Thursday, January 28, 2010

ရတနာပုံ အသင်းသည် ၎င်းတို့၏ ကျောနံပါတ် ၁၂ အား မည်သည့် ကစားသမား ကိုမျှ ၀တ်ဆင်ခွင့် မပြူတော

ရတနာပုံ အသင်းသည် ၎င်းတို့၏ ကျောနံပါတ် ၁၂ အား မည်သည့် ကစားသမား ကိုမျှ ၀တ်ဆင်ခွင့် မပြူတော့ဘဲ ထာဝရ အနားပေး တော့မည်ဟု အသင်းပိုင် ၀က်ဘ်ဆိုက်မှ ထုတ်ပြန် ကြေညာခဲ့သည်။

ရတနာပုံ အသင်း ပရိသတ်များက ၎င်းတို့၏ အားပေးမှုကို အသိအမှတ် ပြုပေးပါရန် တောင်းဆို လာသဖြင့် ပိုင်ရှင် ဖြစ်သူ ဒေါက်တာ စိုင်းဆမ်ထွန်းက ယင်းသို့ ဆောင်ရွက် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဒေါက်တာ စိုင်းဆမ်ထွန်းက ပရိသတ် များသည် အချို့ ပွဲများတွင် သွေး၊ ချွေးများ စတေးကာ အချိန်၊ ငွေ၊ လူအားဖြင့် စိုက်ထုတ် အားပေး ခဲ့ကြကြောင်း၊ ရတနာပုံ ဘောလုံး ကလပ် သမိုင်း ရေးထိုးကာစတွင် ပရိသတ် များ၏ အခန်း ကဏ္ဍမှာ လွန်စွာ အရေးပါကြောင်း၊ ထို့ကြောင့် ပရိသတ်များကို အသင်း၏ ၁၂ ယောက်မြောက် ကစားသမား အနေဖြင့် သတ်မှတ်ကာ ကျောနံပါတ် ၁၂ ကို အနားပေး ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြား သွားခဲ့သည်။

ရတနာပုံ အသင်းသည် မြန်မာ နေရှင်နယ် အမှတ်ပေး လိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် အသင်း ဖြစ်ပြီး MNL Cup ချန်ပီယံ လည်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ အသင်းသည် လာမည့် ဘောလုံး ရာသီတွင် AFC President’s Cup ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည့် အသင်းလည်း ဖြစ်သည်။ လတ်တလောတွင် ရတနာပုံ အသင်းသည် ဗီယက်နမ် နိုင်ငံ၌ ဟောင်အန်း ဂယ်လိုင်း အသင်းနှင့် ခြေစမ်းပွဲ ကစားရန် စီစဉ် ထားသည်ဟု သိရသည်။
Source from soccer myanmar

No comments: