Thursday, February 11, 2010

အာဖဂန်တွင် ဥမင်လှိုဏ်ခေါင်းအတွင်း နှင်းခဲပြိုကျမှုကြောင့် ၂၈ ဦးသေဆုံး

အာဖဂန်နိုင်ငံရှိ တောင်တန်း ဥမင်လှိုဏ်ခေါင်း တ၀ိုက်တွင် ဆီးနှင်းခဲ ပြိုကျမှုများ ဆက်
တိုက်ဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး လူ ၂၈ ဦးသေဆုံးပြီး ရာပေါင်းများစွာ ပိတ်မိလျက်ရှိသည်။
ဒဏ်ရာရရှိသူ ၇၀ ခန့်ရှိပြီး သေဆုံးဒဏ်ရာရရှိသူဦးရေ မြင့်တက်လာနိုင်ချေရှိသည်ဟုတာဝန်
ရှိသူများက ဆိုသည်။ ရက်ပေါင်းအတော်ကြာ ဆီးနှင်းများကျရောက်ခဲ့ပြီးနောက် နှင်းခဲပြိုကျ
မှုများဖြစ်ပေါ်လာခြင်းဖြစ်သည်။ သေဆုံးသူအများစုမှာ ကားအတွင်း အေးခဲ၍လည်းကောင်း၊
လှိုဏ်ခေါင်းအတွင်း မီးခိုးငွေ့များဖြင့် မွန်း၍လည်းကောင်း သေဆုံးကြရခြင်းဖြစ်သည်။ ယင်း
ဥမင်လှိုဏ်ခေါင်းသည် အာဖဂန်မြို့တော် ကဘူးလ်မှ နိုင်ငံမြောက်ဘက်ပိုင်းရှိ Mazar-e-Sh-
arif သို့ဆက်သွယ်ထားသော အဓိကလမ်းမကြီးဖြစ်သည်။ ကယ်ဆယ်ရေးလုပ်သားများ၊ စစ်
သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများသည်လမ်းရှင်းလင်းရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်း
များကို လုပ်ဆောင်လျက်ရှိသည်။ ဆီးနှင်းများအဆက်မပြတ်ကျဆင်းနေမှုကြောင့် လမ်းရှင်း
လင်းလုပ်ငန်းများ ထိရောက်မှုမရှိဟု သိရသည်။ (ဘီဘီစီ)
source from http://www.khitlunge.net.mm

No comments: