Friday, March 26, 2010

ကျေးဇူးတင်ရှိခြင်း

ကျွန်တော် ဒီ ဘလော့လေးကို ရေးသားခြင်းက လူသားတိုင်းအတွက် မရှိမဖြစ်လိုအပ်ချက် တစ်ခုဖြစ်တဲ့ ကျန်းမာပျော်ရွှင် စိတ်ကြည်လင်မှုတွေကို ပိုင်ဆိုစေဖို့ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ ပထမ ဦးစွာ ကျေးဇူးတင်ထိုက်သူတွေကတော့ blogspot ကို ဖန်တီးထားတဲ့ admin တွေကို ကျေးဇူးအရမ်းတင်ရှိပါကြောင်း ကျွန်တော့်ရဲ့ ဒီ စာကြောင်းလေးတွေနဲ့ ဂါဝရ ပြုပရစေ။ ကျွန်တော့်ရဲ ဘလော့ဟာ ဒီအချိန်မှာပြီးပြည့်စုံခြင်းမရှိသေးပေမဲ့ များမကြာမီ အချိန်လေးအတွင်းမှာ လူသားတိုင်း အတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်တဲ့ စိတ်၏ကျန်းမာခြင်း၊ကိုယ်ကျန်းမာခြင်းတွေကို ပိုင်ဆိုင်သူဖြစ်စေဖို့၊ဘ၀ အလွမ်းပြေ အလှပန်းတွေ ဝေစေဖို့ ကျွန်တော့်ရဲ့ ဒီ ကဏ္ဍလေး နဲ့ လူသားတိုင်းအတွက် အကျိုးရှိစေဖို့ တစ်ဘက်တစ်လမ်းက အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။
အခု အချိန်ကနေစပြီး ကျွန်တော့်ရဲ့ ဘလောခ့်မှာ ကာယဗလနဲ့ ကာယအလှကို ဦးစားပေးဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အခြားအားကစားနည်းတွေက တိုးတက်ပြီးထွန်းကားနေတဲ့ အချိန်မှာ ကာယဗလ အားကစားနည်းဟာ တိုးတက်မှု မရှိပဲ မှေးမှိန်လာပါတယ်။ ဂျာနယ်များမှာလဲ ဘောလုံးပွဲတွေကိုပဲ အလေးပေးဖော်ပြနေပါတယ်။ကာယဗလနဲ့ ကာယ အလှ ဆိုတဲ့ အားကစားနည်းကို ဖော်ပြခဲ့ကြခြင်းမရှိခဲ့ပါ။ ဒါကြောင့် ဒီအားကစားနည်း မပျောက်ပျက်အောင် Bodybuilding ကို လူကြိုက်များလာအောင် ကျွန်တော်တို့တွေ တစ်ဖက်တစ်လမ်းကနေ အကူအညီများပေး၍ လူသားတိုင်း စိတ်ဝင်စားသော အားကစားအဖြစ် အသိအမှတ်ပြုအောင်လုပ်ဆောင်သွားရပါမည်။
စိတ်ရှုပ်တယ်။ဦးနှောက်စားတယ်။ အလုပ်ထဲမှာ စိတ်ညစ်စရာတွေ ကြုံလာရင် တစ်ယောက်တည်း လွတ်လပ်စွာနေရင်း၊အကြောင်းပြချက် မရှိတဲ့ အတွေးမျိုးတွေကို တွေးရင် စိတ်ညစ်မှုတွေကို ဖြေဖျောက်ဖို့ နည်းလမ်းတွေကို ရှာဖွေနေမိတယ်။ ဘ၀ဆိုတာ အခက်သားလား ဖြစ်ချင်တာတွေမဖြစ်၊မဖြစ်ချင်တာတွေဖြစ်နေရတဲ့အခါ ကြုံတွေ့နေရတဲ့ ခါးသီးမှုတွေကို ဘယ်လိုများ ဖြေဖျောက်ရပါ့မလဲ ဆိုတဲ့ ထွက်ပေါက်တွေကို ရှာနေမိတယ်။ မိမိ ဘ၀ကို ဘယ်လို control တွေနဲ့ ထိန်းချုပ် ရမယ်ဆိုတာ စမ်းတ၀ါးဝါးဖြစ်နေလေတော့ အဖြေကလဲ မရေမရာ မသေချာတဲ့ လူလောကထဲမှာ ဘယ်အချိန်အထိများ ရုန်းကန်လှုပ်ရှားရပါ့မလဲနော်။ အကြံအဥာဏ်တွေတော့ ရှိပါရဲ့ စွန့်စွန့်စားစား မလှုပ်ရှားရဲတာ ဘာကြောင့်လဲ background ဆိုတဲ့ တံတိုင်းကြီးမရှိလို့လား။အရမ်းအားငယ်တာပဲ။ ငယ်ရွယ်တဲ့ ဆယ်ကျော်သက် အရွယ်ထဲကနေ လူလတ်ပိုင်းရောက်တဲ့ အထိ လမ်းလျှောက်ရင်း ရင်းပျောက်နေတဲ့ ငါ့ရဲ့ ဘ၀ဟာ ငါအလိုရှိရာ ပန်းတိုင်းဆီ အရောက်လှမ်းနိုင်ဖို့ ငါ့မှာ လုံလောက်တဲ့ ခွန်အားတွေရှိနိုင်ပါ့မလား မိမိကို ယ်ကိုစမ်းစစ်ရင်း သေချာတာ တစ်ခုကိုတော့ လက်ဆုပ်ကိုင် အရယူချင်မိတယ်။သေချာတာကတော့ မိမိ ဘ၀ တစ်သက်စာအတွက် ကျန်းမာပျော်ရွှင်ဖို့ ကိုကာယ လေ့ကျင့်ခန်းကို အစဉ်အမြဲ လိုက်စားကြစို့။ ကာယဗလ ကို ကျွန်တော့် အတွေးနဲ့ အဓိပပ္ဂါယ် ဖွင့်ဆိုရမယ်ဆိုရင်တော့ ကာယ ကျန်းမာခြင်းအတွက်ဖြစ်ပြီး ဗလဆိုတာကတော့ မြင်သူတိုင်း ငေးလောက်တဲ့ ခန္ဒာကိုယ် အချိုးအစားတွေက်ု ပိုင်ဆိုင်ထားသူပေါ့။ကိုယ်ကာယ လေ့လာလိုက်စားသူတိုင်း စိတ်ကြည်နူးမှုတွေကို သာမက ကျန်းမာခြင်းဟူးသော ဘ၀ရဲ့ လိုအပ်ချက်တွေက ကိုယ်ကာယ လေ့ကျင့်ခန်းတွေကို ပြုလုပ်ခြင်းဖြင့် အကျိုးထူးတွေကို ခံစားရမှာ ဖြစ်ပါတယ်။ အသင်း အဖွဲ့လိုက်ဖြစ်စေ၊တစ်ဦးတစ်ယောက်တည်းပဲ ဖြစ်စေ ကိုယ်ကာယ လေ့ကျင့်ခန်းတွေကို ဂရုတစိုက် လေ့လာလိုက်စားခြင်ဖြင့် ရုပ်ပျိုကိုနု လှပတဲ့ ဘ၀လေးတစ်ခုကို ပိုင်ဆိုင်ရမယ်ဆိုတာ မလွဲ ဧကန်ပါပဲ။ ကိုယ်ကယကို လေ့လာလိုက်စားသူများအဖို့ မိမိတို့အတွက် အချိန်အများကြီးအကုန်ခံစရာမလိုပဲ ၁၅မိနစ်၊ နာရီဝက် ပြုလုပ်ခြင်းဖြင့် ကိုယ်ကျန်းမာခြင်း၊စိတ်ချမ်းသာခြင်းဆိုတဲ့ ကာယသုခ တွေကို ပိုင်ဆိုင်မှာပါ။

No comments: