Sunday, March 14, 2010

ဘ၀က ပေးသော သင်ခန်းစာ (၁)

လောကမှာ လူတွေဟာ အကြောင်းအရာ တစ်ခုကို ပိုင်ပိုင်နိုင်နိုင် မဆုံးဖြတ်နိုင်ရင် ဆုံးဖြတ်ရဲနိုင်တဲ့ အကျင့်မရှိရင် အဲ့ ဒီလူဟာ လောကအလယ်မှာ အရှုံးတွေကို ပိုင်ဆိုင်ထားတဲ့ သူပေါ့။ တစ်နည်း ပြောရရင် မိမိ လုပ်သမျှ မှားလား ၊ မှန်လား မဝေခွဲနိုင်၊ မဆုံးဖြတ်နိုင်သူ တစ်ယောက်အနေနဲ့ မည့်ကဲ့သို့သော အောင်မြင်မှုတွေနဲ့ ဘ၀လမ်းကို လျှောက်လှမ်း နိုင်မလဲ ဆိုတာကတော့ ဆင် ကန်းကြီး တော တိုးနေသကဲ့သို့ လမ်းမှားတွေချည်း ရောက်နေမှာ အမှန်ပါ။ တစ်ခါတစ်လေတော့လဲ မိမိ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေး စဉ်းစားနေရင်း အချိန်တွေ ကုန်းသွားမှာပါ။ လမ်းစဉ်မှန်ကို မရောက်နိုင်ပဲ ချာချာလည်နေတဲ့ ဘ၀ရဲ့ အမှား၊အမှန် သင်ခန်းစာတွေကို အတုယူရင်း လူ့ ဘ၀နဲ့ လူ့ပတ်ဝန်းကျင်မှာ လူတော်၊လူမော် ကောင်းတစ်ယောက်၊ စံပြ ပုဂ္ဂိုလ်ကောင်း တစ်ယောက်အဖြစ် နေထိုင်းရင်း အောင်မြင်မှု လမ်းစတွေကို ရှာဖွေ လျှောက်လှမ်းရမှာက မိမိရဲ့တာဝန်ပါ။ လူတိုင်း လူတိုင်းမည်သူမဆို မွေးကတည်းက သူကတော့ ဆရာဝန် ဖြစ်ရမယ် သူကတော့ စစ်ဗိုလ်တစ်ယောက်ဖြစ်မယ်လို့မည်သူကမှပုံသေတွက်စလို့မရပါဘူး မိမိရဲ့ စိတ်အားသန်မှု၊၀ါသနာပါမှု၊အကြောင်းအကျိုးစပ်ဆက်နေမှု၊ ဘ၀ပေး ကုသိုလ်၊ မိမိရဲ့ ကြိုးစားမှုတွေ တိုက်ဆိုင်မှ သာလျှင် မိမိ ရည်မှန်းထားတဲ့ ပစ်မှတ်ကို ရောက်ရှိမှာပါ။ အများအားဖြင့်တော့ မိမိ ရည်မှန်းချက်တွေဟာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပဲ ဖြစ်နေတက်ပါတယ်။ တစ်ချို့က များများကြံပြီး နည်းနည်းရသွားတက်သလို၊ နည်းနည်းကြံပြီး များများရသွားတာလဲ ရှိပါတယ်။ ဘ၀ကံကြမ္မာကို ဥာဏ်များလို့မရနိုင်သလို ဖြစ်နေတဲ့ ဘ၀ကိုလဲ ရောင်ရဲတင်းတိမ်ပြီး ကြံကြံခံနိုင်ဖို့တော့လိုပါတယ်။ ဒါမှ သာလျှင် အောင်မြင်မှုတွေရှိတဲ့နေရာကို အရောက်လှမ်းနိုင်မှာပါ။မိမိ ဒုက္ခရောက်တဲ့အခါမှာ ကိုယ့်ကို စိတ်သက်သာမှုရအောင် ကယ်နိုင်မဲ့သူဟာမိမိ မှတပါးအခြားမရှိ၊ဒါကြောင့် မိမိ ဘ၀ကို မိမိသာလျှင် စီမံ၍ ဆုံးဖြတ်ရမည်သာဖြစ်ပေသည်။

No comments: