့ ဒုတိယမြောက် အသင်း ဖြစ်ခဲ့လို့ ပါပဲ။ သူတို့ အသင်းဟာ အဲဒီအချိန်က ကူဝိတ်မှာ ကျင်းပခဲ့တဲ့ အာရှဖလား ပြိုင်ပွဲ ပါဝင် ယှဉ်ပြိုင် ခဲ့ရပါတယ်။ သူတို့ရဲ့ တောင်အာရှ ဇုန်မှာ ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယ ပြီးရင် အအောင်မြင်ဆုံး အသင်းလို့ ပြောရင်လည်း ရပါတယ်။ တောင်အာရှ ဖလား (SAFF Cup)မှာ ဗိုလ်လုပွဲ ၃ ကြိမ် တိုင်တိုင် ရောက်ခဲ့ဖူးပြီး ၂၀၀၃ ခုနှစ်က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခွင့် ရခဲ့တဲ့ ပြိုင်ပွဲမှာတော့ ဗိုလ်စွဲခဲ့ ပါတယ်။ ကျန်တဲ့ ဗိုလ်လုပွဲ နှစ်ကြိမ် စလုံးမှာ အိန္ဒိယ ကိုပဲ ဆက်တိုက် ရှုံးနိမ့်ပြီး ဒုတိယ ရခဲ့တာပါ။ ဒါ့အပြင် ၁၉၉၉ နဲ့ ၂၀၁၀ တောင်အာရှ အားကစား ပွဲတော် တွေမှာလည်း ဘင်္ဂလားဒေ့ရှ် အသင်း ရွှေတံဆိပ်တွေ အသီးသီး ရရှိထားတယ်။ သူတို့ဟာ ၂၀၀၆ AFC Challenge Cup ပြိုင်ပွဲမှာ တုန်းက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ရပြီး ကွာတားဖိုင်နယ် ရောက်ရှိခဲ့ပေမယ့် ၂၀၀၈ ခုနှစ် မှာတော့ ခြေစစ်ပွဲ အောင်မြင် ခဲ့ခြင်း မရှိပါဘူး။


လက်ရှိ အနေအထား
ဘင်္ဂလာဒေ့ရှ်ဟာ အခုပြိုင်ပွဲကို ပွဲအတွေ့ အကြုံရော လေ့ကျင့်မှု ပိုင်းပါ အကောင်းဆုံး ပုံစံနဲ့ ရောက်လာတာပါ။ ပြီးခဲ့တဲ့ ၂၀၀၉ ဒီဇင်ဘာ တုန်းက SAFF Cup ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခဲ့ပြီး ဆီမီးဖိုင်နယ် ရောက်မှ ချန်ပီယံ ဖြစ်သွားတဲ့ အိန္ဒိယကို ဂိုးနည်းနည်းနဲ့ ကပ်ရှုံးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပွဲမှာတုန်းက သူတို့ အသင်းဟာ အုပ်စုတွင်းမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး အိန္ဒိယနဲ့ ပွဲမှာ အဆုံးသတ် ညံ့ခဲ့လို့သာ ရှုံးခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၀ ဇန်န၀ါရီ လမှာတော့ အိန္ဒိယလိဂ် (အိုင်လိဂ်)က ကာချေးလ် အသင်းရဲ့ နည်းပြ ဇိုရန် ဂျော်ဂျီဗစ် လက်ရွေးစင် အသင်းကို စတင် ကိုင်တွယ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် တောင်အာရှ အားကစား ပွဲတော် အတွက် ပြင်ဆင် ခဲ့ပါတယ်။ ဆားဘီယား နည်းပြကြီး ဇိုရန်ဟာ အဲဒီ အားကစား ပွဲတော်မှာ ဘင်္ဂလားဒေ့ရှ် ယူ-၂၃ အသင်းကို ချန်ပီယံ ရွှေတံဆိပ် ရအောင် စွမ်းဆောင် ပေးခဲ့ရုံ သာမက ရှုံးပွဲနဲ့ ပေးဂိုး လုံးဝမရှိအောင် အံ့ဖွယ် ကစားနိုင်စေ ခဲ့ပါတယ်။ အဲဒီ အသင်းက ကစားသမား အများစုကို အခြေခံပြီး AFC Challenge Cup ၀င်မယ့် အသင်းကို တည်ဆောက် ခဲ့ပါတယ်။ ဒါပေမယ့် လက်ရွေးစင် ကစားသမားတွေ စခန်းသွင်း လေ့ကျင့်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဇိုရန်နဲ့ ဘင်္ဂလားဒေ့ရှ် ဘောလုံး အဖွဲ့ချုပ် တို့ဟာ အငြင်းပွား ခဲ့ကြပါတယ်။ နောက်ဆုံးမှာ သဘောတူညီမှု မရခဲ့လို့ ဇိုရန်ဟာ လက်ရွေးစင် အသင်းကို ဆက်လက် ကိုင်တွယ်ခြင်း မပြုတော့ဘဲ နှုတ်ထွက် သွားခဲ့ပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ် အသင်းဟာ AFC “A” လိုင်စင်ရ ပြည်တွင်း နည်းပြ နှစ်ဦးထဲက ဘာရီ တီတူးကို ရွေးချယ်ပြီး လက်ရွေးစင် အသင်းကို ကိုင်တွယ်စေဖို့ တာဝန်ပေး ထားပါတယ်။

အဓိက ကစားသမား
ကွင်းလယ် ကစားသမား အဒူလ် ဘက်တန်ကိုမိုဟာ ပြိုင်ဘက် အသင်းအတွက် အန္တရယ်ရှိတဲ့ ကစားသမား ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် လက်ရွေးစင် အသင်းမှာ တိုက်စစ်မှူး အီနာမယ်ဟက်က နာမည်ကြီး တိုက်စစ်မှူး တစ်ဦး ဖြစ်ပေမယ့် မထက်မှတ်ဘဲ ကွင်းလယ် ကနေ ဂိုးတက်တက် သွင်းတတ်တဲ့ ကိုမိုကို မေ့ထားလို့ မရပါဘူး။ ဂိုးဖန်တီး နိုင်မှုလည်း အားကောင်းတဲ့ ကိုမိုဟာ ပြီးခဲ့တဲ့ တောင်အာရှ အားကစား ပွဲတော် ဘောလုံး ဗိုလ်လုပွဲမှာ အာဖဂန် နစ္စတန် အသင်းကို အနိုင်ဂိုး သွင်းပြီး ရွှေတံဆိပ် ရယူပေး နိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ် ရလဒ်
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် တို့ဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် တုန်းက AFC Challenge Cup ပြိုင်ပွဲ ခြေစစ်ပွဲမှာ တွေ့ဆုံ ခဲ့ပါတယ်။ အဲဒီတုန်းက မြန်မာ အသင်းဟာ ဘင်္ဂလားဒေ့ရှ် အသင်းကို သူ့မြေ။ သူ့ပရိသတ် ရှေ့မှာ ကွင်းလယ်လူ ပိုင်စိုးရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့ ပါတယ်။ ဒီပြိုင်ပွဲမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ဟာ ပြည်တွင်း နည်းပြသစ်တွေ ကိုယ်စီနဲ့ ၀င်ရောက် ယှဉ်ပြိုင် ကြတဲ့ ဘ၀တူ အသင်းတွေ ဖြစ်ပါတယ်။ အဖွင့်ပွဲစဉ် မှာလည်း နှစ်သင်းစလုံးက ခြေစွမ်းပြပြီး အနိုင် ၃ မှတ်စီ ရယူ ထားကြလို့ စိတ်ဓာတ်ပိုင်း တက်ကြွနေ ကြတယ်။ တကယ်တမ်း သူတင် ကိုယ်တင် ကစားကြမယ် ဆိုရင် အကြိတ်အနယ် ရှိနိုင်ပြီး သရေ (သို့မဟုတ်) မြန်မာ အသင်း ကပ်ပြီး အနိုင်ရသွား နိုင်ပါတယ်။
source from http://soccermyanmar.com

နောက်ဆုံးသတင်းများ ဥဿာ ယူနိုက်တက် အသင်းနှင့် ဇေယျာရွှေမြေ အသင်းတို့ ခြေစမ်းပွဲ သရေဖြင့် ပြီးဆုံး မြန်မာနှင့် ပွဲတွင် တိုက်စစ် ကစားပုံကို ပြုပြင်မည်ဟု

ဖေဖော်ဝါရီ ၁၆ ရက်နေ့က သီရိလင်္ကာ နိုင်ငံတွင် ကစားခဲ့သော AFC Challenge Cup ပြိုင်ပွဲ ပထမနေ့တွင် မြန်မာ အသင်း သည် အိမ်ရှင် သီရိလင်္ကာ အသင်းအား (၄-၀)ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်တွင် အိမ်ရှင် သီရိလင်္ကာသည် ပွဲချိန် ၁၇ မိနစ်၌ နောက်ခံလူ သူဝန် ရာဟိမ်း အနီကဒ်ပြ ထုတ်ပယ် ခံခဲ့ရ သဖြင့် မြန်မာ အသင်းကို မိနစ် ၇၀ ကျော် လူတစ်ယောက် လျော့ဖြင့် ရင်ဆိုင် ခဲ့ရသည်။ မြန်မာ အသင်းသည် ပွဲချိန် ၃၄ မိနစ် တွင်ပင် ဂိုးရရှိရန် အခွင့်အရေး စတင် ရခဲ့ခြင်း ဖြစ်ပြီး ထွန်းထွန်းဝင်း ဖြတ်တင်သည့် ဘောလုံးကို ရန်ပိုင် ခေါင်းတိုက် ခဲ့ရာ ဂိုးဘားတန်း ကျော်သွား ခဲ့သည်။ သို့ရာတွင် နောက်ထပ် ၅ မိနစ် အကြာ၌ မြန်မာ တိုက်စစ်မှူး ကျော်သီဟက အဝေးကန်ချက်ဖြင့် သီရိ လင်္ကာ ဂိုးသမား ဗီရာဂ်ျ အဆန်ကာကို ကျော်ဖြတ်ကာ ဦးဆောင်ဂိုး ရယူခဲ့သည်။ ကျော်သီဟ သည် ပထမပိုင်း ပြီးခါနီး နာကျင် အချိန်ပိုတွင် ရန်ပိုင် ဖြတ်တင်ပေး ရာမှတဆင့် မြေမကျဘော ကန်သွင်းကာ ဒုတိယဂိုး ရယူရန် ကြိုးပမ်းခဲ့ သေးသော်လည်း လွဲချော်ခဲ့သည်။

ဒုတိယပိုင်း ၅၃ မိနစ်တွင် ကျော်သီဟကပင် မျိုးမင်းထွန်း ချပေးသည့် ဘောလုံးကို ၆ ကိုက်စည်း အပြင်ဘက်မှ နေ၍ မနားတမ်း ကန်သွင်းယူရန် ကြိုးပမ်းခဲ့ပြီး လွဲချော် ခဲ့ပြန်သည်။ ပွဲချိန် ၇၁ မိနစ်တွင်မူ ညာတောင်ပံမှ ခင်မောင်ထွန်း ဖြတ်တင် ပေးသည့် ဘောလုံးကို ရန်ပိုင်က အပိုင်ပိတ်သွင်း နိုင်ခဲ့သဖြင့် မြန်မာတို့ ဒုတိယဂိုး ရခဲ့သည်။ နောက်ထပ် တစ်မိနစ် အကြာ၌ ရန်ပိုင်ပင် အဆိုပါ အခွင့်အရေးမျိုး နောက်တစ်ကြိမ် ထပ်ရခဲ့ပြီး ၎င်းကိုတော့ လွဲချော်ခဲ့သည်။ ပွဲချိန် ၈၁ မိနစ်တွင် ထွန်းထွန်းဝင်း အမြောက် ကန်တင်ပေးသည့် ဘောလုံးကို လူစားဝင် လာသည့် ပိုင်စိုးက မြေမကျ ကန်ချက်ဖြင့် တတိယဂိုး သွင်းယူ ပေးခဲ့ပြန်သည်။ နောက်ဆုံး အပိတ်ဂိုးကို အသင်း ခေါင်းဆောင် မျိုးမင်းထွန်းက ပွဲချိန် ၈၇ မိနစ်တွင် သီရိလင်္ကာ ဂိုးပေါက်နှင့် ကိုက် ၃၀ အကွာ၌ ရရှိသော ပြစ်ဒဏ်ဘောမှ တဆင့် လှလှပပ ဝေ့၀ိုက် ကန်သွင်းကာ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းပွဲ အနိုင်ကြောင့် မြန်မာ အသင်းသည် ဂိုးကွာခြားချက် အသာဖြင့် အုပ်စု(က)ကို ဦးဆောင်လျှက် ရှိနေကြောင်း သိရသည်။ မြန်မာ အသင်းသည် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် အုပ်စု ဒုတိယ နေရာမှ ဘင်္ဂလားဒေ့ရှ် အသင်းနှင့် ရင်ဆိုင် ရမည် ဖြစ်သည်။

မြန်မာ့ လက်ရွေးစင် အသင်း၏ ပွဲထွက် လူစာရင်း
၃။ ၀င်းမင်းထွဋ်
၅။ ခင်မောင်လွင် (ရွှေလှိုင်ဝင်း ၈၂’ )
၇။ ဇော်ထက်အောင်
၈။ ခင်မောင်ထွန်း
၁၀။ ထွန်းထွန်းဝင်း
၁၂။ အောင်ကျော်မိုး
၁၄။ မျိုးမင်းထွန်း
၁၈။ သီဟစည်သူ (ဂိုး)
၂၁။ ရန်ပိုင် (ပြည့်ဖြိုးဦး ၇၄’ )
၂၅။ ဇော်လင်းထွန်း
၃၀။ ကျော်သီဟ (ပိုင်စိုး ၆၄’ )

အရန် ကစားသမားများ

၂။ ဟန်ဝင်းအောင်
၁၁။ ပြည့်ဖြိုးဦး
၁၅။ အေးဆန်း
၁၇။ ရွှေလှိုင်ဝင်း
၁၉။ အောင်အောင်ဦး
၂၀။ ပိုင်စိုး
၂၄။ ရန်အောင်ကျော်
၃၄။ ဋ္ဌေးအောင်
၃၆။ စိုးမင်းဦး
၃၇။ ရန်အောင်ဝင်း

Saturday, February 13, 2010

မီးလောင်မှု ဖြစ်ပွား

မနေညက သင်္ဃန်းကျွန်းဈေးမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မီးဟာ ည ၇နာရီ ၃၅မိနစ်ကနေ စပြီးလောင်တာပါ။အဲ့ဒါကို မီးသတ်ကား ၄၉စီးနဲ့ ငြိမ်းသတ်ခဲ့တာကြောင့် မီးဟာ ၉နာရီခွဲလောက်မှာ မီးညွန့် ကျိုးသွားခဲ့ပါတယ်။ သက်ဆိုင်ရာက မီး ဘယ်ကနေ စပြီးလောင်တာလဲ၊ဆုံးရှုံးမှုတွေ ဘယ်လောက်ဖြစ်သွားလဲ ဆိုတာကို စိစစ်နေဆဲပါ။

Friday, February 12, 2010

မောင်မြန်မာ၊ မယ်မြန်မာ ပြိုင်ပွဲ

“ကမ္ဘာ့ ကာယ ဗလ မောင်ပြိုင်ပွဲ များတွင် အောင်ပန်း ဆွတ်ခူးမည့် ကျွန်ုပ်တို့ မြန်မာများ” (We are the Burmese to Conquer World) ဟူ၍ ၁၉၁၁ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက် တွင် ကာယဗလ ဖခင်ကြီး ဆရာရှိန်း ၏ နေ့စဉ် မှတ်တမ်းမှ စတင် အသက်ဝင် ရှင်သန်ကြီးထွား လာခဲ့သည့် အားကစား မဏ္ဍိုင်ကြီး သည် ယခု နှစ် ကျင်းပ ပြီးစီး ခဲ့သည့် မြန်မာနိုင်ငံ ကာယဗလ နှင့် ကာယအလှအဖွဲ့ချုပ်နှင့် MDG Co., Ltd တို့ ပူးပေါင်းပြီး ၂၀၁၀ ပြည့်နှစ်၊ ဇန်န ၀ါရီ ၃၀ ရက်တွင် ရန်ကုန်မြို့၊ မင်းဓမ္မလမ်း ရှိ MMC ခန်းမ၌ ကျင်းပ ချိန်အထိ နှစ်ပေါင်း ၇၅ နှစ်စိန် ရတု ကာလ သို့ ရောက်ရှိ ခဲ့ပြီးဖြစ်သည်။

လေးစားယုံကြည်

မြန်မာ အမျိုး သား ကာယ ဗလ ဖခင်ကြီး ဆရာရှိန်း ဟာမြန်မာ များ ကျန်းမာကြံ့ခိုင်ပြည့် မဏ္ဍိုင်ဖြစ်ရေးနှင့် ကမ္ဘာ့ ကာယ ဗလ ပြိုင်ပွဲ များတွင် အမျိုး သားရေး စိတ်ဓာတ် ဖြင့် အားကစား လှုပ်ရှား မှုများ အား တက်ကြွ စွာပါဝင် လာရေး၊ နိုင်ငံ့ ဂုဏ်ဆောင် အားကစား လူငယ်များဖြစ်တည် လာရေး တို့ကို ရည်ရွယ်၍ “ကမ္ဘာ့ ကာယ ဗလ မောင်ပြိုင်ပွဲ များတွင် အောင်ပန်း ဆွတ်ခူးမည့် ကျွန်ုပ်တို့ မြန်မာ များ”ဟူ၍ ရေးသား မှတ်တမ်း ပြု ခဲ့မှုသည် ယနေ့ အားကစား လူငယ် မောင်မယ်များ လေးစား ယုံကြည် ရမည့် အချက်ပင် ဖြစ်ပေ သည်။

ကာယ ဗလဇော်ဝိတ်

“အောင်ပန်း ဆွတ်ခူးမည့် ကျွန်ုပ်တို့ မြန်မာ များ” ဟူ၍ နေ့စဉ် မှတ်တမ်း ရေးသားချိန်တွင် ဆရာရှိန်း အသက် ၁၅နှစ် သာရှိ သော်လည်း အားကစား စိတ်ဓာတ် အပြည့်အ၀ ရှိသူတစ်ဦး လည်းဖြစ်သည်။ သူ နေထိုင် သော အိမ်ဘေး၌ အငယ်စား အားကစားရုံ တစ်ရုံဖြစ်အောင် ကြိုး ပမ်း ခဲ့ သည်။ ဆရာရှိန်း သည် မလျှော့သော ဇွဲလုံ့ လ တို့ဖြင့် မနားမနေ ဆောင်ရွက်ခဲ့မှုကြောင့် နှစ် ၂၀ကြာသည့် ၁၉၃၅ ခုနှစ်တွင် အိန္ဒိယ နိုင်ငံ နယူးဒေလီ မြို့၌ ကျင်းပသော အာရှ အလေးမ နှင့် ကာယဗလ မောင်ပြိုင်ပွဲ သို့ဝင် ရောက် ယှဉ်ပြိုင် နိုင် ရန် ဆရာရှိန်း နည်းပေး လမ်းပြ လေ့ကျင့်ပေးခဲ့ သည့် ကာယဗလ ဇော်ဝိတ်အား စေလွှတ် ခဲ့ရာ အလတ်တန်း အလေးမမောင် ပထမနှင့် အကြီး တန်း အလေးမ မောင်ပါ ဆက်ပြိုင်ခွင့် ရခဲ့သည့် အတွက် အကြီးတန်း အလေးမ ပထမဆု ကိုလည်း ဆွတ်ခူး ခဲ့သည့် အပြင် ဗြိတိသျှ အင်ပါယာ စံချိန် ကိုလည်း တင်ထား ခဲ့ကြောင်း ဆရာရှိန်း၏ မှတ် တမ်းများ အရသိရသည်။

ထွန်းအောင်နှင့် ဘကွန်း

ကာယဗလ ဇော်ဝိတ်သည် ၁၉၃၆ခုနှစ် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ ကျင်းပသော ကမ္ဘာ့ အိုလံပစ် ပြိုင်ပွဲသို့ သွားရောက်နိုင်ရန် အရှေ့ တောင် အာရှ ကိုယ်စားပြု အားကစား သမားတစ် ဦးအဖြစ်လည်း ရွေးချယ် စေလွှတ်ခြင်း အခွင့် အလမ်း ရခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ထို့ပြင် ဆရာရှိန်း တပည့်များ ဖြစ်သော ထွန်းအောင် သည် ၁၉၅၅ခုနှစ် မောင်ကမ္ဘာ ပြိုင်ပွဲ၌ ဒုတိယ နှင့် ၁၉၅၆ ခုနှစ် မောင်ကမ္ဘာ ပြိုင်ပွဲတွင် မောင် ဗမာ ဘကွန်း အဆင့် ၄ရရှိပြီး ၁၉၅၇ ခုနှစ်တွင် ဆက်လက် ကျင်းပသည့် မောင်ကမ္ဘာ ပြိုင်ပွဲသို့ ဆက်လက် ယှဉ်ပြိုင်ခဲ့ရာ မောင်ဗမာ ဘကွန်းသည် အဆင့်၃ သို့ တိုးမြှင့် ရရှိခဲ့ကြောင်း ကာယဗလ မှတ်တမ်း များအရ သိရသည်။

မောင်ဗမာ စိန်မောင်

ကာယဗလ ဆရာရှိန်း နှင့် ကာယဗလ ဇော်ဝိတ် တို့ ဆရာနှင့် တပည့် ညီညွတ်ပူး ပေါင်းမှု များသည် မြန်မာ တစ် မျိုးသားလုံး ဗြိတိသျှ အင်ပါ ယာ၏ အချုပ်အခြာ အောက်တွင် ရှိနေ သည့် အချိန်၌ပင် မြန်မာ့ ကာယ ဗလ နှင့် အ လေးမ ပြိုင်ပွဲ များမှာ အရှေ့တောင် အာရှပြိုင်ပွဲ များ၊ အာရှပြိုင်ပွဲများ ကမ္ဘာ့ ကာယဗလမောင် ပြိုင်ပွဲ များနှင့် စကြ၀ဠာ မောင်ပြိုင်ပွဲများအထိ တက်လှမ်း အောင်မြင်မှု များ ရရှိခဲ့ရာ မြန်မာ့ ဂုဏ် ဆောင် ကာယဗလ မောင်များ ထပ်မံ ပေါ်ထွန်း လာခဲ့ရာ ထွန်းမောင်၊ မောင်ဗမာ ဘကွန်း၊ မောင် ဗမာ စိန်မောင် တို့က အားကစား စိတ်အရင်း ခံ၍ လက်ဆင့်ကမ်း သယ်ဆောင် နိုင်ခဲ့သည်။ လွတ် လပ်ရေး မတိုင်မီ ၁၉၄၆ ခုနှစ်တွင် မောင်တက္က သိုလ် မယ်တက္ကသိုလ် လူငယ်များ လည်း တက် တက်ကြွကြွ ပါဝင် လာသည်ကို မှတ်တမ်းများ အရ သိရသည်။

တက္ကသိုလ်ပြိုင်ပွဲများ

မောင်တက္ကသိုလ်၊ မယ်တက္က သိုလ် ရွေးချယ်ပွဲ များကို ၁၉၄၆ ခုနှစ် နှင့် ၁၉၄၇ ခုနှစ် စစ်ကြို ကာလ များ၌ ကျင်းပ ပေးခဲ့ သည့် မောင်တက္က သိုလ်၊ မယ်တက္ကသိုလ် တက္ကသိုလ် ပြိုင်ပွဲများမှ ရွေးချယ် ခံရသော မောင် တက္ကသိုလ်၊ မယ် တက္ကသိုလ်များ သည်မောင်ဗမာ၊ မယ်ဗမာပြိုင်ပွဲ အဆင့်ဆင့် အ ထိ သရဖူဆောင်း နိုင်ခဲ့ကြောင်း၊ မောင်တက္ကသိုလ်၊ မယ်တက္ကသိုလ် တက္ကသိုလ် ပြိုင်ပွဲများ အဆင့်သည် မောင်ဒဂုံ၊ မယ်ဒဂုံနှင့် မောင်ဗမာ အကြီးတန်း၊ မောင်ဗမာ အငယ်တန်း ပြီးလျှင် တတိယ အဆင့် တွင်ရှိသော ပြိုင်ပွဲ တစ်ခု ဖြစ်ကြောင်း သိရသည်။

မယ်ပြိုင်ပွဲများ

မောင်ဗမာ ပြိုင်ပွဲများ နှင့်အတူ စစ်ကြိုကာ လတွင် မယ်ပြိုင်ပွဲ များ ကိုပါ ပူးတွဲ ကျင်းပနိုင်ခဲ့ သည့် အတွက် မယ်ဗမာ မစိန်အေး၊ နော်လီဇာ၊ ကသာမယ် မခင်မှီ၊ ရှမ်းပြည်နယ်မှ မယ်နန်းမြင့် မေ၊ ဖျာပုံမယ် တင်တင်အေး၊ ပြည်ထောင်စုမယ် ခင်သန်းနု၊ သိမ်ဖြူမယ် ခင်အေးဟန် စသည်တို့ ပေါ်ပေါက် လာခဲ့သည့် မှတ်တမ်းများ အရသိရသည်။

မယ်စကြ၀ဠာ

မြန်မာ့ ဂုဏ်ဆောင် ကာယဗလ မောင်များ အရှေ့တောင် အာရှမှ အာရှနှင့် ကမ္ဘာ့ ပြိုင်ပွဲများ ကို တက်လှမ်း ယှဉ်ပြိုင်ခြင်း တို့တွင် အောင်မြင် သော ဆုတံဆိပ်များ ရရှိခဲ့ သကဲ့သို့ ၁၉၆၁ ခုနှစ် တွင် အမေရိကန်နိုင်ငံ၌ ကျင်းပသည့် မယ်စကြ ၀ဠာ ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုမယ် ခင် မြင့်မြင့် ၂၀၀၉ခုနှစ် စက်တင်ဘာ၌ ကွယ်လွန် သွားခဲ့သည့် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယ ဗလအလှ အဖွဲ့ချုပ်အမှုဆောင်၊ အေအေ ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်မြင့်မြင့် သည် အမေရိကန် မယ်စကြ၀ဠာ ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် အားကစား သမိုင်း မှတ်တိုင်များကို လေးစားဂုဏ် ယူသင့်သည်။

ခြိမ့်ခြိမ့်သဲသဲ

ထိုအချိန် ကျင်းပခဲ့သည့် မောင်ဗမာပြိုင်ပွဲ နှင့် မယ်ဗမာပြိုင်ပွဲများကို အားပေး သူများပြား မှုကြောင့် ပြည်နယ်နှင့် တိုင်း အနှံ့သာမက မြို့ များတွင် ခြိမ့်ခြိမ့် သဲသဲ စည်ကား ခဲ့ကြောင်း သတင်း မှတ်တမ်း များအရ သိရသည်။ ရန်ကုန်ဆို လျှင် ဂျူဗလီ ခန်းမ၊ မြို့တော်ခန်းမ၊ YMCA၊ YMBA၊ အောင်ဆန်းကွင်း၊ တက္ကသိုလ် စသည့် နေရာများ၌ ကျင်းပ ပေးခဲ့သည်။

အဝေးကြည့်မှန်ပြောင်း

ကျင်းပသည့် ပွဲတိုင်း ရုံဝင်လက်မှတ် မကျန် အောင် အားပေး ကြည့်ရှုသူ များပြား သဖြင့် ရုံဝင်ခ ပေးပြီး မတ်တတ်ရပ်ကာ အဝေးကြည့်မှန် ပြောင်းဖြင့် အားပေး ကြည့်ရှု သူများကို ထိန်းသိမ်း ရန်ပင် ခက်ခဲ ခဲ့ကြောင်း အဖွဲ့ချုပ် အမှုဆောင်ကြီး များ၏ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် စကား များကို ယနေ့တိုင် ကြားမိသည်။

ဒေါ်ခင်သန်းနု

မယ်ဗမာ ပြိုင်ပွဲသည် ၁၉၆၂ခုနှစ် ပြည် ထောင်စုမယ်၊ ရုပ်ရှင် သရုပ်ဆောင် ဒေါ်ခင်သန်းနု နောက်ပိုင်း မှစပြီး ကွယ်ပျောက် ခဲ့သည့် အတွက် ကာယဗလ နှင့် ကာယအလှ အားကစား လောက သည်လည်း တဖြည်းဖြည်း မှေးမှိန်လာပြီး အားက စား အဆင့်အတန်း လည်း နိမ့်ကျ ခဲ့သည်။

ပြန်လည်ဦးမော့

၁၉၉၁ ခုနှစ်တွင် မြန်မာ့ အားကစား လူငယ် လူရွယ် များကို ပြန်လည် စုစည်းကာ မြန်မာ နိုင်ငံ ကာယ ဗလနှင့် ကာယ အလှ အဖွဲ့ချုပ်ကို အသစ် ပြန်လည် ဖွဲ့စည်း ပေးခဲ့ပြီး အိမ်နီးချင်း နိုင်ငံများ နည်းတူ ယှဉ်ပြိုင်ခွင့် အခွင့်အလမ်း များ ရရှိအောင် နိုင်ငံတော်က ပံ့ပိုး ကူညီခဲ့သဖြင့် ယနေ့ ကာယ ဗလနှင့် ကာယအလှ မောင်မယ်များသည် ၁၉၉၅ ခုနှစ် နောက်ပိုင်း ယနေ့ကာလ အထိ နိုင်ငံ့ဂုဏ် ဆောင် ရွှေ တံဆိပ် များ ဆွတ်ခူး ပေးဆောင် နိုင်မှု ကြောင့် ကမ္ဘာ့ ကာယဗလ မောင်ပြိုင်ပွဲ ကြီးကို ၂၀၀၁ခုနှစ်တွင် မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန် မြို့၌ စည်ကားစွာ ကျင်းပ နိုင်ခြင်းဖြင့် ကာယဗလ အားကစား လောက သည် ပြန်လည် ဦးမော့လာ ကြောင်း သိရသည်။

အလေးထားပံ့ပိုး

မြန်မာနိုင်ငံ ကာယဗလနှင့် ကာယအလှ အဖွဲ့ချုပ်သည် အားကစား လောက ပိုမိုမြင့်မား လာရေး နှင့် အတိတ်က သရဖူ ဆောင်းခဲ့ သော နိုင်ငံ့ ဂုဏ်ဆောင် အားကစား မဏ္ဍိုင်ကြီး ပြန်လည် ရရှိရေး တို့ကိုရည်ရွယ်ပြီး အားကစား နည်းစနစ် သစ်များကို လည်း အဖွဲ့ချုပ်က စီမံ ဆောင်ရွက် ပေးခဲ့သည်။ ခေတ်နှင့် အညီ အားကစား ပစ္စည်း များကိုလည်း ပံ့ပိုးပေး ခဲ့ပြီး လိုက်နာ ဆောင်ရွက် ရမည့် အချိန်နှင့် လေ့ကျင့်မှု များကို နည်းပြ ဆရာ များက အနီးကပ် ကြီးကြပ် ပေးခဲ့သည်။ စား သောက် နေထိုင်မှု များပါ မကျန် အလေးထား ပံ့ပိုး ပေးလျက် ရှိကြောင်း သိရသည်။

အားပေးကြည့်ရှု

ဇန်န၀ါရီ ၃၀ ရက်က ကျင်းပ ပြီးစီး ခဲ့သည့် မောင်မြန်မာ၊ မယ်မြန်မာ ပြိုင်ပွဲသို့ လာရောက် ကြည့်ရှု သူများမှာ ယခင်ပွဲ များထက် သာလွန် စွာ အားပေး ကြည့်ရှုမှု ကို မြင်တွေ့ ခဲ့ရ သည်။ ပြိုင်ပွဲ ၀င် အားကစား မောင် အငယ်တန်း နှင့် အကြီး တန်း မောင်တို့ သည် ယခင်နှစ် များထက် ပိုမို၍ လေ့ကျင့် အားထုတ်မှု အားကောင်း လာသည့် အတွက် အားပေး ကြည့်ရှု သူတို့၏ စိတ်ဘ၀င် တွင် ငြိတွယ် ခဲ့သည်။ ပြိုင်ပွဲဝင် အားကစား မောင် များ၏ အားမာန် နှင့်ဇွဲလုံ့လ တို့သည် မောင်များ မျက်နှာတွင် ပေါ်လွင်စွာ မြင်တွေ့ ခဲ့ရသည့် အတွက် ပရိသတ်မှာ ငွေကုန် သံပြာ မဖြစ်ခဲ့ ရကြောင်း မြန်မာ့ အားကစား လောက မြင့်မား လာသည် ကို တွေ့ရသည်။

ထူးခြား

ယခုနှစ် ကျင်းပ သော မောင်မြန်မာ၊ မယ်မြန် မာ ပြိုင်ပွဲသည် ယခင်နှစ် များထက် ထူးခြားတာ တော့ အမှန်ပင် ဖြစ်သည်။ ပွဲကြည့် ပရိသတ်၏ အားပေး မြှောက်စားမှု ကလည်း အံ့မခန်း ရှိလှ ပါသည်။ ပွဲကြည့် ပရိသတ် အဆင့်အတန်း မြင့်မား လာသည့် အတွက် မြန်မာ့ ကာယဗလ နှင့် ကာယ အလှ အဆင့်အတန်း သည်လည်း ပို၍ပို၍ မြင့်မား အောင်မြင် လာမည် ဖြစ်ကြောင်း ယုံကြည် မိပါ သည်။

source from http://www.themyanmarpost.com

အားနည်းချက်တစ်ခုပေါ် ဘယ်တော့မှ အခွင့်ကောင်း မယူမိပါစေနဲ့

ဒုက္ခရောက်တဲ့အခါမှာ ကိုယ့်ကို စိတ်သက်သာမှုရအောင် ကယ်နိုင်မဲ့သူဟာ ကိုယ်ပါဘဲ။ ဒါကြောင့် မြတ်စွာဘုရားကလည်း ဟောတယ်။
“အတ္တာဟိ အတ္တနော နာထော။”
“မိမိသည်သာလျှင် မိမိ၏ ကိုယ်းကွယ်ရာ အားထားရာဖြစ်၏။”
“ကောဟိ နာထော ပရော သိယာ။”
“သူတစ်ပါးသည် မိမိအတွက် ကိုးကွယ်ရာ အားထားရာ အဘယ်မှာ ဖြစ်နိုင်ပါမည်နည်း”

အဲဒီတော့ သူတစ်ပါးကို အားမကိုးရလို့အပြစ်တင်မနေပါနဲ့။ အပြစ်တင်နေရင် ဒီဒုက္ခထဲက ဘယ်တော့မှ ထွက်လို့မရတော့ပါဘူး။
ကိုယ့်မှာ ၀မ်းနည်းစရာ၊ စိတ်ညစ်စရာ၊ စိတ်ဆင်းရဲစရာ ကြုံတဲ့အခါမှာ အဲဒါကို အကြောင်းပြပြီးတာ့ ကိုယ့်ရဲ့အခက်အခဲ ကိုယ့်ရဲ့ဒုက္ခကို အသုံးချပြီးတော့၊ ပရိယာယ် တစ်ခုအနနဲ့သုံးပြိးတော့ ကိုယ့်တာဝန်ကို သူတို့ယူအောင် လုပ်မိတတ်တာ ရှိတယ်နော်။ သူတစ်ပါးကို မလှည့်စားပါနဲ့။ သူများကို လှည့်စားရင် ကိုယ်လှည့်စားတာကို ကိုယ့်ဟာကိုယ် ယုံပြီးတော့ ဒုက္ခရောက်တတ်ပါတယ်။

ဥပမာ – နေမကောင်းဟန်ဆောင်တာ ကြာရင် တကယ် နေမကောင်း ဖြစ်သွားမယ်။ စိတ်ဆင်းရဲဟန်ဆောင်ရင် ကြာရင် တကယ် စိတ်ဆင်းရဲမယ်။ စိတ်ဆိုးဟန်ဆောင်တာ ကြာရင် တကယ် စိတ်ဆိုးလာမယ်။ ပျော်နေဟန်ဆောင်ရင်လည်း ကြာရင် တကယ်ပျော်လာမှာပါ။

ကိုယ်က အခြေအနေအရ ဟန်ေ်ဆာင်နေရတယ်ဆိုရင် ငါဟန်ဆောင်နေတာလို့ ကိုယ့်ကိုယ်ကို ကိုယ် တိတိကျကျ ပြတ်ပြတ်သားသား ပြောပါ။ ကိုယ့်ကိုယ်ကိုကိုယ် မလိမ်ဖို့ သိပ်အရေးကြီးပါတယ်။ ကိုယ်လိမ်တာကို ကိုယ်ယုံသွားရင် အဲဒီအထဲက ပြန်ထွက်ရ သိပ်ခက်ပါတယ်။

တချို့ နည်းနည်းပါးပါး နေမကောင်းတဲ့သူတွေ ရှိပါတယ်။ ကြားဖူးတယ်။ သူတို့ နေမကောင်းတာ မှန်ပါတယ်။ ဒါပေမဲ့ တော်ရုံတန်ရုံကိစ္စ သူတို့ဟာသူတို့ လုပ်လို့ ရတယ်။ ဥပမာ – စားစရာဆိုရင် သူတို့ ဟာသူတို့ ယူစားလို့ရတယ်။ ဒါပေမဲ့ သူတို့ ယူမစားတော့ဘူး။ ပါးစပ်ထဲ ခွံ့ပေးမှ။ ခွံ့မပေးရင် စားကို မစားဘူး။ အဲဒီလိုလုပ်တဲ့ လူတွေ ရှိပါတယ်။

သူဟာသူ လုပ်လို့ရတဲ့ကိစ္စတွေ အများကြီးရှိပေမဲ့ သူမလုပ်တော့ဘူး။ အကုန်လုံး အစအဆုံး ဘာမှမကျန်အောင် လုပ်ပေးရတယ်။ နေမကောင်းလို့ သူအခွင့်ကောင်းတစ်ခု ရသလို ဖြစ်သွားတယ်နော်။

ကိုယ်နေမကောင်းတာကိုဘဲ၊ (ကိုယ့်ရဲ့ ဒုက္ခ၊ ကိုယ့်ရဲ့ အဆင်မပြေမှု ကိုဘဲ) အခွင့်ကောင်း ယူပြီးတော့ လူတွေကို အကြပ်ကိုင်တာ။ လူတွေကို ကိုယ့်အတွက် အသုံးချတာဘဲ။

ကိုယ် လုပ်နိုင်တယ်ဆိုတာကို ပြလိုက်ရင် သူများတွေက လုပ်မပေးတော့ဘူး။ အဲဒီတော့ သူများတွေ လုပ်ပေးတာကို သာယာနေရင် ကိုယ်တိုင်မလုပ်နိုင်ဘူး ဆိုတာကို ပြရမယ်။ အဲဒီတော့ သူ့ကို လုပ်ပေးနေတာကို လိုချင်တော့ သူကြာလေလေ ပိုပြီးတော့ နေမကောင်းဖူးးလို့ လူတွေထင်အောင် နေပြတယ်။ ကြာတော့ ဘယ်လို ဖြစ်လာသလဲ။ တကယ် နေမကောင်း ဖြစ်လာတယ်။ တကယ်လည်း သူ ဘာမှ လုပ်လို့မရတော့ဘူး။

illness alibi ဆိုတာက နေမေကောင်းလို့ မလုပ်နိုင်တာပါလို့ အကြောင်းပြတာကို ခေါ်တယ်။ သူ့တာဝန် သူ မယူရအောင် နေမကောင်းတာကို အသုံးချတာပါ။ ဆရာဝန်ထောက်ခံစာနဲ့ ခိုင်လုံအောင် အကြောင်းပြပြီး ခွင့်ယူတာလည်း ရှိတယ်။ နေမကောင်း တတာကို အခွင့်ကောင်း ဘယ်တော့မှ မယူပါနဲ့။ အဲဒီလို အခွင့်အရေး ယူလို့ရှိရင် တကယ်နေမကောင်း ဖြစ်လာနိုင်တယ်လို့ ဆိုတာပါ။

နေမကောင်းတာကို အခွင့်ကောင်းယူတာကို သဘောပေါက်အောင် ပြောပြတာပါ။ တစ်ခြားကိစ္စတွေမှာလည်း ဒီလိုပါပဲ။ ကိုယ့်မှာ အဆင်မပြေမှု တစ်ခုခု ဖြစ်လာရင် အဲဒီ အဆင်မပြေမှုကို ဘဲ အခွင့်ကောင်းအနေနဲ့ အသုံးချပြီးတော့ တခြားလူတွေအပေါ်မှာ တာဝန်မပေးပါနဲ့။ အခွင့်အရေး မယူပါနဲ့။ အဆင်မပြေတာကို အခွင့်ကောင်းယူရင် ဆက်ပြီး အဆင်မပြေ ဖြစ်လာမယ်။

နေမကောင်းဖြစ်ရင် ကိုယ့်ဟာကိုယ် နေကောင်းအောင် ကြိုးစားပါ။ ဒီလိုပဲ အဆင်မပြေတာ ရှိရင်လဲ ကိုယ့်ဟာကိုယ် တတ်နိုင်သလောက် အဆင်ပြေအောင် ကြိုးစားပါ။ အဲဒီလို တကယ်ရိုးရိုးသားသား ကြိုးစားပါရက်နဲ့ ကိုယ့်အခက်အခဲက အဆင်မပြေသေးဘူးဆိုရင်တော့ မိတ်ဆွေကောင်း တချို့က သူတို့တတ်နိုင်တဲ့ အကူအညီပေးလာမှာပါ။ ဘာလို့လဲဆိုတော့ ရိုးရိုးသားသားနဲ့ ကြိုးစားနေတဲ့ သူတစ်ယောက်ကို သူ့နောက်ကွယ်မှာ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ကူညီဖေးမပေးမှာပါ။ ဒါကြောင့် သင်ဟာ ဘယ်လိုကိစ္စမျိုးပဲဖြစ်နေပါစေ အားနည်းချက်တစ်ခုပေါ်မှာ အခွင့်ကောင်းယူပြီး အသုံးချတတ်တဲ့သူ မဖြစ်ပါစေနဲ့။ သူများအားနည်းချက် မိမိအားနည်းချက်ပေါ်မှာ ဘယ်တော့မှ အခွင့်ကောင်းမယူမိပါစေနဲ့။

http://tawthumalay.mylovecafe.com

ဘ၀က ပေးသော သင်ခန်းစာ (၁)

လောကမှာ လူတွေဟာ အကြောင်းအရာ တစ်ခုကို ပိုင်ပိုင်နိုင်နိုင် မဆုံးဖြတ်နိုင်ရင် ဆုံးဖြတ်ရဲနိုင်တဲ့ အကျင့်မရှိရင် အဲ့ ဒီလူဟာ လောကအလယ်မှာ အရှုံးတွေကို ပိုင်ဆိုင်ထားတဲ့ သူပေါ့။ တစ်နည်း ပြောရရင် မိမိ လုပ်သမျှ မှားလား ၊ မှန်လား မဝေခွဲနိုင်၊ မဆုံးဖြတ်နိုင်သူ တစ်ယောက်အနေနဲ့ မည့်ကဲ့သို့သော အောင်မြင်မှုတွေနဲ့ ဘ၀လမ်းကို လျှောက်လှမ်း နိုင်မလဲ ဆိုတာကတော့ ဆင် ကန်းကြီး တော တိုးနေသကဲ့သို့ လမ်းမှားတွေချည်း ရောက်နေမှာ အမှန်ပါ။ တစ်ခါတစ်လေတော့လဲ မိမိ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေး စဉ်းစားနေရင်း အချိန်တွေ ကုန်းသွားမှာပါ။ လမ်းစဉ်မှန်ကို မရောက်နိုင်ပဲ ချာချာလည်နေတဲ့ ဘ၀ရဲ့ အမှား၊အမှန် သင်ခန်းစာတွေကို အတုယူရင်း လူ့ ဘ၀နဲ့ လူ့ပတ်ဝန်းကျင်မှာ လူတော်၊လူမော် ကောင်းတစ်ယောက်၊ စံပြ ပုဂ္ဂိုလ်ကောင်း တစ်ယောက်အဖြစ် နေထိုင်းရင်း အောင်မြင်မှု လမ်းစတွေကို ရှာဖွေ လျှောက်လှမ်းရမှာက မိမိရဲ့တာဝန်ပါ။ လူတိုင်း လူတိုင်းမည်သူမဆို မွေးကတည်းက သူကတော့ ဆရာဝန် ဖြစ်ရမယ် သူကတော့ စစ်ဗိုလ်တစ်ယောက်ဖြစ်မယ်လို့မည်သူကမှပုံသေတွက်စလို့မရပါဘူး မိမိရဲ့ စိတ်အားသန်းမှု၊၀ါသနာပါမှု၊အကြောင်းအကျိုးစပ်ဆက်နေမှု၊ ဘ၀ပေး ကုသိုလ်၊ မိမိရဲ့ ကြိုးစားမှုတွေ တိုက်ဆိုင်မှ သာလျှင် မိမိ ရည်မှန်းထားတဲ့ ပစ်မှတ်ကို ရောက်ရှိမှာပါ။ အများအားဖြင့်တော့ မိမိ ရည်မှန်းချက်တွေဟာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပဲ ဖြစ်နေတက်ပါတယ်။ တစ်ချို့က များများကြံပြီး နည်းနည်းရသွားတက်သလို၊ နည်းနည်းကြံပြီး များများရသွားတာလဲ ရှိပါတယ်။ ဘ၀ကံကြမ္မာကို ဥာဏ်များလို့မရနိုင်သလို ဖြစ်နေတဲ့ ဘ၀ကိုလဲ ရောင်ရဲတင်းတိမ်ပြီး ကြံကြံခံနိုင်ဖို့တော့လိုပါတယ်။ ဒါမှ သာလျှင် အောင်မြင်မှုတွေရှိတဲ့နေရာကို အရောက်လှမ်းနိုင်မှာပါ။မိမိ ဒုက္ခရောက်တဲ့အခါမှာ ကိုယ့်ကို စိတ်သက်သာမှုရအောင် ကယ်နိုင်မဲ့သူဟာမိမိ မှတပါးအခြားမရှိ၊ဒါကြောင့် မိမိ ဘ၀ကို မိမိသာလျှင် စီမံ၍ ဆုံးဖြတ်ရမည်သာဖြစ်ပေသည်။

Thursday, February 11, 2010

အာဖဂန်တွင် ဥမင်လှိုဏ်ခေါင်းအတွင်း နှင်းခဲပြိုကျမှုကြောင့် ၂၈ ဦးသေဆုံး

အာဖဂန်နိုင်ငံရှိ တောင်တန်း ဥမင်လှိုဏ်ခေါင်း တ၀ိုက်တွင် ဆီးနှင်းခဲ ပြိုကျမှုများ ဆက်
တိုက်ဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး လူ ၂၈ ဦးသေဆုံးပြီး ရာပေါင်းများစွာ ပိတ်မိလျက်ရှိသည်။
ဒဏ်ရာရရှိသူ ၇၀ ခန့်ရှိပြီး သေဆုံးဒဏ်ရာရရှိသူဦးရေ မြင့်တက်လာနိုင်ချေရှိသည်ဟုတာဝန်
ရှိသူများက ဆိုသည်။ ရက်ပေါင်းအတော်ကြာ ဆီးနှင်းများကျရောက်ခဲ့ပြီးနောက် နှင်းခဲပြိုကျ
မှုများဖြစ်ပေါ်လာခြင်းဖြစ်သည်။ သေဆုံးသူအများစုမှာ ကားအတွင်း အေးခဲ၍လည်းကောင်း၊
လှိုဏ်ခေါင်းအတွင်း မီးခိုးငွေ့များဖြင့် မွန်း၍လည်းကောင်း သေဆုံးကြရခြင်းဖြစ်သည်။ ယင်း
ဥမင်လှိုဏ်ခေါင်းသည် အာဖဂန်မြို့တော် ကဘူးလ်မှ နိုင်ငံမြောက်ဘက်ပိုင်းရှိ Mazar-e-Sh-
arif သို့ဆက်သွယ်ထားသော အဓိကလမ်းမကြီးဖြစ်သည်။ ကယ်ဆယ်ရေးလုပ်သားများ၊ စစ်
သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများသည်လမ်းရှင်းလင်းရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်း
များကို လုပ်ဆောင်လျက်ရှိသည်။ ဆီးနှင်းများအဆက်မပြတ်ကျဆင်းနေမှုကြောင့် လမ်းရှင်း
လင်းလုပ်ငန်းများ ထိရောက်မှုမရှိဟု သိရသည်။ (ဘီဘီစီ)
source from http://www.khitlunge.net.mm

ရုပ်ရှင် ဗီဒီယိုတွေအတွက် File Format များပြောင်းလဲရန



ဗီဒီယို နဲ့ MP3 တွေပြောင်းလဲမှုလုပ်မယ်ဆိုရင် Xilisoft ရဲ့ Convertor တွေကလည်း ထိပ်ဆုံးမှာနေရာယူထားကြပါတယ်။ လူတော်တော်များမျာားလည်း နှစ်သက်ကြတယ်။ သူက AVI, MKV, WMV, MP4, MOV, MPEG, MPA, MPG, 3GP, 3G2, DAT, VOB, QT, RM, RMVB, ASF နဲ့ XviD တွေကိုလည်း Support လုပ်တဲ့အတွက် Convertor တစ်ခုတည်းနဲ့ အများကြီးအသုံးပြုလို့ရသွားတာပေါ့။ နောက်တစ်ခုကတော့ ယခု Video Convertor က Music & Video တွေရဲ့ Bitrate/ Frame rate တွေကို စိတ်ကြိုက်ပြင်ဆင်သတ်မှတ်လို့ရပါတယ်။ မူရင်းလိပ်စာကတော့ http://www.xilisoft.com/ ပါ။

အသုံးပြုမယ်ဆိုရင် အောက်ပါ Link တွေမှနေပြီး Download ယူသုံးနိုင်ပါတယ်။

http://uploading.com/files/6d9m5a36/Xilisoft.rar/

http://rapidshare.com/files/345787755/Xilisoft.rar

source from http://www.worldwidemyanmar.com/

အီးမေလ်းအား ကြားဝင်ဖောက်ဖတ်နိုင်သော နေရာများ

အီးမေလ်းအား ကြားဝင်ဖောက်ဖတ်နိုင်သော နေရာများ

ယနေ့ခေတ်အတွက် အင်တာနက်ဆိုတာ တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်မှု့အပိုင်းမှာ အဓိကကျသော အပိုင်း၊အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဒါပေမဲ့ တိုးတက်လာတဲ့ နည်းပညာအလျှောက် အင်တာနက် နဲ့ အီးမေးလ်အသုံးပြုသူတိုင်း မိမိတို့အသုံးပြုသော နည်းပညာ အားသာချက် အားနည်းချက်တွေကို သိထားသင့်ပေသည်။ ကျွန်တော်တို့က အီးမေလ်း လိပ်စာလေးတစ်ခုရိုက်ထည့်ပြီးပို့လိုက်တယ်.. ဒါပေမဲ့ အဲ့လိုပို့လိုက်တဲ့ မေးလ်ဟာ လူသန်းပေါင်းများစွာ သုံးနေသော အင်တာနက်ပေါ်မှာဖြတ်သန်းသွားလာနေကြတယ်။ ဒီလိုနေရာမှာ ကြားခံ Gateway, Server, Backbone, Segment တွေကိုဖြတ်သွားရတယ်။ ဒီအတွက် မိမိတို့သုံးနေတဲ့ မေးလ်တွေကို ကြားခံနေရာကနေ ၀င်ရောက် ဖောက်ကြည့်လို့ရတယ်ဆိုတာကို သိထားသင့်တယ်။

Internet Service Provider (ISP)
ISP ဆိုတာ မိမိတို့သုံးနေတဲ့ Network Traffic တွေအားလုံးကို အလွယ်တကွယ်စောင့် ဖမ်းနိုင်တဲ့နေရာပါ။ ကျွန်တော်တို့သုံးနေ network packet တွေဟာ ISP မှာတော့ Feed တစ်ခုထားခဲ့ရတာပဲ။ ဒီအတွက် မိမိတို့ရဲ့ မေးလ်အားလုံးကို ISP ဟာ လိုအပ်ရင်လိုအပ်သလို ၀င်ရောက် ကြည့်လို့ရတယ်။

Email Provider
မိမိအသုံးပြုနေသော မေးတွေအားလုံးကို အသုံးပြုနေသော မေးလ် provider တွေကနေ ၀င်ကြည့်လို့ရတယ်။ ဥပမာ - Gmail သုံးတယ်ဆိုရင်.. Gmail ရဲ့ Authorized person တွေက ကြည့်လို့ရတယ်။

Corporate Environment
တစ်ချို့လုပ်ငန်းကုမ္ပဏီ တွေက မိမိတို့ရဲ့ လုပ်ငန်းအတွင်း Data Document တွေ အမှားအယွင်းနဲ့ ၀န်းထမ်းတွေကိုစောင့်ကြည့်ရန် packet sniffer တွေကို Internal Network တစ်ခုလုံအတွက် ထားထားကြတယ်။

Hotel/Conference Center/Internet Café
Hotel/Conference Center တွေကနေ user တွေရဲ့ မေးလ်တွေကို intercept လုပ်လို့ရတယ်။ ဟော်တယ် တွေနဲ့ Conference Center တွေမှာ ၄င်းတို့ရဲ့ User တွေကို သတ်မှတ်ချက်အတိုင်း အသုံးပြုရအောင် Net ကိုထိန်းချူပ်ထားတယ်၊ ထို့အတူ Cyber Cafe တွေလည်းအဲ့အတိုင်းပဲ... ဒီနေရာမှာ တစ်ခုရှိတာက မြန်မာပြည်က Cyber Cafe တွေ တော်တော်များများက ၄င်းတို့ရဲ့ Server / Gateway Router တွေကို တိတိကျကျ လုံခြုံမှု့မပေးထားရင် အပြင်လူက ၄င်း server / Router ကိုဝင်ဖောက်ပြီး Network တစ်ခုလုံးရဲ့ Packet တွေကို Sniffing လုပ်ကာ အီးလ်မေးဖောက်နိုင်တယ်။

Housing Provided Connectivity
condominium and apartment complexes အချို့တွေမှာ ၄င်းတို့၏ အိမ်ရှင်၊ အိမ်ငှားတွေအတွက် Built-in High Speed Internet တွေကို ပေးသုံးကြတယ်။ ဒါက Hotel/Conference Center/Internet Café တွေတူပါတယ်။ အကယ်၍ ၄င်း Network မှာ Admin တစ်ယောက်က ညံ့ဖျင်းတာပဲဖြစ်စေ၊ Admin က ကြားဝင်ဖောက်တာပဲဖြစ်စေ ၀င်ရောက်နိုင်တယ်။

College Environment
College တွေမှာသုံးတာကို cable modems and other broadband technologies ‘shared local loop’ network model လို့ခေါ်ပြီးတော့ ၄င်းနေရာတွေမှာလည်း ကြားဝင်ဖောက်လို့ရတယ်။ ဒါကလည်း corporate networks interception နဲ့တူတယ်/

Local Loop Interception
အကယ်၍ မိမိရဲ့ အိမ်နားဝန်းကျင်မှာ သုံးနေတဲ့ လူတစ်ယောက်ရဲ့ Network နဲ့ Mail ကို interception လုပ်မယ်ဆိုရင် ပုံမှန်အားဖြင့်မလွယ်နိုင်ပေမဲ့ ၄င်း system ကိုဝင်ရောက်ဖို့ special hardware အနည်းငယ်တော့လိုတယ်။ ဒီလိုနေရာတွေမှာလည်း ၀င်ရောက်နိုင်တယ်။

MAN environment
ယခုအချိန်မှာတော့ MAN တွေကို ပြည်တွင်းအစိုးရအဖွဲ့အစည်းနဲ့ တွေလောက်ပဲ ကျယ်ကျယ်ပြန့်ပြန့်သုံးတာများတယ်။ ဒီလိုနေရာမှာလည်း မိတ်ဆွေတို့သုံးနေတဲ့ network ကို sniffing လုပ်လို့ရတယ်။

Wireless Network Access Point
Wireless Network ဆိုရင် များသောအား Wi-Fi ကိုပဲပြေးမြင်လိမ့်မယ်.. ဟုတ်ပါတယ်. ဒီလို Wi-Fi Wireless AP တွေကလည်း Interception လုပ်လို့ရတယ်။ ၄င်း Wireless တွင်၊ Wi-Fi, WiMAX, Bluetooth, GPRS, HSDPA စည်တို့လည်းပါဝယ်တယ်။

တကယ်တမ်းပြောရမယ်ဆိုရင် ဒါတွေတင်မကဘူး အများကြီးရှိသေးတယ်။ ဒါတွေက အဓိက နေရာတွေပဲ။

ဒီတော့ မိမိတို့ရဲ့ မေးလ်တွေကို ဘယ်သူမှ မ၀င်ဖတ်နိုင်အောင် လုပ်ဆောင်တဲ့ နည်းမရှိဘူး။ ဒါပေမဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ မိမိပို့လိုက်သော messages တွေကို Encrypt လုပ်ပြီးပို့ကာ ကြာဝင်ဖောက်ကြည့်လို့မရအောင် လုပ်ဆောင်ခြင်းသာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်။

source from http://www.worldwidemyanmar.com

Western Digital မှာ နောက်ဆုံးပေါ် 2TB ရှိသော Hard Disk များ



Western Digital မှနေ၍ နောက်ဆုံးပေါ် WD's 500 gigabytes-per-platter နည်းပညာအပေါ်မှာ အခြေခံထားတဲ့ 7200rpm (Revolution per Minute) နှင့် 2TB hard disk တွေကိုထုတ်လိုက်ပါတယ်။ Desktop System နှင့် အဆင့်မြင့် Game ကစားခြင်းအတွက် WD Caviar Black နဲ့ WD RE4 2TB တို့ဟာ server နဲ့ network storage တွေအတွက် မြန်ဆန်စွာအလုပ်လုပ်နိုင်ပါတယ်။ Drive နှစ်ခုလုံးက 7200 rpm လည်ပတ်နှုန်းနဲ့ 64MB cache, dual stage actuator technology ဖြစ်ကာ SATA 3 gigabits per second (Gb/s) ဖြစ်ပါတယ်။ ဒီ Drive နှစ်ခုလုံးက Gaming / photo edition, multimedia and video လုပ်ငန်းတွေမှာ အထူးကောင်းမွန်တဲ့ performance ကိုပေးနိုင်မှာဖြစ်ပါတယ် လို့ WD's client storage systems ရဲ့ Vice president & general manager ဖြစ်သူ Jim Morris က ပြောကြားခဲ့ပါတယ်။


၎င်းမှာ ပါဝင်တဲ့ အဓိက features တွေကတော့

Dual processor – Twice the processing power to maximize performance.

Dual actuator technology – A head positioning system with two actuators that improves positional accuracy over the data track(s). The primary actuator provides coarse displacement using conventional electromagnetic actuator principles. The secondary actuator uses piezoelectric motion to fine tune the head positioning to a higher degree of accuracy.

IntelliSeek – Calculates optimum seek speeds to lower power consumption, noise, and vibration.

StableTrac – The motor shaft is secured at both ends to reduce system-induced vibration and stabilize platters for accurate tracking, during read and write operations.

NoTouch ramp load technology – The recording head never touches the disk media ensuring significantly less wear to the recording head and media as well as better drive protection in transit.

source from http://www.worldwidemyanmar.com

Wednesday, February 10, 2010

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ Networking နှင့်ပတ်သက်၍ ဟောပြောပွဲကျင်းပမည်

သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း

မှကြီးမှူး၍ မြန်မာလူငယ်များ Networking ပညာရှင်တစ်ဦးဖြစ်လာစေရန်အတွက် မသိမဖြစ်လေ့လာရမည့် Skills &

Knowledge များကိုသိရှိစေရန် နှင့် နိုင်ငံတကာNetwork အလုပ်အကိုင်အခွင့်အလမ်းကောင်းများကို သိရှိနားလည်စေရန်

ရည်ရွယ်၍ ဖေဖော်ဝါရီလ (၁၄)ရက် (တနင်္ဂနွေနေ့) နေ့လည် (၁:၀၀) နာရီ မှ (၄း၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊

မြန်မာအင်ဖိုတက်ခ်၊ ပင်မဆောင်ရှိ Conference Hall တွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း

အလုပ်အမှုဆောင်များဖြစ်ကြသော ဦးရဲကျော်သိန်း (Compu Tech Comupter Co.,Ltd) နှင့် ဦးအောင်ဇော်မြင့် ( M.S.T

Computer Center) တို့မှ “Essential Networking Technology & Network Professionals Trend ” ခေါင်းစဉ်ဖြင့်

ရှင်းလင်းဟောပြောမည်ဖြစ်ပါသည်။

ဆွေးနွေးဟောပြောပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ Networking ပညာရပ်ကိုစိတ်ပါဝင်စားသူများ၊

ကွန်ပျူတာဘာသာရပ်ကိုလေ့လာနေသူများ နှင့် စိတ်ပါဝင်စားသူမည်သူမဆို (အခမဲ့) တက်ရောက်ဆွေးနွေးနိုင်သည်။

အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းရုံးခန်း၊ အဆောင်(၄) အခန်း(၄)၊ ဖုန်းနံပါတ် - ၆၅၂၂၇၆

သို့ဆက်သွယ် စုံစမ်း နိုင်သည်။

source from http://www.zawlinyouth.net

Converter Software မလိုတော့သည့် Video Transfer



ဗွီဒီယိုဖိုင်များကို iPod, PSP, Hard Drive, Flash Stick များသို့ထည့်သွင်းရာတွင် Converter Software မလိုဘဲ သက်ဆိုင်ရာ Format အတိုင်း ပြောင်းလဲကာထည့်သွင်းပေးမည့် Pinnacle အမှတ်တံဆိပ် Video Transfer အမည်ရှိသော ကြားခံ Hardware ပစ္စည်းတစ်မျိုး ဈေးကွက်အတွင်းသို့ဝင်ရောက်လာကြောင်း သိရသည်။

အဆိုပါ Video Transfer ပစ္စည်းကြားခံသုံးရုံဖြင့် iPod, PSP, Hard Drive, Flash Stick များအတွင်းသို့ ဗွီဒီယိုဖိုင်များကို Converter Software မလိုဘဲ သက်ဆိုင်ရာ Format အတိုင်းထည့်သွင်းပေးမည်ဖြစ်သည်။ “PSP, iPod“ အသုံးပြုတဲ့သူတွေအနေနဲ့ အရင်ကဗွီဒီယိုဖိုင်တွေကို ထည့်သွင်းတော့မယ်ဆိုရင် သက်ဆိုင်ရာ Player နဲ့ဆိုင်တဲ့ Media Format တွေကို ပြောင်းပေးမဲ့ Converter Software တွေကိုရှာရတယ်။ ရှာလို့တွေ့ပြန်ရင်လည်း ကွန်ပျူတာမှာ Install လုပ်ပြီးတော့ ဖိုင်တွေကို Convert လုပ်ရတယ်။ ပြီးမှသာ ကိုယ်အသုံးပြုမဲ့စက်ထဲကို ထည့်ရတယ်။ ယခုဝင်ရောက်လာတဲ့ Video Transfer ပစ္စည်းကတော့ ဘာ Software မှမလိုဘဲနဲ့ ကြားခံသုံးရုံနဲ့ ဗွီဒီယိုဖိုင်တွေကို သက်ဆိုင်ရာ Format အတိုင်း ပြောင်းလဲထည့်သွင်းပေးမှာဖြစ်ပါတယ်” ဟု BENO ဂိမ်းစက်ပစ္စည်းရောင်းဝယ်ရေးနှင့် ပြုပြင်ရေးအရောင်စင်တာမှ တာဝန်ရှိသူတစ်ဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။ Video Transfer ပစ္စည်းတွင် Input တွေအနေနဲ့ Video, TV, DVD/ VHS နဲ့ Gaming စသည်တို့ပါဝင်ပြီး Output အနေဖြင့် iPod, PSP, Hard Drives နဲ့ Flash Sticks တို့ပါဝင်သည်။ Video Transfer တွင် REC နှင့် Mode ဟူ၍ ခလုတ် ၂ ခုပါဝင်သည်။ အသုံးပြုမည့်သူအနေဖြင့် Video Transfer မှာပါဝင်တဲ့ REC ခုလုတ်တစ်ခုကို နှိပ်လိုက်တာနှင့် သက်ဆိုင်ရာ Player ၏ Format သို့ပြောင်းလဲထည့်သွင်းမည်ဖြစ်သည်။ ဥပမာ PSP ဂိမ်းစက်တွင် DVD ဗွီဒီယိုဖိုင်ကို ပြောင်းလဲထည့်သွင်းမည်ဆိုပါက DVD စက်မှထွက်လာသောအသံနှင့် အရုပ်ကြိုးများကို Video Transfer ပစ္စည်းတွင် Input အနေဖြင့် တပ်ဆင်ရမည်ဖြစ်သည်။ ထို့နောက် Output တွင် PSP ဂိမ်းစက်ကိုချိတ်ပြီး Rec ခလုတ်ကိုနှိပ်ပါက MPEG Format ဖြင့် PSP ဂိမ်းစက်အတွင်း တန်း၍သိမ်းဆည်းမည်ဖြစ်သည်။
Video Transfer ပစ္စည်းအား ၀ယ်ယူအသုံးပြုလိုသူများအနေဖြင့် ဖုန်း-၀၉၈၆၂၂၇၄၄ နှင့် ၃၈၀၅၃၆ တွင် ဆက်သွယ်စုံစမ်း ၀ယ်ယူအသုံးပြုနိုင်ကြောင်းသိရသည်။
source from http://www.myanmarinternetjournal.com

အသင်း ဗိုလ်စွဲရန်ထက် ရေရှည် စီမံကိန်းက ပိုအရေးကြီးသည်ဟု ဘတ္တလာ သုံးသပ်

ရန်ကုန် ယူနိုက်တက် အသင်း၏ နည်းပြချုပ် ဖြစ်သူ ပီတာ ဘတ္တလာက ဘောလုံး အသင်း တစ်သင်းတွင် ရေရှည် စီမံကိန်း သည် အရေးကြီးကြောင်း သုံးသပ် ပြောကြား သွားခဲ့သည်။

“ကျွန်တော်တို့ အသင်းဟာ လာမယ့် ဘောလုံး ရာသီမှာ ဗိုလ်စွဲဖို့ အတွက် အခွင့်အလမ်း အရမ်းကောင်း နေပါတယ်။ ကစား သမား အင်အားကလည်း တောင့်တင်း နေပြီ ဖြစ်လို့ အကောင်းဆုံး ကြိုးစား သွားပါမယ်။ ဒါပေမယ့် ကျွန်တော် တို့ဟာ ပြိုင်ပွဲ တစ်ပွဲတည်း အပေါ် အာရုံစိုက်ပြီး ရေတို အောင်မြင်မှုကို ရယူမှာ မဟုတ်ပါဘူး။ အသင်းကို ရေရှည် စီမံကိန်းနဲ့ အချိန် ကြာကြာ အောင်မြင်နိုင်ဖို့ စနစ်တကျ တည်ဆောက် သွားမှာပါ။ အသင်း လတ်တလော ဗိုလ်စွဲဖို့ ထက် ခိုင်မာတဲ့ ရေရှည် စီမံကိန်း ရှိဖို့ ပိုပြီး အရေးကြီး ပါတယ်”ဟု ဘတ္တလာက Soccer Myanmar သို့ သုံးသပ် ပြောကြားသွား ခဲ့သည်။
source from http://soccermyanmar.com

ဘတ္တလာသည် ရန်ကုန် ယူနိုက်တက် အသင်း လာမည့် ရာသီ၌ ဗိုလ်စွဲနိုင်ချေ ရှိမရှိ ဆိုသည့် မေးခွန်းအား ထိုသို့ ဖြေကြား သွားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့က မြန်မာ့ လက်ရွေးစင် အသင်းနှင့် ဒယ်လ်တာ ယူနိုက်တက် အသင်းတို့၏ ခြေစမ်းပွဲအား လာရောက် ကြည့်ရှုခဲ့သည်။ ထိုသို့ ကြည့်ရှုခြင်းသည် မြန်မာ့ လက်ရွေးစင် ကစားသမား များကို ခေါ်ယူလို၍ လာရောက် အကဲခတ်ခြင်း မဟုတ်ဘဲ လေ့လာရုံ သက်သက် ကြည့်ရှုခြင်း ဖြစ်သည်ဟု ဘတ္တလာက ကာကွယ် ပြောကြားခဲ့သည်။ သို့သော် မြန်မာ ကစားသမား များထဲ၌ ခြေစွမ်း ထက်မြက်သူများ အများ အပြား ရှိသည်ဟု သုံးသပ် ပြောကြား သွားခဲ့သည် ကိုလည်း တွေ့ရသည်။

ထို့ပြင် လာမည့် ရာသီ၌ မိုဟာမက် ကိုနီ မရှိတော့သည့် ရန်ကုန် တိုက်စစ်နှင့် ပတ်သတ်၍ “ကိုနီ မရှိတော့ဘူး ဆိုပေမယ့် ကျွန်တော်တို့ ကစားသမား ကောင်းတွေ အများကြီး ထပ်ဖြည့် ထားပါတယ်။ အဲရစ်ဆက်ကီ အပါအ၀င် ခြေစွမ်း ထက်မြက် တဲ့ နိုင်ငံခြားသား ကစားသမား ၅ ဦးကို ခေါ်ယူ ထားတာပါ။ သူတို့ကို ကိုနီနဲ့ ခြေစွမ်းချင်း တိုက်ရိုက် ယှဉ်လို့ မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ရဲ့ ကစားပုံ မတူလို့ပါ။ ဒါပေမယ့် အဲဒီ ကစားသမား တွေဟာ ကိုနီ မရှိတော့တဲ့ နောက်ပိုင်း ဟာသွားတဲ့ တိုက်စစ်ကို အပြည့်အ၀ ဖြည့်ဆည်း ပေးနိုင် ပါလိမ့်မယ်။ ကိုနီ သွင်းခဲ့တဲ့ ဂိုးတွေထက် ပိုများအောင် သွင်းနိုင် ကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည့်တယ်”ဟု ဘတ္တလာက ဆက်လက် ပြောကြား သွားခဲ့သည်။

Sunday, February 7, 2010

နည်းပညာ သတင်းများအတွက် ၀င်ရောက် လေ့လာသင့်သော နေရာလေးတွေပါ

http://www.worldwidemyanmar.com
http://www.nyinaymin.com
http://thanlonnge.info
http://myanmardaily.net

Windows 7 install with USB flash drive

အခု လွယ်လွယ်ကူကူနဲ့ windows 7 ကို usb drive ကနေ တင်နိုင်အောင် ပြောပြပေးပါ့မယ်။ ၀င်းဒိုးတင်ဖို့ DVD drive သို့မဟုတ် DVD ခွေ အဆင်သင့်မဖြစ်သူတွေ နဲ့ Optical drive မပါတဲ့ netbook တွေအတွက် ဒီနည်းက မသိမဖြစ် လိုအပ်ပါတယ်။ ၀င်းဒိုး တင်ချင်တိုင်း ခွေလိုက်ရှာနေရတဲ့ ဒုက္ခ၊ ခွေမကောင်းလို့ စိတ်ညစ်ရတဲ့ ဒုက္ခက ကင်းဝေးသွားတာပေါ့ …

Windows 7 install with USB flash drive


Windows 7 USB/DVD Download Tool ဆိုတာလေး လိုအပ်ပါတယ်။ ဒီနေရာကို နှိပ်ပြီး ဒေါင်းနိုင်ပါတယ်။ freeware ဖြစ်ပြီး Download.cnet.com က sever ခံပေးထားပါတယ်။ ဒေါင်းလိုက်ပါ။ သူ့ကိုဒေါင်းပြီး install လုပ်လိုက်ပါ။ ပြီးပြီဆိုရင် Desktop ပေါ်မှာ ပေါ်လာတဲ့ shortcut ကပဲ ဖြစ်ဖြစ်၊ all programs ထဲက ပဲဖြစ်ဖြစ် Windows 7 USB/DVD Download Tool ကို ဖွင့်လိုက်ပါ။ အောက်ပါအတိုင်း box လေးပေါ်လာပါလိမ့်မယ်။

Image Hosting by imagefra.me

အဲဒီမှာ ပြထားတဲ့အတိုင်း browse နဲ့ မိမိ သိမ်းထားတဲ့ windows 7 iso ဖိုင်တစ်ခုကို ရွေးပေးလိုက်ပါ။ (windows7 အတွက် ဆော့ဝဲဖြစ်လို့ 7 ရဲ့ iso ဖိုင် တစ်ခုထဲကိုပဲ support လုပ်ပါတယ်။ ကျနော် windows 7 အတွက် ဒေါင်းလုပ်ချဖို့ ရှယ်ယာပေးခဲ့ပါတယ်။ အားလုံးလည်း iso ဖိုင်အနေနဲ့ ရမှာဖြစ်ပါတယ်။ တကယ်လို့ ကျနော်ပေးခဲ့တာတွေ သုံးလို့ ဒေါင်းလို့ အဆင်မပြေဘူးဆိုရင် free downloads ဆိုပြီး တွဲပေးထားတဲ့ sidebar မှာရှိတဲ့ site များထဲက အဆင်ပြေရာတစ်ခုမှာ ရှာဖွေ ဒေါင်းယူနိုင်ပါတယ်)

Image Hosting by imagefra.me

iso ဖိုင် ရွေးပေးပြီးလို့ Next ကိုနှိပ်လိုက်ရင် အောက်ပါအတိုင်း ဘယ်မှာ burn မှာလဲဆိုတာကို ရွေးခိုင်းပါတယ်။ usb flash drive နဲ့ တင်ချင်တာမို့ USB device ကို ရွေးပေးလိုက်ပါတယ်။

Image Hosting by imagefra.me

USB drive တစ်ခု ထိုးထားခဲ့ရင် မိမိမှာနေရာလွတ်ရှိတဲ့ ပမာဏနဲ့ ၀င်းဒိုးရဲ့ လိုအပ်တဲ့ ပမာဏကို နှိုင်းယှဉ်ပြပါလိမ့်မယ်။ 4GB လိုအပ်တဲ့ windows တစ်ခုအတွက် 4GB ထက် ကျော်တဲ့ flash drive တစ်ခုကို ရွေးချယ်ရမှာပါ။ တကယ်တမ်း ကွန်ပျူတာက 4GB usb drive တစ်ခုကို 3.7 GB အဖြစ်ပဲ သိမှာမို့ပါ။ ဘာလို့ နည်းသွားရလဲဆိုတာကို ကျနော့်ရဲ့ “PC တစ်လုံး တပ်ဆင်ရန် ရွေးချယ်ခြင်း” ပို့စ်နဲ့ “CPU,RAM,VGA,HDD တွေ ကြည့်ရအောင်” ဆိုတဲ့ ပို့စ်တွေမှာ ရေးခဲ့ပြီးပါပြီ။ Knowledge ဆိုတဲ့ categories ရဲ့ ရှေးအကျဆုံး စာမျက်နှာများမှာလည်း ကွန်ပျူတာရဲ့ သိုလှောင် ပစ္စည်းများအကြောင်း သေချာစွာ တင်ပြထားပါတယ်။ မဖတ်ရသေးရင် ဖတ်ကြည့်လိုက်ပါဦး။ ထို့အတွက် 4GB လိုအပ်တဲ့ ၀င်းဒိုးတင်မယ်ဆိုရင် 4GB ထက် ပိုတဲ့ drive ကို သုံးရပါမယ်။ ကွန်ပျူတာမှာ တပ်ဆင်လိုက်ပြီး my computer ကို ဖွင့်၍ ထို drive ကို format လုပ်ပေးပါ။ ပြီးလျှင်အောက်မှာ ပြထားတဲ့ ပုံအတိုင်း refresh ခလုပ်ကို နှိပ်ပေးလိုက်ပါက လိုအပ်တဲ့ ပမာဏနဲ့ ရှိတဲ့ပမာဏ နှိုင်းယှဉ် ပြပါလိမ့်မယ်။ အဆင်ပြေတယ်ဆိုရင် Begin copying ကို နှိပ်လိုက်ပါ။

ရာခိုင်နှုန်းနဲ့ ပြပြီး သူ့ဘာသာ အလုပ်လုပ်သွားပါလိမ့်မယ်။ ပြီးရင် back up complete လို့ ပြောပါတယ်။ ဒါဆိုရင် ကွန်ပျူတာကို restart ချပြီး boot menu ကို ခေါ်ပါ။ motherboard အမျိုးအစားအလိုက် ကွာပါတယ်။ Esc နှိပ်ရတာ ရှိသလို F2, F8, F12 ဆိုပြီး လေးမျိုးတွေ့ရပါတယ်။ အချို့ HP notebook များမှာတော့ F9 ကို သုံးထားပါတယ်။ မိမိကွန်ပျူတာက ဘာကီးနှိပ်ရင် boot menu ပေါ်နိုင်သလဲ ရှာနှိပ်ကြည့်ပါ။ ပေါ်လာရင် windows burn ထားတဲ့ usb device က တပ်ထားပြီးဖြစ်လို့ ထို device ရဲ့ နာမည်ပေါ်နေပါတယ်။ အဲဒီ drive ကို arrows ကီးနဲ့ ရွေးချယ်ပြီး Enter နှိပ်လိုက်ပါ။ ဒါဆိုရင် USB device မှာ burn ထားတဲ့ windows စတင် set up လုပ်ပြီ ဖြစ်ပါတယ်။ ၀င်းဒိုးတင်နည်း အသေးစိတ်တော့ သိပြီးသားဖြစ်မှာပါ။ တကယ်လို့ လိုအပ်တယ်ဆိုတဲ့ သူများရှိခဲ့ရင် ပြောပေးပါ။ ဒီပို့စ်က usb device မှာ windows burn ပြီး တင်တတ်အောင် ရေးရုံသာဖြစ်လို့ ဒီမှာပဲ နားလိုက်ပါတယ်။ အဆင်ပြေကြပါစေ …

source from http://thanlonnge.info

သင်သည် ဟက်ကာတစ်ယောက် ဘယ်လိုဖြစ်လာ လိမ့်မည်နည်း?



ဟက်ကာဖြစ်ချင်တယ်… ဟက်ကာဆိုတာဘာလဲ…ဒီမေးခွန်းက အရမ်းကိုတွေ့ရတာများပါတယ်…. ကျွှန်တော်လည်းသေချာမသိပါဘူး… လေ့လာကြည့်တဲ့အခါ နည်းပညာပိုင်းဆိုင်ရာမှာ ကျွှမ်းကျင်မှုရှိပြီးတော့ ပြသနာတွေကိုဖြေရှင်းရတာကိုနှစ်သက်တဲ့သူ ကန့်သတ်ချက်တွေကို ဖြတ်ကျော်နိုင်တဲ့သူတွေကိုခေါ်တာပဲဖြစ်ပါတယ်… ဟက်ကာဆိုတာ ကွန်ပျူတာလောကမှာပဲရှိတာ မဟုတ်ပါဘူး… တခြားသော Science ဒါမှမဟုတ် art တစ်ခုခုမှာ အမြင့်ဆုံးအခြေအနေအထိ ကျွှမ်းကျင်သူတွေကိုလည်း ဟက်ကာလို့ပြောလို့ရပါတယ်… ကျွှန်တော်ကတော့ ကွန်ပျူတာနဲ့ပဲပတ်သက်တာကိုပဲပြောမှာပါ သူတို့ကိုယ်သူတို့ ဟက်ကာပါလို့ပြောနေကြတဲ့သူတွေလည်းများစွာရှိပြန်ပါတယ် …ဒါပေမယ့် တကယ်တော့ မဟုတ်ကြပါဘူး.. အထူးသဖြင့်တောု့ ပျက်စီးရာပျက်စီးကြောင်းလုပ်ဆောင်ပြီး… ကွန်ပျူတာစနစ်တွေကိုချိုးဖြတ်ဝင်ရောက် အတားအဆီးတွေကိုကျော်လွန်နိုင်တယ်ဆိုပြီး လေကျယ်နေကြတဲ့ ဆယ်ကျော်သက်လူငယ်အများစုပါ….။တကယ့် ဟက်ကာ အစစ်တွေကတော့ သူတို့ကို ကရက်ကာ(crackers) လို့ခေါ်ကြပါတယ်… တကယ်တော့သူတို့က ဘာမှအထင်ကြီးစရာမရှိပါဘူး…။တကယ့် ဟက်ကာအစစ်တွေကတော့ အဲဒီကရက်ကာတွေဟာ ပျင်းရိတဲ့သူတွေ၊ တာဝန်မယူတတ်တဲ့သူတွေ၊ ဥာဏ်မကောင်းတဲ့သူတွေလို့ပဲ တွေးကြပါတယ်… security တွေကိုချိုးဖောက်ကျော်လွန်ပြီးဝင်ရောက်နိုင်ယုံနဲ့တော့ ဟက်ကာမဟုတ်ပါဘူး… ။ဒါပေမယ့် ၀မ်းနည်းစရာက စာရေးဆရာတွေ ဂျာနယ်လစ်တွေက ဟက်ကာဆိုတဲစာလုံးကိုသုံးပြီးတော့ပဲ အဲဒီခရက်ကာတွေအကြောင်းကိုတွင်တွင်ကြီး
ဖော်ပြနေတော့တာပါပဲ… အဲဒီအတွက်တော့ ဟက်ကာအစစ်တိုင်းက စိတ်ပျက်ကြရပါတယ်… သူတို့ကြားကအခြေခံခြားနားမှုကတော့ ကွန်ပျူတာ ပရော်ဖက်ရှင်နယ်အများစုနားလည် ထားကြသလိုပါပဲ… hackers build things, crackers break them
ပါပဲ….။


ဟက်ကာဖြစ်ချင်ရင်ဘာလုပ်ရမလဲ… အဓိကအဖြေကတော့ စာဖတ်ပါ… များများဖတ်ပါ..
ဟက်ကာတစ်ယောက်ထားရှိတဲ့သဘောထားတွေကိုပြောချင်ပါ တယ်…။
ပြသနာတွေကိုဖြေရှင်းပြီး.. အသစ်အသစ်တွေဖန်တီးတယ်… တည်ဆောက်တဲ့သူတွေကမှာသာ ဟက်ကာတွေပါ… အင်တာနတ်ကိုဖန်တီးခဲ့တဲ့သူတွေ.. Operating System ကိုဖန်တီးခဲ့တဲ့သူတွေ… world wide web ကိုသက်ဝင်လှုပ်ရှားလာအောင်လုပ်ခဲ့သူတွေက ဟက်ကာတွေပေါ့… ဟက်ကာတွေက လွတ်လပ်မှုနဲ့ အပြန်အလှန်ကူညီမှုတွေပေါ်မှာ ပျော်မွေ့တဲ့သူမျိုးတွေပါ…။ဟက်ကာဖြစ်ချင်ရင်တော့  အဲဒီစိတ်ဓာတ်မျိုးရှိဖို့လိုပါပြီ။ တကယ် ရှိလာဖို့ကတော့ တကယ်လုပ်ရတော့မှာပေါ့…။ဆရာကြီးဖြစ်ချင်ရင် ဆရာကြီးတွေရဲ့စိတ်ထားကိုအတုခိုးရမှာပေါ့…။ ပညာရပ်ပိုင်းမှာသာမကပဲ စိတ်ပိုင်းဆိုင်ရာလည်းလိုအပ်ပါတယ်။အောက်ကကဗျာလေးအတို င်းပါပဲ..
To follow the path:
look to the master,
follow the master,
walk with the master,
see through the master,
become the master.
ဒါကြောင့်ဟက်ကာဖြစ်ချင်ရင်အဲဒီအတိုင်းသင်ယုံကြည်လာတဲ့ အချိန်အထိထပ်ခါထပ်ခါကြိုးစားပေါ့။
ကျွှန်တော်တို့ရဲ့ကမ္ဘာကြီးကဖြေရှင်းခံရဖို့စောင့်ဆိုင်းနေတဲ့စိတ်ဝင်စားစရပြသနာတွေနဲ့နေ့တိုင်းပြည့်နှက်နေ ပါတယ်.. ဟက်ကာတစ်ယောက်ဖြစ်ရတာတော့ အရမ်းပျော်စရာကောင်းပါတယ်… ဒါပေမယ့် အဲဒီပျော်စရာတွေရဖို့ ကြီးမားတဲ့ကြိုးစားအားထုတ်မှုတွေ လုပ်ကြရပါတယ်။ဟက်ကာဖြစ်ဖို့အတွက် ပြသနာတွေဖြေရှင်းရတာကိုပီတိဖြစ်တတ်ရမယ်.. ကိုယ့်ကိုယ်ကိုယ်အမြဲတမ်းချွှန်မျှနေအောင်သွေးေ နရမယ် ကိုယ့်ပညာကိုအမြဲတမ်း.. လေ့လာနေရပါမယ်..။ သင့်အနေနဲ့ ပုံမှန်အားဖြင့်ဒီလို စိတ်ခံစားချက်မျိုးရှိမနေဘူးဆိုရင်တော့ တော်တော်ကြိုးစားယူရဦးမှာပေါ့…။
သင်တစ်ခုခုလုပ်တဲ့အခါ လေ့လာတဲ့အခါမှာပဲဖြစ်ဖြစ် ယုံကြည်မှုတစ်ခုကိုထားရှိဖို့တော့လိုပါလိမ့်မယ်။ သင်ပြသနာတစ်ခုကိုဖြေရှင်းတော့မယ်ဆိုရင် အဲဒါနဲ့ပတ်သတ်ပြီးအားလုံးကိုတော့သင်သိထားဖို့မဖြစ်နိုင်ပါဘူး.. တစ်စိတ်တစ်ပိုင်းတော့သင်သိပါလိမ့်မယ်… အဲဒီတစ်ပိုင်းလေးကနေဆက်ပြီးလေ့လာ..လေ့လာရင်းနဲ့ တစ်ပိုင်းပြီးတစ်ပိုင်းပိုပြီး
နားလည်လာ.. နောက်ဆုံးမှာတော့အောင်မြင်သွားမှာပါ။
ဘယ်ပြသနာကိုမဆိုနှစ်ခါဖြေရှင်းဖို့အကြောင်းကိုမရှိပါ ဘူး… နားမလည်တော့ဘူးလား..။ကျွှန်တော်တို့ရဲ့အချိန်တွေ ကျွှန်တော်တို့ရဲ့ဦးနှောက်တွေက အရမ်းတန်ဖိုးရှိတာပါ။ လုပ်ပြီးသားကိစ္စတစ်ခုအတွက်အချိန်ထပ်အကုန်ခံရတယ် … ပြသနာအသစ်တွေစောင့်နေတာကို အဟောင်းတွေကိုပဲထပ်ဖြေရှင်းမနေသင့်ဘူးလေ။ ဟက်ကာတွေစဉ်းစားနေရတဲ့အချိန်က အရမ်းအဖိုးတန်တဲ့အတွက်..သင်ကဟက်ကာဆိုရင် သင်သိတာတွေ မျှဝေပေးသင့်ပါတယ် သင်သိတဲ့ solution တွေကိုတခြားဟက်ကာတွေကိုဖွင့်ပြပေးရင်ကောင်းမှာေ ပါ့.. ဒါမှသူတို့တွေလည်းတခြားအသစ်အသစ်တွေဖြေရှင်းနိုင်တာပေါ့။ တစ်ခုတော့ရှိတာပေါ့… ပြသနာတစ်ခုအတွက်အဖြေဆိုတာ တစ်ခါတစ်ရံမှာ တစ်ခုထက်မကလည်းရှိနိုင်တယ်နော်… ။
ဟက်ကာ(ပြောရရင်တော့ Creative people တွေပေါ့)သူတို့တွေက လွတ်လပ်မှု (Freedom) ကိုနှစ်သက်ပါတယ်..
သူတို့အပေါ်မှာ authority လာပြတာကို ယေဘူယျအားဖြင့်မနှစ်သက်ကြပါဘူး… ချူပ်ချယ်မှုတွေကိုမုန်းတီးပါတယ်..။
သူတို့ကအတူတကွပူးပေါင်းလုပ်ဆောင်ရတာကိုတော့နှစ်သက်ကြ တဲ့သူတွေပါ..။အဲဒီစိတ်ထားမျိုးလေးလည်းရှိရပါမယ်။အထက် က
စိတ်ထားမျိုးတွေအမူအကျင့်တွေရှိပြီးရင်တောင်မှ ဟက်ကာမဖြစ်သေးပြန်ပါဘူး…။ဟက်ကာဖြစ်ဖို့ဆိုတာ ကိုယ့်ရဲ့
ပညာရပ်မှာကျွှမ်းကျင်မှု၊ များများလေ့ကျင့်မှု၊ အသေအချာအာရုံစူးစိုက်မှု၊ အလုပ်ကြိုးစားမှုတွေလည်း လိုအပ်ပါသေးတယ်။
Attitude တွေကအရေးကြီးတာမှန်ပါတယ်.. ဒါပေမယ့် တကယ်တမ်းမှာတော့ Skills ကပိုအရေးကြီးပြန်ပါတယ်။ တခြားသူတစ်ယောက်ကသင့်ကို ဟက်ကာတစ်ယောက်လို့ခေါ်စေဖို့ သက်မှတ်လာစေဖို့အတွက် အရင်ဆုံးသင်လုပ်ရဦးမဲ့အခြေခံအကြောင်းအရာလေးတွေပြောချင်ပါတယ်။ အရင်ဦးဆုံးတော့ Learn How to Program ပါ။ ဒါကဟက်ကင်းမှာတော့ အခြေခံအကျဆုံးပါပဲ။ programming language တစ်ခုမှမသိပဲနဲ့တော့ဘယ်လို ဟက်ကာဖြစ်ပါ့မလဲနော်… ။ရှိရင်တော့ကျွှန်တော်လည်းမသိဘူး.. ။ဘာ language မှသင်မတတ်သေးဘူးဆိုရင်တော့ Python ကိုစလေ့လာဖို့တိုက်တွန်းချင်ပါတယ်။အကောင်းဆုံးပထမဆုံးလေ့လာသင့်တဲ့ language တစ်ခုလို့သေချာမပြောနိုင်ပေမယ့် beginner တွေအတွက် သင့်တော်သလို powerful လဲဖြစ်ပါတယ်.. ပရောဂျက်ကြီးကြီးမားမားကြီးတွေလည်း သူ့ကိုသုံးပြီးလုပ်နိုင်တာ လုပ်နေကြတာပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ C ပါ C++ ပဲဖြစ်ဖြစ်ပေါ့ ။ သင်တစ်ခုခုကိုကျွှမ်းကျင်ရင် နောက်တစ်ခုဆိုတာ အရမ်းလွယ်သွားပါပြီ။ ဘယ်အရာမှတော့ စလုပ်ရင်လွယ်တယ်လို့မရှိပါဘူး။ဟက်ကာတွေအတွက်အရေးကြီး တဲ့နောက်ထပ် language တွေကတော့ Perl နဲ့ Lisp တို့ပါပဲ။ မရေးနိုင်ရင်တောင် ဖတ်နိုင်ဖို့တော့လိုပါလိမ့်မယ်။
တကယ်တော့အားလုံးလေ့လာတာကတော့အကောင်းဆုံးပါပဲ။ programming ကိုမတူညီတဲ့နည်းလမ်းတွေနဲ့ချည်းကပ်တာပေါ့ ။
အဲဒါအားလုံးကသင့်အတွက်အကျိုးဖြစ်စေမှာပါပဲ။ Hacker တစ်ယောက်ရဲ့ skill level ကို language တတ်ယုံနဲ့လည်းမဖြစ်ဘူးနော်။ Language တွေအပေါ်မှာမှီခိုမှုမရှိဘဲ ပြသနာတွေအပေါ်မှာစဉ်းစားနိုင်ဖို့လည်းလိုသေးတယ်။ သိပြီးသား concept တွေကိုဆက်စပ်တွေးခေါ်နိုင်ပြီး language တစ်ခုကိုအသစ်ထပ်လေ့လာရင် ရက်အနည်းငယ်လောက်နဲ့ ရနိုင်ပြီဆိုရင်တော့ တော်တော်ဟုတ်လာပါပြီ။ ဆိုလိုချင်တာက ရှိရှိသမျှသော language တွေအားလုံးသင်တတ်တယ်ပေါ့..။ ရက်အနည်းငယ်နဲ့တစ်ခုတတ်ပြီဆိုမှတော့ ဘာကြာမှာလဲနော်။
programming language လေ့လာတယ်ဆိုတာ natural language ကိုလေ့လာသလိုပါပဲ။ အထက်ကဆရာ့ဆရာကြီးတွေ ရေးထားတာတွေကိုများများဖတ် ပြီးရင်ကိုယ်ကိုယ်တိုင်နဲနဲရေး၊ နောက်ထပ်ထပ်ပြီးတော့ များများဖတ်၊ များများထပ်ရေး၊ ပိုပြီးဖတ်၊ ပိုပြီးရေး……၊ဘယ်အချိန်ထိလုပ်သွားရမလဲဆိုတော့ သင်ရေးတာတွေက ဈေးကွက်ဝင်တဲ့အဆင့်အထိပေါ့။ အရင်တုန်းကတော့ coding ကောင်းကောင်းရှာဖတ်ဖို့ဆိုတာခက်ခဲ့ပါတယ်။အခုတော့မဟုတ်တော့ပါဘူး… open source နဲပါတ်သတ်တဲ့ software တွေ ၊ Programming tools တွေ၊ operating system တွေ(အဲဒါတွေအားလုံး ဟက်ကာတွေလုပ်ထားတာ) အများကြီးရှိနေပါပြီ။ ဟက်ကာဖြစ်ချင်တယ်ဆိုရင်အခုချက်ချင်း Linux ဒါမှမဟုတ် BSD-Unixes မဟုတ်ရင်လည်း OpenSolaris သင့်ကွန်ပျူတာမှာ Install လုပ်လိုက်ပါတော့။ သြော်သင်က Windows ကဘာဖြစ်လို့လည်းလို့မေးတယ်လား… သူက binary တွေနဲ့ distribute လုပ်ထားတာလေ.. code တွေမှဖတ်လို့မရတာ ပြင်လို့လည်းမရဘူးလေ သင်မဖြစ်မနေ Unix တစ်ခုကိုတော့လေ့လာ ရမယ်ဆိုရင် အလွယ်ကူဆုံးအနေနဲ့ Linux ကိုကောက်ကိုင်လိုက်တော့လေ။ မပူပါနဲ့ သင်အခုသုံးနေတဲ့ Windows ကြီးနဲ့လည်းတွဲတင်ထားလို့ရပါတယ်။ကဲအခုချက်ချင်း Learn it , Run it နော်။ကလိတော့နော်။ အင်တာနတ် ကိုလည်း အပီ မွှေနှောက်တော့နော်… code တွေကိုဖတ် ပြီးရင်ပြန်ပြင်ရမယ် နော်.. ။ သင်ပျော်မွေ့လာမှာပါ… အသိပညာ ဗဟုသုတအသစ်တွေကို အရသာခံပြီးတော့ လေ့လာသင်ယူလိုက်စမ်းပါ..။ တခါတည်းပြောပြလိုက်မယ်နော်.. Beginner တွေအတွက်အသင့်တော်ဆုံးကတော့ Ubuntu ဖြစ်လာနေပြီ… ကြုံတွေ့ရမယ့် ပြသနာတွေအတွက်လဲမပူပါနဲ့ သင့်ကိုကူညီမယ့်သူတွေအများကြီးရှိနေတယ်လေ။ အားလုံးအဆင်ပြေရစေမယ်။ ဟုတ်ပပြီ ဟက်ကာဖြစ်ချင်သူတွေအတွက် နောက်ထပ်လေ့လာစရာတစ်ခုကတော့ World Wide Web ကြီးပေါ့။ Browser တစ်ခုခုကို သုံးတတ်ရမယ်နော်(အဲဒါကလူတိုင်းလုပ်တတ်တယ်)၊ HTML ရေးတတ်ဖို့တော့အရင်လေ့လာရမယ်။ ဘာ language မှမတတ်တဲ့သူအတွက် HTML ကိုစလေ့လာလိုက်ရင် သင်ယူတဲ့နေရာမှာ အလေ့အကျင့်ကောင်းတွေရစေမယ်။ အကူအညီအများကြီးဖြစ်စေမှာပါ။ သင့်ရဲ့ကိုယ်ပိုင် home page တစ်ခုကို HTML နဲ့ရေးကြည့်သင့်ပါတယ်။ ပြီးရင် XHTML ဆိုတဲ့ဆီလေးကိုကူးကြည့်။ ဒါနဲ့ဟက်ကာဖြစ်မယ်ထင်လို့လား။ Website တစ်ခုရေးနိုင်ပြီဆိုရင်တောင်မှ Hacker ဆိုတဲ့စကားလုံးနဲ့ သင်နဲ့ အဝေးကြီးပါ.. ။ဘာလို့လည်းဆိုတော့ Web ပေါ်မှာ website တွေများများလွန်းလို့.. ဒါပေမယ့် အများစုက ရည်ရွယ်ချက်ကောင်းကောင်းလည်းမရှိ တည်ဆောက်ထားပုံကလည်း ညံ့မှညံ့။ သင့်ရဲ့ page မှာတော့ content တွေကိုကောင်းကောင်းထည့်ရမယ်.. စိတ်ဝင်စားစရာကောင်းအောင်ရေးရမယ်။
ပြသနာတစ်ခုထပ်တွေ့ပြန်ပြီ သင့်ရဲ့ English စာတတ်မြောက်မှုအဆင့်အတန်းကစကားပြောတော့မယ်။ Internet နဲ့ Hacking နယ်ပယ်ထဲမှာ English စာကပဲလွမ်းမိုးထားဆဲပါပဲ။ Hacker Community ထဲမှာ ၀င်ဆံ့ဖို့အတွက် ကောင်းမွန်တဲ့ English စာတစ်ခုကိုတော့ သင်ပိုင်ဆိုင်ဖို့လိုတာအမှန်ပါပဲ။ အဓိကအကြောင်းအရာကတော့ အသုံးပြုရတဲ့ နည်းပညာဆိုင်ရာ ဝေါဟာရတွေက English ကိုသုံးမှသာအဆင်ပြေတာများပါတယ်။ နည်းပညာ ပိုင်းဆိုင်ရာ ဘာသာပြန်စာအုပ်တွေရှိပေမယ့် အဲဒါတွေဟာအမှန်တကယ်တော့ စိတ်ကျေနပ်စရာမကောင်းပါဘူး။ သူများရေးထားတဲ့ code ထဲမှာပါလာမယ့် comment တွေကိုကောင်းကောင်းနားလည်နိုင်ဖို့ဆိုတာလည်း သင် English စာတတ်မှဖြစ်မှာပေါ့။ Native English Speaker တစ်ယောက် တောင်မှ တခါတရံမှာ Hacker တစ်ယောက်ဖြစ်နိုင်ဖို့အတွက် လုံလောက်တဲ့ Language Skills ရှိမယ်လို့ ဘယ်သူမှအာမမခံနိုင်ဘူး.. သင်ဆိုရင်ရောဘယ်လိုလဲ..။ ကြိုးစားနိုင်မှာ တော်ရုံလောက်ရမယ်ထင်တယ်နော်။ သင့်ရဲ့ အရေးအသားက ညံ့မယ်။ Grammer လဲမကျဘူး.. ၊ သတ်ပုံအမှားကလည်းများမှများဆိုရင် ဘယ်ဟက်ကာ ကမှ သင့်ရေးတာကိုဖတ်ချင်စိတ်ရှိမှာမဟုတ်ဘူးလေ.. ။ကဲ အခုပဲ စကြိုးစားပေတော့။
Hacker Culture ဆိုတာလည်းရှိပါသေးတယ်။ စိတ်ဝင်စားစရာ ပြသနာတွေကိုသင်ကဖြေရှင်းမယ်။ ရလာတဲ့ သင့်ရဲ့ Solution တွေက တကယ်ကောင်းရဲ့လားဆိုတာ သင့်ရဲ့ အပေါင်းအသင်းတွေ ဆရာတွေက အဆုံးအဖြတ်ပေးနိုင်ပါလိမ့်မယ်။မှတ်သားထားရမယ့်တ စ်ခုက သင့်ကိုယ်သင် Hacker လို့သတ်မှတ်ထားတာဆိုရင်အဲဒါက သံသယဖြစ်စရာကောင်းပါသေးတယ်။ တခြားဟတ်ကာအစစ်တွေက သင့်ကို ဟတ်ကာ ပါလို့ အသိအမှတ်ပြုမှသာ သင်တကယ်ဖြစ်တာပါ။ သင့်ရဲ့ တတ်မြောက်မှုကိုအခြားသူတွေသိဖို့ Reputation ကောင်းလာဖို့ဆိုတာ သင့်အနေနဲ့တခြားသူတွေကို ကူညီဖို့လိုပါတယ်။ Open Source Software တွေရေးကိုရေးရပါမယ်။အဲဒါကအခြေခံအကျဆုံးပါပဲ။ သင်ရေးပြီးရင်လည်း တခြား ဟတ်ကာတွေ လေ့လာသူတွေအတွက် ပြန်အသုံးပြုနိုင်ဖို့ပဲဖြစ်ဖြစ် Soruce တွေကိုချပြရပါမယ်။ အဲဒီ Software မျိုးကိုလူတွေက Free Software လို့ခေါ်တတ်ကြပါတယ်.. တကယ်တော့ Open Source Software လို့ပဲသုံးတာကောင်းပါတယ်။ ဒါပေမယ့် သမိုင်းထဲမှာတော့ 1996 ခုနှစ်ပိုင်းလောက်အထိတော့ ဟက်ကာဆိုတာ Closed Program Closed Source တွေပဲရေးသားခဲ့တာပါ။ 1997 နောက်ပိုင်းကြမှ ဒီ Culture ကပြောင်းလဲလာတာလို့ဆိုနိုင်ပါတယ်။ Hacker Community နဲ့ Open Source Developers ဆိုတာ ယနေ့ခေတ်မှာတော့ တူညီတဲ့ Culture ရှိလာနေပါပြီ။ သင်ဟာ Newbie တစ်ယောက်ဖြစ်ရင်တော့ ကူညီရေးသားခြင်းကနေအစပြုသင့်ပါတယ်။ သင်စိတ်ဝင် စားတဲ့ အပိုင်းတစ်ခုကိုရွေးပြီး လုပ်သင့်ပါတယ်။ သူ့ရဲ့ progress က Program တွေကိုကူညီစမ်းပေးမယ်။ ကူညီအမှားရှာပေးမယ်။ကူညီပြီး modify လုပ်ပေးမယ်…အဲဒီလိုပေါ့။ အဲဒီလိုလေ့လာရင်းနဲ့ အများကြီးသင်သိလာပါလိမ့်မယ်။ နောက်တစ်ခုအရေးကြီးတယ်နော် သင့်ကို နောက်ပိုင်းမှာပြန်ကူညီမယ့်သူတွေနဲ့ Karma ကောင်းကောင်းဖြစ်စေမှာပါ။ စိတ်ဝင်စားစရာကောင်းပြီးအသုံးဝင်တဲ့ အချက်အလက်တွေကိုလူတွေကိုပြောပြတဲ့သူဖြစ်ရင်ကောင်းပါတ ယ်။ ဥပမာ FAQs လိုဟာမျိုးတွေသင်လုပ်သင့်ပါတယ်။ ဒါမှသင့်ကိုလူတွေပိုလေးစားလာမှာပေါ့။ ဟက်ကာတွေမှာ ခေါင်းဆောင်ရယ်လို့ရှိလေ့မရှိပါဘူး.. အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းကိုဦးစားပေးပါတယ်။
အခုကျွှန်တော် Hacker Mindset အကြောင်းပြောချင်ပါတယ်။ ကွန်ပျူတာရှေ့မှာ်မရှိနေတဲ့အချိန် ဟက်ကာအများစုလုပ်လေ့ရှိတဲ့အရာတွေကိုလမ်းညွန်ချင်တာပါ ။ သင်လည်းလုပ်ချင်ရင်လုပ်လို့ရတာပေါ့။ သင့်ရဲ့မိခင်ဘာသာစကားကို ကျွှမ်းကျင်စွာ ရေးသားပြောဆိုနိုင်ပါစေ။ သင်သိရဲ့လား ဟက်ကာတွေက စာရေးအင်မတန်ကောင်းတဲ့သူတွေပါတဲ့။ Science Fiction တွေကို ဖတ်ပါ။ Martial-art တစ်ခုခုကိုလေ့ကျင့်ပါ။ ဟက်ကာတွေ့လေ့ကျင့်ကြတာတွေရှိတယ် ကရာတေး တိုက်ကွန်ဒို ကွန်ဖူးတွေလေ။ သေနတ်ပစ်တာလည်းကောင်းပါတယ်။ တရားဥပဒေနဲ့ညှိမယ်နော်…. Tongue ။ တေးဂီတကိုခံစားတတ်ပါစေ။ Muscial Instrument တစ်ခုခုကိုတီးတတ်ရင်ကောင်းပါတယ်။ ဒါတွေက အရမ်းကြီးအရေးမပါပေမယ့် တစ်စုံတရာကောင်းကျိုးတော့ပေးနိုင်ပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ်ကျဉ်းမြောင်းတဲ့ ကျွှမ်းကျင်မှုတွေနဲ့ မကျေနပ်နေပါနဲ့။ ဟက်ကာအများစုကအများအမြင်မှာတော့ Programmer တွေပါပဲ။ ဒါပေမယ့် ဟက်ကာအစစ်တွေက တခြားဆက်နွယ်တဲ့အပိုင်းတွေမှာလဲ ကျွှမ်းကျင်သူတွေပါ။ System Administration, web design ပြီးတော့ PC Hardware troubleshooting အစရှိတဲ့အပိုင်းတွေကိုလည်း ကျွှမ်းကျင်ကြပါတယ်။ System Administrator လို့ပြောတဲ့ ဟက်ကာတစ်ယောက်က Script Programming နဲ့ Webdesign အပိုင်းတွေမှာလဲ Skill ကောင်းကောင်းရှိပါတယ်။ ဒါပေမယ့် သူတို့တွေက ယောင်ဝါးဝါးတွေတော့ မဟုတ်ကြဘူးနော်… သူတို့အကျွှမ်းကျင်ဆုံးအရာဆိုပြီးတော့ သီးသန့်လည်းရှိပါတယ်။ ကျွှန်တော်ရဲ့ဒီဆောင်းပါးကိုသင်ဖတ်ပြီးရင်သင် ကျွှန်တော့်ကိုမေးခွန်းတွေထပ်မေးချင်မှာသေချာသလောက်ရှိပါတယ်.. အဲဒီမေးခွန်းတွေကိုတခါတည်းကျွှန်တော်ဖြေပေးလိုက်ပါမယ် ။
Q: ကျွှန်တော်ဟက်ကာတစ်ယောက်ဖြစ်ပြီဆိုတာဘယ်လိုသိနို င်မလဲ ?
A: *သင် Coding တွေကို အရမ်းကိုကျွှမ်းကျွှမ်းကျင်ကျင်ရေးနိုင် ဖတ်နိုင် အသုံးချနိုင်နေပြီလား?
* Hacker Community ရဲ့ ရည်ရွယ်ချက်တွေနဲ့ တန်ဖိုးရှိမှုတွေကို သေချာသဘောပေါက်နားလည်လား?
* Hacker Community ထဲက Senior Member တစ်ယောက်ကသင့်ကို ဟက်ကာလို့ခေါ်လား။
ဒီသုံးခုစလုံး သင်က ဟုတ်တယ်ဆိုရင် တော့ သင်ကဟက်ကာပေါ့.. နှစ်ခုလောက်ပဲမှန်သေးရင်တော့ မဟုတ် သေးပါဘူး .. ကြိုးစားလိုက်ဦးနော်။

Q: ဘယ်လိုဟက်ကင်းလုပ်ရတယ်ဆိုတာ ကျွှန်တော့်ကိုသင်ပေးမှာလား?
A: ကျွှန်တော်ဒါရေးရင်ဒီလိုအပြောခံရမယ်ဆိုတာသိတယ်။ ကျွှန်တော့်မှာ သင့်ကိုသင်ပေးဖို့အချိန်လည်းမရှိဘူး.. Energy တွေကိုလည်းအသုံးမချနိုင်ဘူး ကျွှန်တော့်ရဲ့ ကိုယ်ပိုင် Project တွေနဲ့ကို ကျွှန်တော့ ရဲ့ အချိန် 110 % လောက် ကုန်နေ ရလို့ပါဗျာ။ထားပါတော့ ကျွှန်တော်ကသင်ပေးမယ်ပဲ..။ ခက်တာက Hacking ဆိုတာ ကိုယ့်ဟာကိုယ် သင်ယူရမယ့် attitude နဲ့ Skill ဖြစ်နေတာဗျ။ သင်အဲဒီလိုသာ သူများကိုသင်ပေးဖို့လိုက်ပြီးပြောနေရင် ဘယ်ဟက်ကာမှသင့်ကိုလေး စားမှာမဟုတ်ဘူး။ စိတ်မဆိုးနဲ့ ချစ်လို့ပြောတာ။ Tongue (ကျွှန်တော်လည်းဟက်ကာမဟုတ်ပါ)
Q: ဒါဖြင့်ရင် ကျွှန်တော်ဘယ်လိုစရမှာလဲ?
A: Linux User Group တစ်ခုခုအရင်ရှာပြီးရင်အကူအညီတောင်းအရင်ဆုံး Linux တစ်ခု install လုပ်လိုက်တာ အကောင်း ဆုံးဖြစ်မယ်ထင်တယ်။ အလွယ်ဆုံးကိုပြောကြည့်တာပါ။
Q: ကျွှန်တော်စဖို့နောက်များကျနေပြီလားမသိဘူးနော် ?
A: သင်စိတ်အားထက်သန်နေတဲ့အချိန်ဆိုရင် အခုပဲစတာကောင်းပါတယ်။ လူအများစုကတော့ 15 ကနေ 20 ကြားထဲမှာ စ ကြတာပဲဗျ။ ဒါပေမယ့် မတူဘူးပေါ့တစ်ယောက်နဲ့တစ်ယောက်ကတော့။
Q: ကျွှန်တော် Hack နိုင်ဖို့ဘယ်လောက်ကြာမလဲဟင်?
A: သင့်မှာ အရည်အချင်း(Talent) ဘယ်လောက်ရှိတဲ့ ဘယ်လောက်ကြိုးစားလဲဆိုတဲ့ပေါ်မှာပဲမူတည်မှာပေါ့ဗျာ။ တစ်နှစ်ခွဲ နှစ်နှစ်လောက်တစ်စိုက်မက်မက် မရပ်မနားလေ့လာရင် တော့ ဖြစ်သွားကြတာပါပဲ။ ဒီလောက်နဲ့တော့မပြီးဘူးနော် တ ကယ့် Master ဖြစ်ချင်ရင်တော့ ဆယ်နှစ်အနည်းဆုံးပဲ။ ဟက်ကာအစစ်တစ်ယောက်ဖြစ်သွားပြန်ရင်လည်း နောက်ကျ ကျန်မနေအောင်တော့ တစ်သက်လုံးလေ့လာရတော့မှာပေါ့။
Q: Visual Basic နဲ့ကျွှန်တော်စလိုက်ရင်ဘယ့်နှယ့်လဲ?
A: ဒီလိုမေးရင်တော့ သင် Microsoft Windows နဲ့နှစ်ပါးသွားချင်ပြီထင်တယ်။ ကောင်းမွန်တဲ့ စိတ်ကူးတစ်ခုတော့ မဟုတ်
ဘူးနော်။ မလုပ်ပါနဲ့လားဗျာ.. ။ အဲဒါရုပ်ဆိုးလွန်းပါတယ်။ Python တို့ C တို့ ကို ကျွှန်တော် recommend လုပ်ထား
တယ်လေ။ ပိုသင့်တော်လို့ပြောတာပါဗျာ။ အသေးစိတ်တော့မပြောနိုင်တော့ဘူး။
Q: ကျွှန်တော် System တစ်ခုကို Crack လုပ်ချင်လို့ ကူညီပါလားဗျာ..။ ဒါမှမဟုတ်သင်ပေးပါလား ?
A: ဆိုးပါတယ်ဗျာ။ဒီ FAQ တွေကိုဖတ်ပြီးတာတောင်သင်ဒါမျိုးမေးဦးမယ်ဆိုရင် သင်ဟာ educable မဖြစ်သေးဘူး တော်တော်လေးကို stupid ဖြစ်တာပဲဗျာ။ ဒါမျိုးကို Email နဲ့ မေးရင်လည်း ကျွှန်တော်လျှစ်လျှူရှုထားမှာပဲ။
Q: ကျွှန်တော်တခြားသူရဲ့ Gmail အကောင့်ရဲ့ password ဖြစ်ဖြစ်ပေါ့… အဲဒါဘယ်လိုယူလို့ရမလဲ ?
A: ပြသနာပဲ..။ အဲဒါ Cracking လို့ခေါ်တယ်ဗျ..။ အဲဒါမျိုးအားမပေးပါ။
Q: ကျွှန်တော် Cracked လုပ်ခံလိုက်ရတယ်ဗျာ.. ။ ကူညီပေးပါ။
A: ဒါမျိုးမေးရင် သင်သုံးတာ Microsoft Windows ဖြစ်မယ်ထင်တယ်။ Windows System က ပုံမှန်အားဖြင့် Crack လုပ်တာကို ကောင်းကောင်း မကာကွယ်နိုင်ဘူးဗျ။ အကောင်းဆုံးက Linux ဖြစ်ဖြစ် well Design ဖြစ်တာ ပြောင်း သုံးဗျာ။
Q: ကျွှန်တော့် Windows မှာပြသနာဖြစ်နေပြီ။ ကူပါဦး?
A: ကောင်းပြီလေ။ CMD ဖွင့်ပြီး.. “format c:” လို့ရိုက်လိုက်ပါ။ မိနစ်အနည်းအငယ်အတွင်းအားလုံး အဆင်ပြေသွားလိမ့်မယ်။
Q: ဟက်ကာအစစ်တွေနဲ့ ဘယ်နားမှာတွေ့နိုင်မလဲ?
A: သင့်ပြည်တွင်းက Unix or Linux user group တွေရှာပြီး တွေ့လို့ရတယ်လေ။ IRC နဲ့ Gtalk လိုဟာမှာတော့ မတွေ့နိုင်လောက်ဘူးနော်..။
Q: ဟက်ကာဖြစ်ဖို့ Maths ကောင်းစရာလိုလားမသိဘူး?
A: ကောင်းစရာတော့မလိုပါဘူး..။ trigo တို့ calculus တို့မလိုလောက်ပါဘူး.. (ချွှင်းချက်ရှိနိုင်သည်) formal logic နဲ့ Boolean algebra တွေတော့လိုလိမ့်မယ်။ အဓိကက logical ကျကျတွေးနိုင်ရမယ်။ reasoning ကောင်းရမယ်။ intelligence ရှိရမယ်။
Q: ကျွှန်တော်စလုပ်ချင်နေပါပြီ..။ စလုပ်ဖို့ တစ်ခုခုပေးပါ။
A: သင့်ရဲ့ စိတ်ဝင်စားမှုနဲ့ Talent ကိုမသိပဲကျွှန်တော်ဘာမှလုပ်ပေးလို့မရပါဘူး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ကိုယ့်အားကိုယ်ကိုးရမယ် သူများချပေးတဲ့လမ်းကြောင်းကိုလျှောက်ရင် အောင်မြင်မှုနဲ့ဝေးသွားမှာပေါ့ဗျာ။
Q: Mircrosoft ကိုမုန်းသင့်သလား?
A: Mircrosoft ကမုန်းစရာလားဗျာ။မုန်းမယ့်အစား ကိုယ်လုပ်စရာရှိတာသာလုပ်။
Q: Open Source ကြီးပဲရေးတော့ Programmer တွေရပ်တည်မှုအတွက် အဆင်ပြေပါ့မလား။?
A: မဟုတ်သေးဘူးဗျ။ Open Source Software Industry ရှိလာတဲ့အတွက် အလုပ်တွေပိုတိုးလာတာပဲ ရှိမယ်။ လျှော့မသွားဘူးလေဗျာ။ သူ့ဘာသူ open source ပဲဖြစ်ဖြစ် ရေးတဲ့သူက ပိုက်ဆံရမှာပဲလေ။ free software တွေဘယ်လောက်ပဲများများ သင်ပိုက်ဆံရမယ့်နည်းလမ်းရှိကိုရှိနေဦးမှာပါ။ သိပ်စိတ်ပူစရာမရှိပါဘူး။
Q: ကျွှန်တော် Free OS တစ်ခုလိုချင်တယ်.. Linux ဖြစ်ဖြစ်ပေါ့။?
A: ကျွှန်တော်တို့နဲ့ဆက်သွယ်ပါခင်ဗျာ။

ဝန်ခံချက်: Eric Steven Raymond ရေးသားသည့် How To Become A Hacker ကို အဓိကကိုးကား ရေးသားပါသည်။
အရေးအသားမကောင်းပါက ကျွှန်တော်ညံ့သောကြောင့်ဖြစ်ပြီး.. ကောင်းပါက မူရင်းစာရေးဆရာ တော်သောကြောင့်သာဖြစ်ပါကြောင်း.. မူရင်းဆောင်းပါးကိုသွားဖတ်ဖို့လည်း တိုက်တွန်းပါတယ်ခင်ဗျာ။

Credit to: BlackDevil

Link: http://www.donkboy.com/pages/hacker-howto.html

source from http://www.worldwidemyanmar.com

နက်ဝပ်ဆိုင်ရာ ပစ္စည်းများတွင် Wireless စနစ်သုံးပစ္စည်းများ အသုံးပြုမှု ပိုများလာ

၂၀၀၉ ခုနှစ်အတွင်း ပြည် တွင်း၌ Local Area Network (LAN) ချိတ်ဆက်မှုအတွက် Network ဆိုရင် Hardware များကို အသုံးပြုရာတွင် Wireless စနစ် သုံး ပစ္စည်းများကို ၀ယ်ယူမှု များ ပြားခဲ့ကြောင်း သိရသည်။“ပြီးခဲ့တဲ့ နှစ်အတွင်းမှာဆို ရင် Wireless Networking ပစ္စည်း တွေကို ရောင်းရတာ မရှိသလောက် နည်းခဲ့တယ်၊ အများဆုံးရှိရင် ၁၀ ရခိုင်နှုန်းပဲ၊ ဒီ ၂၀၀၉ ခုနှစ်အ တွင်းမှာတော့ Wireless ပစ္စည်း တွေကို ပိုပြီး စိတ်ဝင်စား ၀ယ်ယူ လာကြတယ်၊ တစ်နှစ်လုံးအနေနဲ့ ပြောရရင် Hardware ရောင်းအား မှာ Cable နဲ့ Wireless ကတစ်ဝက် စီလောက်ရှိတယ်၊ ဒီတစ်နှစ်ထဲမှာ အများကြီး တိုးလာပါတယ်” ဟု Networking ဆိုင်ရာ ပစ္စည်းများ ကို အဓိက ဖြန့်ဖြူးရောင်းချသှောုည်သါအေနွှနခ့ညသူသါပ မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ Local Area Network ချိတ် ဆက်မှုအတွက် အများဆုံး အသုံး ပြုသော Switch များနှင့် အင်တာ နက် ချိတ်ဆက်မှုအတွက် အသုံး ပြုသော Router များတွင် Wireless Router များ၏ ရောင်းအား က အများဆုံး မြင့်တက်ခဲ့ကြောင်း သိရသည်။ “အဓိက အကြောင်းက တော့ Wireles စနစ်ဖြစ်တဲ့ WiMax ကို အသုံးများလာတာ ကြောင့်ပါ၊ WiMax အသုံးများလာ ပြီး အင်တာနက်ဆိုင်တွေ၊ ကဖေး ဆိုင်တွေမှာ WiFi သုံးဖို့ပေးလာ တော့ Wireless Router တွေကို အသုံးများလာတာပါ၊ သူ့ရဲ့ အား သာချက်က Wireless သုံးလို့ရသ လို Cable နဲ့ သုံးချင်လည်း သုံး လို့ရတာကြောင့် WiMax မသုံးတဲ့ နေရာတွေမှာလည်းWireless Router တွေကိုပဲ ၀ယ်သုံးလာကြ တယ်” လို့ ပြောသည်။ ပြည်တွင်းဈေးကွက်အတွင်း ၌ ရောင်းချနေသော Wireless Router များမှာ D Link, SMC, Asus, Net Gear, Linksys စသ ဖြင့် အမျိုးမျိုးရှိကာ Router များ ၏ စွမ်းဆောင်ရည်မှာလည်း အမျိုးအစားနှင့် ဈေးနှုန်းကို လိုက် ၍ ကွာခြားကြောင်း သိရသည်။ စွမ်းဆောင်ရည် အမြင့်ဆုံး အမျိုး အစားများတွင် ကြားခံ အတား အဆီးမရှိပါက ပေ ၆၀၀ ခန့်အထိ Wireless အသုံးပြုနိုင်ကြောင်း သိ ရသည်။ Wireless Router များကို အင်တာနက်ဆိုင်များ၊ WiFi ပေး ထားသော ကဖေးဆိုင်များ၊ ပုဂ္ဂလိ ကရုံးများ စသည်တို့တွင် အသုံး များလာသော်လည်း Router အသုံး အများဆုံးဖြစ်သော ကွန်ပျူတာ ဂိမ်းများတွင်မူ Network ချိတ် ဆက်မှု ပိုမိုကောင်းမွန်သော Cable စနစ် Router များကိုသာ ပိုမို အသုံးပြုနေဆဲဖြစ်ကြောင်း သိရ သည်။
source from https://www.timetotimeonline.com

မြန်မာ့ဟက်ကာ တွေ Georgia အစိုးရရဲ့ ဆိုက်တစ်ခုကို ဟက်(Hack) လိုက်သည်ဟုဆို

BurmeseHackers ဆိုတဲ့ မြန်မာဟက်ကာအဖွဲ့ ဒီနေ့ Georgia ရဲ့

Code: http://www.moh.gov.ge



Home Page ကို Deface လုပ်ခဲ့ကာ server ကွန်ပျူတာ အထဲအထိကို ၀င်ရောက် မွေနှောက်ခဲ့ပါတယ်။
BurmeseHackers ဆိုတာ ဘယ်သူတွေမှန်း မသိသလို အရင်ကလည်း မကြားဖူးပါဘူး။ သေချာတာကတော့

undergroundhackers အဖွဲ့တစ်ဖွဲ့ပါပဲ။ မေးလ်ကတော့ughackersgroup{at}gmail.com လို့သိရပါတယ်။

သူတို့တွေက SQL Injection နဲ့ admin password ကိုရယူကာ c99 shell ကိုအသုံးပြုသွား ပုံရပါတယ် ဟု Planet Creator's Security Team and Hacker Group က ဆိုပါသည်။


Code :
[URL]http://www.planetcreator.net/2010/02/burmese-hackers-hacked-georgia-governments-web-www-moh-gov-ge/[/URL]



Image by Planet Creator

source from http://www.worldwidemyanmar.com

ထမနဲထိုး ပြိုင်ပွဲ ပြည်ပ ခရီးသွားများ စိတ်ဝင်စားစွာ လေ့လာ



ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့က ကျင်းပသော တတိယ အကြိမ် ထမနဲထိုး ပြိုင်ပွဲကို ၁၃၇၁ ခုနှစ် တပို့တွဲလပြည့် (ဇန်န၀ါရီ ၂၉ရက်) ညနေ ၄ နာရီတွင် ကျင်း ပရာ ကြည့်ရှု အားပေး သူများနှင့် အထူး စည်ကား ခဲ့သည်။ အဆိုပါ မြန်မာ့ရိုးရာ ထမနဲထိုး ပြိုင်ပွဲကို နိုင်ငံခြားသား ကမ္ဘာလှည့် ခရီး သွားများ စိတ်ပါဝင်စားစွာ လေ့ လာခဲ့ ကြောင်း တွေ့ရသည်။

ပြိုင်ပွဲကို ၄၅ မိနစ် သတ်မှတ် ယှဉ်ပြိုင်ကြရာ ထမနဲ၏ အနူး အနပ် အရသာ နှင့် ပြီးဆုံး ချိန်တို့ အပြင် လုပ်နည်း များကို အမှတ် ပေးကာ ဆုများ သတ်မှတ် ပေးခြင်း ဖြစ်သည်။

ပြိုင်ပွဲဝင် အသင်းများသည် ရှေးရိုး စဉ်လာ အတိုင်း ထိုးကွင်း မင်ကြောင်များ ကိုထိုးပြီး ပြိုင်ပွဲ ၀င်ကြခြင်း ကြောင့် လာရောက် ကြည့်ရှုသူ ပရိသတ်များ စိတ်ဝင် စား သဘောကျ လျက်ရှိ ကြသည်။ ပြည်ပ ခရီးသွား များက လည်း စိတ် ၀င်စားစွာဖြင့် ဓာတ်ပုံ မှတ်တမ်း များ ရိုက်ကာ မှတ်တမ်း တင်ကြ သည်။

ထမနဲ ထိုးပြိုင်ပွဲသို့ အသင်း ပေါင်း ၃၆သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ရာ အမှတ်တူ ဖြင့် ပထမနှစ်ဆုကို ပဉ္စဗာဓိ သမ္ဘာရ အသင်း နှင့် ဗုဒ္ဓဟူး ညနေ အသင်းတို့က ရရှိကြပြီး အတွင်းရေးမှူး ဌာနက ဒုတိယ၊ အုပ်ချုပ်ရေး ဌာနနှင့် ဗဟို လေဟာ ပြင် အသင်းက တတိယ၊ အထက် ပစ္စယာ အသင်းက စတုတ္ထ နှင့် ပြည်သူ့ ဆောက်လုပ် ရေး ဗဟိုသို လှောင်ရေးနှင့် လုပ်ငန်းဌာန တို့က ပဉ္စမဆု အသီသီး ရရှိကြောင်း၊ ဆုရ အသင်း ပေါင်း ၁၃ သင်း ရှိကြောင်း သိရသည်။

အေးမြခိုင်၊ ယဉ်ယဉ်လှ

source from http://www.themyanmarpost.com

တရုတ်ဟက်ကာတွေ သာမာန် Laptop ကနေ Touch Phone ကြီးပြောင်းနိုင်၏လော..



ဒါကတော့ အခုတစ်လောမှ အလွန်ကိုခေတ်စားနေတဲ့ တရုတ်ဟက်ကာတွေရဲ့ DIY Tech Wizard project ဆိုပြီး ကမ္ဘာ့နဲ့အ၀ှမ်း သန်းပေါင်းများစွာသော လူတွေ အကြည့်များတဲ့ post တစ်ခုပါ။ သူတို့ရဲ့
ဖော်ပြချက်အရတော့ ဒီလိုကိစ္စက ယုံရခက်တဲ့အထဲမှာပါနေပါတယ်။ တရုတ်ဟက်ကာတွေ
မတော်ဘူးလားဆိုတော့ တော်လည်းတော်ပါတယ်။ ဒီလိုတော်လို့လည်း အခုတရုတ်တွေက Cyber Warrior မှာ နာမည်ကြီးနေတာပေါ့။ အခု ထွက်ပေါ်လာတဲ့ DIY Tech wizard မှာတော့ တရုတ်ဟက်ကာတစ်ယောက် dell laptop တစ်ခုကို iPad ပုံပြောင်းလဲလိုက်တာပါပဲ။

ဒီတော့ ကျွန်တော်တို့တွေက ဒါကြီးက အတုကြီးဖြစ်မဖြစ်ကို ပြောရခက်နေပါတယ်။ ပုံမှာ Laptop Screen ကနေ Touch Sensitive တစ်ခုကိုပြောင်းလဲနိုင်မလား၊ ပြီးရင် ၄င်းအတိုင်းဆိုရင် Sim Card ကကော ဘယ်လိုလဲ။ နောက်တစ်ပိုင်းက ဘယ်လို Operating System ကိုသုံးထားတယ်ဆိုတာကော မသိရပါဘူး။ ရှင်းလင်းစွာမပြထားပါဘူး။

src: http://gizmodo.com/5464390/guy-transforms-laptop-into-giant-ipadish-cellphone-abomination#comments

source from http://www.worldwidemyanmar.com