Wednesday, January 27, 2010

ဝက် ၂၉ ကောင်ကို အရှင်လတ်လတ် ရေခဲရိုက်သော သိပ္ပံပညာရှင်များ

လူသားများ ရေခဲပြင်နှင်းထု အောက်တွင် ကာလမည်မျှကြာမြင့်စွာ အသက်ရှင်ရပ်တည်နိုင်မည်ကို သိလို သောကြောင့် စမ်းသပ်မှုတစ်ခုအနေဖြင့် ဝက် ၂၉ ကောင်ကို အသက်ရှင်လျက် ဆီးနှင်းထုအတွင်းသို့ မြှုပ်ခဲ့သော သြစတြီးယန်းသိပ္ပံပညာရှင်များကို ဗီယင်နာအခြေစိုက် တိရစ္ဆာန်အခွင့် အရေး လှုပ်ရှားသူများနှင့် ဂျာမန် တိရစ္ဆာန်စာနာမှုအဖွဲ့တစ်ဖွဲ့က တရား စွဲဆိုလိုက်ကြောင်း AFP သတင်း တစ်ရပ်က ဖော်ပြထားသည်။ ရက်စက်ကြမ်းကြုတ်သောအပြု အမူဟု ရှုတ်ချကာ အဆိုပါသုတေသန အဖွဲ့ကို ပူးတွဲတရားစွဲဆိုထားခြင်းဖြစ် သည်။ ၎င်းတို့တရားစွဲဆိုတင်ပြထားရာ Innsbruck တရားရုံးမှ ဥပဒေသမား များက အဆိုပါအမှုကို ကိုင်တွယ်ရန် စဉ်း စားလျက်ရှိသည်ဟု သိရသည်။ အဆိုပါ ကန့်ကွက်သံများဆူညံလာသောကြောင့် စီမံကိန်းကို နာရီအနည်းငယ်အတွင်း ရပ်တန့်လိုက်သော်လည်း အရှင်လတ် လတ်ရေခဲရိုက်ခံရသော အဆိုပါသနား စရာ ဝက် ၂၉ ကောင်အနက် ၁ဝ ကောင် သေဆုံးသွားခဲ့ရသည်။ တိရစ္ဆာန်အခွင့် အရေးကာကွယ်စောင့်ရှောက်သူများက Innsbuck တက္ကသိုလ်မှပညာရှင်များ၏ လုပ်ရပ်ကို သဘာဝမကျသောရက်စက် မှုဟု ပြောဆိုကာ ရှုတ်ချထားသည်။ ''နှင်းခဲတွေအောက်မှာ လေအိတ် ကို အသုံးပြုပြီး အသက် ဘယ်လောက် အထိ ရှင်နိုင်သလဲဆိုတာကို ကျွန်တော် တို့က လေ့လာတာပါ။ ဝက်တွေကို လည်း စိတ်ငြိမ်ဆေးပေးထားပြီး အာ ဏာပိုင်ခွင့်ပြုချက်အရ လုပ်ရတာပါ'' ဟု ပညာရှင်တစ်ဦးက တုံ့ပြန်ထားသည်။ လူသားများကို ကယ်တင်နည်း သစ်တစ်ခုရရန် စမ်းသပ်ခြင်းဖြစ် ကြောင်း၎င်းက ရှင်းလင်းပြောဆို သည်။

No comments: