Friday, March 26, 2010

ကျေးဇူးတင်ရှိခြင်း

ကျွန်တော် ဒီ ဘလော့လေးကို ရေးသားခြင်းက လူသားတိုင်းအတွက် မရှိမဖြစ်လိုအပ်ချက် တစ်ခုဖြစ်တဲ့ ကျန်းမာပျော်ရွှင် စိတ်ကြည်လင်မှုတွေကို ပိုင်ဆိုစေဖို့ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ ပထမ ဦးစွာ ကျေးဇူးတင်ထိုက်သူတွေကတော့ blogspot ကို ဖန်တီးထားတဲ့ admin တွေကို ကျေးဇူးအရမ်းတင်ရှိပါကြောင်း ကျွန်တော့်ရဲ့ ဒီ စာကြောင်းလေးတွေနဲ့ ဂါဝရ ပြုပရစေ။ ကျွန်တော့်ရဲ ဘလော့ဟာ ဒီအချိန်မှာပြီးပြည့်စုံခြင်းမရှိသေးပေမဲ့ များမကြာမီ အချိန်လေးအတွင်းမှာ လူသားတိုင်း အတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်တဲ့ စိတ်၏ကျန်းမာခြင်း၊ကိုယ်ကျန်းမာခြင်းတွေကို ပိုင်ဆိုင်သူဖြစ်စေဖို့၊ဘ၀ အလွမ်းပြေ အလှပန်းတွေ ဝေစေဖို့ ကျွန်တော့်ရဲ့ ဒီ ကဏ္ဍလေး နဲ့ လူသားတိုင်းအတွက် အကျိုးရှိစေဖို့ တစ်ဘက်တစ်လမ်းက အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။
အခု အချိန်ကနေစပြီး ကျွန်တော့်ရဲ့ ဘလောခ့်မှာ ကာယဗလနဲ့ ကာယအလှကို ဦးစားပေးဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အခြားအားကစားနည်းတွေက တိုးတက်ပြီးထွန်းကားနေတဲ့ အချိန်မှာ ကာယဗလ အားကစားနည်းဟာ တိုးတက်မှု မရှိပဲ မှေးမှိန်လာပါတယ်။ ဂျာနယ်များမှာလဲ ဘောလုံးပွဲတွေကိုပဲ အလေးပေးဖော်ပြနေပါတယ်။ကာယဗလနဲ့ ကာယ အလှ ဆိုတဲ့ အားကစားနည်းကို ဖော်ပြခဲ့ကြခြင်းမရှိခဲ့ပါ။ ဒါကြောင့် ဒီအားကစားနည်း မပျောက်ပျက်အောင် Bodybuilding ကို လူကြိုက်များလာအောင် ကျွန်တော်တို့တွေ တစ်ဖက်တစ်လမ်းကနေ အကူအညီများပေး၍ လူသားတိုင်း စိတ်ဝင်စားသော အားကစားအဖြစ် အသိအမှတ်ပြုအောင်လုပ်ဆောင်သွားရပါမည်။
စိတ်ရှုပ်တယ်။ဦးနှောက်စားတယ်။ အလုပ်ထဲမှာ စိတ်ညစ်စရာတွေ ကြုံလာရင် တစ်ယောက်တည်း လွတ်လပ်စွာနေရင်း၊အကြောင်းပြချက် မရှိတဲ့ အတွေးမျိုးတွေကို တွေးရင် စိတ်ညစ်မှုတွေကို ဖြေဖျောက်ဖို့ နည်းလမ်းတွေကို ရှာဖွေနေမိတယ်။ ဘ၀ဆိုတာ အခက်သားလား ဖြစ်ချင်တာတွေမဖြစ်၊မဖြစ်ချင်တာတွေဖြစ်နေရတဲ့အခါ ကြုံတွေ့နေရတဲ့ ခါးသီးမှုတွေကို ဘယ်လိုများ ဖြေဖျောက်ရပါ့မလဲ ဆိုတဲ့ ထွက်ပေါက်တွေကို ရှာနေမိတယ်။ မိမိ ဘ၀ကို ဘယ်လို control တွေနဲ့ ထိန်းချုပ် ရမယ်ဆိုတာ စမ်းတ၀ါးဝါးဖြစ်နေလေတော့ အဖြေကလဲ မရေမရာ မသေချာတဲ့ လူလောကထဲမှာ ဘယ်အချိန်အထိများ ရုန်းကန်လှုပ်ရှားရပါ့မလဲနော်။ အကြံအဥာဏ်တွေတော့ ရှိပါရဲ့ စွန့်စွန့်စားစား မလှုပ်ရှားရဲတာ ဘာကြောင့်လဲ background ဆိုတဲ့ တံတိုင်းကြီးမရှိလို့လား။အရမ်းအားငယ်တာပဲ။ ငယ်ရွယ်တဲ့ ဆယ်ကျော်သက် အရွယ်ထဲကနေ လူလတ်ပိုင်းရောက်တဲ့ အထိ လမ်းလျှောက်ရင်း ရင်းပျောက်နေတဲ့ ငါ့ရဲ့ ဘ၀ဟာ ငါအလိုရှိရာ ပန်းတိုင်းဆီ အရောက်လှမ်းနိုင်ဖို့ ငါ့မှာ လုံလောက်တဲ့ ခွန်အားတွေရှိနိုင်ပါ့မလား မိမိကို ယ်ကိုစမ်းစစ်ရင်း သေချာတာ တစ်ခုကိုတော့ လက်ဆုပ်ကိုင် အရယူချင်မိတယ်။သေချာတာကတော့ မိမိ ဘ၀ တစ်သက်စာအတွက် ကျန်းမာပျော်ရွှင်ဖို့ ကိုကာယ လေ့ကျင့်ခန်းကို အစဉ်အမြဲ လိုက်စားကြစို့။ ကာယဗလ ကို ကျွန်တော့် အတွေးနဲ့ အဓိပပ္ဂါယ် ဖွင့်ဆိုရမယ်ဆိုရင်တော့ ကာယ ကျန်းမာခြင်းအတွက်ဖြစ်ပြီး ဗလဆိုတာကတော့ မြင်သူတိုင်း ငေးလောက်တဲ့ ခန္ဒာကိုယ် အချိုးအစားတွေက်ု ပိုင်ဆိုင်ထားသူပေါ့။ကိုယ်ကာယ လေ့လာလိုက်စားသူတိုင်း စိတ်ကြည်နူးမှုတွေကို သာမက ကျန်းမာခြင်းဟူးသော ဘ၀ရဲ့ လိုအပ်ချက်တွေက ကိုယ်ကာယ လေ့ကျင့်ခန်းတွေကို ပြုလုပ်ခြင်းဖြင့် အကျိုးထူးတွေကို ခံစားရမှာ ဖြစ်ပါတယ်။ အသင်း အဖွဲ့လိုက်ဖြစ်စေ၊တစ်ဦးတစ်ယောက်တည်းပဲ ဖြစ်စေ ကိုယ်ကာယ လေ့ကျင့်ခန်းတွေကို ဂရုတစိုက် လေ့လာလိုက်စားခြင်ဖြင့် ရုပ်ပျိုကိုနု လှပတဲ့ ဘ၀လေးတစ်ခုကို ပိုင်ဆိုင်ရမယ်ဆိုတာ မလွဲ ဧကန်ပါပဲ။ ကိုယ်ကယကို လေ့လာလိုက်စားသူများအဖို့ မိမိတို့အတွက် အချိန်အများကြီးအကုန်ခံစရာမလိုပဲ ၁၅မိနစ်၊ နာရီဝက် ပြုလုပ်ခြင်းဖြင့် ကိုယ်ကျန်းမာခြင်း၊စိတ်ချမ်းသာခြင်းဆိုတဲ့ ကာယသုခ တွေကို ပိုင်ဆိုင်မှာပါ။

Sunday, March 14, 2010

အရေပြားကို Touchscreen Display အဖြစ် အသုံးပြုနိုင်တော့မည်

Microsoft Research နဲ့ Carnegie Mellon တက္ကသိုလ်မှ developer များဟာ အရေပြားကို touchscreen display အဖြစ်အသုံးပြုနိုင်စေမယ့် လက်ပတ်တစ်ခုအား အတူတကွ ဖန်တီးပြုလုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
၎င်းလက်ပတ်ဟာ ရှေ့ပြေးပုံစံအဖြစ်သာရှိသေးပြီး ၎င်းမှာပါဝင်တဲ့ သေးငယ်တဲ့ projector ဟာ ခေတ်မီဆန်းပြားတဲ့ sensor ဖြင့်
display ကိုဖန်တီးပေးမှာဖြစ်ပါတယ်။ ၎င်း gadget ကို Skinput ဟုခေါ်တွင်ပြီး audio device များကို ထိန်းချုပ်အသုံးပြုနိုင်သလို Tetris ကဲ့သို့ ရိုးရှင်းတဲ့ဂိမ်းများကို ကစားနိုင်သည့်အပြင် ဖုန်းခေါ်ဆိုမှုများနဲ့ browsing systems များကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Bluetooth ကဲ့သို့ wireless နည်းပညာကိုအသုံးပြုနိုင်ပြီး ဖုန်း၊ iPod နဲ့ ကွန်ပျူတာများကို ထိန်းချုပ်အသုံးပြုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါစနစ်ကို လူအယောက် ၂၀ တွင် အောင်မြင်စွာစမ်းသပ်ပြုလုပ်နိုင်ခဲ့ပြီး သုတေသီများရဲ့အဆိုအရ ၎င်းစနစ်ကို လမ်းလျှောက်တဲ့အခါ ဒါမှမဟုတ် ပြေးနေတဲ့အခါတွေမှာလည်း အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါစနစ်ကို လာမယ့်ဧပြီလ၌ ဂျော်ဂျီယာပြည်နယ်မှာကျင်းပမယ့် Computer-Human Interaction အစည်းအဝေးတွင် ပြသသွားရန် စီစဉ်ထားကြောင်းလည်းသိရပါတယ်။
source from http://www.myanmarinternetjournal.com

ဘ၀က ပေးသော သင်ခန်းစာ (၁)

လောကမှာ လူတွေဟာ အကြောင်းအရာ တစ်ခုကို ပိုင်ပိုင်နိုင်နိုင် မဆုံးဖြတ်နိုင်ရင် ဆုံးဖြတ်ရဲနိုင်တဲ့ အကျင့်မရှိရင် အဲ့ ဒီလူဟာ လောကအလယ်မှာ အရှုံးတွေကို ပိုင်ဆိုင်ထားတဲ့ သူပေါ့။ တစ်နည်း ပြောရရင် မိမိ လုပ်သမျှ မှားလား ၊ မှန်လား မဝေခွဲနိုင်၊ မဆုံးဖြတ်နိုင်သူ တစ်ယောက်အနေနဲ့ မည့်ကဲ့သို့သော အောင်မြင်မှုတွေနဲ့ ဘ၀လမ်းကို လျှောက်လှမ်း နိုင်မလဲ ဆိုတာကတော့ ဆင် ကန်းကြီး တော တိုးနေသကဲ့သို့ လမ်းမှားတွေချည်း ရောက်နေမှာ အမှန်ပါ။ တစ်ခါတစ်လေတော့လဲ မိမိ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေး စဉ်းစားနေရင်း အချိန်တွေ ကုန်းသွားမှာပါ။ လမ်းစဉ်မှန်ကို မရောက်နိုင်ပဲ ချာချာလည်နေတဲ့ ဘ၀ရဲ့ အမှား၊အမှန် သင်ခန်းစာတွေကို အတုယူရင်း လူ့ ဘ၀နဲ့ လူ့ပတ်ဝန်းကျင်မှာ လူတော်၊လူမော် ကောင်းတစ်ယောက်၊ စံပြ ပုဂ္ဂိုလ်ကောင်း တစ်ယောက်အဖြစ် နေထိုင်းရင်း အောင်မြင်မှု လမ်းစတွေကို ရှာဖွေ လျှောက်လှမ်းရမှာက မိမိရဲ့တာဝန်ပါ။ လူတိုင်း လူတိုင်းမည်သူမဆို မွေးကတည်းက သူကတော့ ဆရာဝန် ဖြစ်ရမယ် သူကတော့ စစ်ဗိုလ်တစ်ယောက်ဖြစ်မယ်လို့မည်သူကမှပုံသေတွက်စလို့မရပါဘူး မိမိရဲ့ စိတ်အားသန်မှု၊၀ါသနာပါမှု၊အကြောင်းအကျိုးစပ်ဆက်နေမှု၊ ဘ၀ပေး ကုသိုလ်၊ မိမိရဲ့ ကြိုးစားမှုတွေ တိုက်ဆိုင်မှ သာလျှင် မိမိ ရည်မှန်းထားတဲ့ ပစ်မှတ်ကို ရောက်ရှိမှာပါ။ အများအားဖြင့်တော့ မိမိ ရည်မှန်းချက်တွေဟာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပဲ ဖြစ်နေတက်ပါတယ်။ တစ်ချို့က များများကြံပြီး နည်းနည်းရသွားတက်သလို၊ နည်းနည်းကြံပြီး များများရသွားတာလဲ ရှိပါတယ်။ ဘ၀ကံကြမ္မာကို ဥာဏ်များလို့မရနိုင်သလို ဖြစ်နေတဲ့ ဘ၀ကိုလဲ ရောင်ရဲတင်းတိမ်ပြီး ကြံကြံခံနိုင်ဖို့တော့လိုပါတယ်။ ဒါမှ သာလျှင် အောင်မြင်မှုတွေရှိတဲ့နေရာကို အရောက်လှမ်းနိုင်မှာပါ။မိမိ ဒုက္ခရောက်တဲ့အခါမှာ ကိုယ့်ကို စိတ်သက်သာမှုရအောင် ကယ်နိုင်မဲ့သူဟာမိမိ မှတပါးအခြားမရှိ၊ဒါကြောင့် မိမိ ဘ၀ကို မိမိသာလျှင် စီမံ၍ ဆုံးဖြတ်ရမည်သာဖြစ်ပေသည်။

မေမေ ပြောတဲ့ အမောပြေ

ကျွန်တော် ဆယ်ကျော်သက် အရွယ်တုန်းက မေမေ ပြောတာ ပြန်သတိရမိတယ် မေမေက ဘယ်လိုပြောခဲ့သလဲ ဆိုတော့ ငါ့သား လောကမှာ လှတာလေးနဲ့ အမောမပြေနိုင်ဘူးတဲ့ မင်းအမောပြေစေဖို့၊ မင်းကို ချစ်မြတ်နိုးနိုင်မဲ့ မိန်းမကောင်းတစ်ယောက်ကို ငါ့သား ရှာယူတော့တဲ့ မိန်းမ ပေါတယ် မယားရှားတယ်တဲ့၊ ဒီခေတ် မိန်းကလေးတွေက ရင်ထဲက အချစ်ထက် အပေါ်ယံ အချစ်ကိုပဲ တန်းဖိုးထားတက်ကြတယ်တဲ့ ။မိန်မ ဖြတ်လိုဲ့ပြည်ပျက်တယ်တဲ့။ မိမိနဲ့ လိုက်လျော ညီထွေတဲ့ မိမိကို သစ္စာရှိနိုင်မဲ့ မိန်းမကောင်းကို ရှာယူပါတဲ့ အဲ့ဒီ မိန်းကလေးဟာ ဒီလောကမှာ ရှိနိုင်ပေမဲ့ ရှားတယ်တဲ့။ တစ်ခါတစ်လေတော့လဲ ကိုပေးလိုက်ရတဲ့ ရင်းနှီးမှု ကြီးမားတဲ့ အရာတွေဟာ ပြန်ရရှိလိုက်တာကတော့ ၀မ်းနည်းမှုတွေပါတဲ့ အရှုံး သက်သက်ပါ။ ထာဝရတာ ပိုင်ဆိုင် ရမယ်လို့ သံဓိဌာန်ချထားလဲ စိတ်ကူးနဲ့ လက်တွေဟာ ထပ်တူ မကျရောက်နိုင်ဘူးဆိုတာ ရှုံးဆုံးမှုတွေ များလွန်းလှတဲ့ ကျွန်တော့် အတွက်တော့ ပြောမပြလောက်အောင်ဖြစ်ခဲ့ရပါပြီ။လောကမှာ သိပ်ရင်းနှီးပြီး အကျွမ်းဝာ၀င်ရှိကြတဲ့ သူငယ်ချင်းတွေဟာလဲ တစ်ခါတစ်လေတော့ ဘာမဟုတ်တဲ့ ကိစ္စလေးတွေကြောင့် ကျောခိုင်းသွားကြတယ်။ လူသားတွေရဲ့ လိုအပ်ချက်ဟာဘာလဲ… ကျွန်တော် သိလိုက်တာကတော့ လူတစ်ယောက်ရဲ့ ရှိသင့် ရှိထိုက်တဲ့ အရည်အချင်းတွေလား၊ မဟုတ်သေးဘူးထင်တယ်၊ငွေဆိုတဲ့ ပကာသန ကြောင့်လား ဒါမှာမဟုတ် နားလည်မှုဆိုတဲ့သံယောဇဉ်တွေပဲလား အရာအားလုံးဟာ ကျွန်တော့်အတွက်တော့ ဇဝေဇ၀ါ နဲ့ပါလား၊ကျွန်တော့် ဘ၀မှာ နာကျည်းမှုတွေ ခံစားချက်တွေများလာတော့ ၀မ်းနည်းမှု သံဇဉ်တွေဆို နားမထောင်ရဲလောက်အောင်ဖြစ်နေလေရဲ့။ ကျွန်တော့်အတွက်တော့ မေမေ ပြောတဲ့ အမောပြေကို လိုက်ရှာရင်း ကျွန်းတော့်ရဲ့ ဆယ်ကျော်သက်ဆိုတဲ့ အရွယ်ကိုတောင် စွန်လွှတ်၍ အရာရာကို စဉ်းစားတက်တဲ့ အရွယ်တောင် ရောက်ခဲ့ပြီပေါ့။အရာရာကို ဖြစ်ချင်စိတ်များပြီး လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ ကျွန်တော့်ရဲ့ ငယ်ရွယ်တဲ့ အချိန်ကို ကုစားမရနိုင်တော့သလို နောက်တစ်ခါ အမှား မလုပ်မိဖို့ မိမိကိုကို အမြဲ ဆင်ခြင်ရင်း ဘ၀တိုက်ပွဲကို ရဲရဲ ရင့်ရင့် ရင်ဆိုင်ကျော်လွှားကာ ကျွန်တော့ရဲ့ ရည်မှန်းချက် ပန်းတိုင်သို့ အရောက်လှမ်းရင် မေမေပြောတဲ့ အမောပြေကို ရှာဖွေ နေမိတယ်။အားလုံး ဘ၀အမောပြေ၊ အလှပန်းတွေ ဝေစေနိုင်ဖို့ အချိန်ရှိခိုက် လုံ့လ စိုက်စို့။

သေချာတယ် ချစ်မိသွားပြီ

တစ်စုံတစ်ယောက်ကို စိတ်ဝင်စားမိတာကို/ ချစ်မိတာကို
ဒီအချက်ကလေးတွေကြည့်ပြီးသိနိုင်ပါတယ်

၁။ ဘယ်လောက်ပဲအိပ်ချင်နေပါစေ၊ အိပ်ခါနီးလေးမှာ
သူ့အကြောင်းကိုစဉ်းစားမိတယ်ဆိုရင် သေချာပါတယ်… သူ့ကိုချစ်မိသွားလို့ပါပဲ။
၂။ အားနေတဲ့အချိန်လေးတွေမှာ တောင်
သူကြိုက်တာလေးတွေလုပ်ပေးမယ်ဆိုတဲ့အတွေးဝင်လာတယ်ဆိုရင် လည်းသေချာပါတယ်….
သူ့ကိုချစ်မိသွားလို့ပါပဲ။
၃။ သူနဲ့ပါတ်သတ်သမျှ အကြောင်းအရာ လေးတွေကို နေ့စဉ်နဲ့အမျှ ဂရုတစိုက်
အလေးထားပေးတယ်ဆိုရင်လဲ သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။
၎။ ဘယ်လောက်ပဲအလုပ် ရှုပ်ရှုပ် ဖုန်းကိုဖွင့်ထားပြီး သူပို့လာမယ့် message
သို့မဟုတ် သူဆက်လာမယ့် ဖုန်းသံလေးကို စောင့်မျှော်နေမိတယ်ဆိုရင်
သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။
၅။ သူနဲ့ နှစ်ယောက်တည်း စကားပြောရတာကြိုက်တယ်ဆိုရင်
သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။
၆။ အတူတူရှိတဲ့အချိန် (ဥပမာ။ ။ bus carပေါ်မှာပဲဖြစ်ဖြစ် ၊
canteenထဲမှာပဲဖြစ်ဖြစ် ) သူ့ကို ဂရုမစိုက်ချင်ယောင်ဆောင်နေပေ မယ့်
မြင်ကွင်းထဲက သူပျောက်သွားရင်အပူတပြင်းလိုက်ရှာနေရတာ ပဲဖြစ်ဖြစ်၊
မကြာမကြာခိုးခိုးကြည့်နေတာရင်ပဲ ဖြစ်ဖြစ်
သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။
၇။ သူဖျားနာနေရင် ထိခိုက်ဒဏ်ရာရလာရင် လိုအပ်တာထက်ပိုပြီး စိုးရိမ်မိရင်
သေချာပါတယ်…သူ့ကိုချစ်မိသွား လို့ပါပဲ။

၈။ တစ်ခြား လူအပေါ် သူက စေတနာပိုသွားရင်၊ လိုအပ်တာထက်ပိုပြီး စကားပြောမိရင်၊
ကို့စိတ်ထဲကနေ မနာလို သ၀န်တို ပြီး ဒေါသထွက်လာရင်
သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။

၉။ သူနဲ့မျက်နှာချင်းဆိုင်ပြီး စကားပြောနေရင် သူ့အပြုံးလေးကို ငေးကြည့်ပြီး
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ပြီး အထစ်အထစ်ဖြစ်သွားရင်
သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။

၁၀။ သူ့အကြောင်းတွေ၊ သူ့သတင်းတွေ ကို အမြဲနားစွင့်တတ်၊ စုံစမ်းနေမိတတ် ရင်လဲ
သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။

၁၁။ သူနဲ့ပါတ်သတ်တဲ့ ပစ္စည်းလေးတွေကို အမှတ်တရ သိမ်းထားမိတတ်တယ်ဆိုရင်
သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။

၁၂။ online တက်နေရင်းသူ online တက်လာမဲ့အချိန်ကို စောင့်မျှော်နေမိတာမျိုး၊
သူနဲ့ချက်နေရင်း သူ offline ဖြစ်သွားမှာကိုကြောက်နေတာမျိုး၊ သူရေးထားတင်ထားတဲ့
custom message နဲ့ picture ကိုကြည့်ပြီး စိတ်ထဲမှာ စိုးရိမ်နေတာမျိုးဖြစ်
နေရင် သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။

၁၃။ အဆုံးပိတ် … ဒီစာဖတ်နေတဲ့အချိန်မှာ သူ့ကိုသတိရသွားရင် လည်း… သေချာပါတယ်…
သူ့ကိုချစ်မိသွားလို့ပါပဲ။

(ဟုတ်ရဲ့လား၊ ခေါင်းကို တစ်ဖက်လှည့်ပြီး ရှက်ရမ်း ရမ်းပြီး ရယ်မနေပါနဲ့ ဟဲဟဲ)
From forward mail