Friday, February 12, 2010

မောင်မြန်မာ၊ မယ်မြန်မာ ပြိုင်ပွဲ

“ကမ္ဘာ့ ကာယ ဗလ မောင်ပြိုင်ပွဲ များတွင် အောင်ပန်း ဆွတ်ခူးမည့် ကျွန်ုပ်တို့ မြန်မာများ” (We are the Burmese to Conquer World) ဟူ၍ ၁၉၁၁ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက် တွင် ကာယဗလ ဖခင်ကြီး ဆရာရှိန်း ၏ နေ့စဉ် မှတ်တမ်းမှ စတင် အသက်ဝင် ရှင်သန်ကြီးထွား လာခဲ့သည့် အားကစား မဏ္ဍိုင်ကြီး သည် ယခု နှစ် ကျင်းပ ပြီးစီး ခဲ့သည့် မြန်မာနိုင်ငံ ကာယဗလ နှင့် ကာယအလှအဖွဲ့ချုပ်နှင့် MDG Co., Ltd တို့ ပူးပေါင်းပြီး ၂၀၁၀ ပြည့်နှစ်၊ ဇန်န ၀ါရီ ၃၀ ရက်တွင် ရန်ကုန်မြို့၊ မင်းဓမ္မလမ်း ရှိ MMC ခန်းမ၌ ကျင်းပ ချိန်အထိ နှစ်ပေါင်း ၇၅ နှစ်စိန် ရတု ကာလ သို့ ရောက်ရှိ ခဲ့ပြီးဖြစ်သည်။

လေးစားယုံကြည်

မြန်မာ အမျိုး သား ကာယ ဗလ ဖခင်ကြီး ဆရာရှိန်း ဟာမြန်မာ များ ကျန်းမာကြံ့ခိုင်ပြည့် မဏ္ဍိုင်ဖြစ်ရေးနှင့် ကမ္ဘာ့ ကာယ ဗလ ပြိုင်ပွဲ များတွင် အမျိုး သားရေး စိတ်ဓာတ် ဖြင့် အားကစား လှုပ်ရှား မှုများ အား တက်ကြွ စွာပါဝင် လာရေး၊ နိုင်ငံ့ ဂုဏ်ဆောင် အားကစား လူငယ်များဖြစ်တည် လာရေး တို့ကို ရည်ရွယ်၍ “ကမ္ဘာ့ ကာယ ဗလ မောင်ပြိုင်ပွဲ များတွင် အောင်ပန်း ဆွတ်ခူးမည့် ကျွန်ုပ်တို့ မြန်မာ များ”ဟူ၍ ရေးသား မှတ်တမ်း ပြု ခဲ့မှုသည် ယနေ့ အားကစား လူငယ် မောင်မယ်များ လေးစား ယုံကြည် ရမည့် အချက်ပင် ဖြစ်ပေ သည်။

ကာယ ဗလဇော်ဝိတ်

“အောင်ပန်း ဆွတ်ခူးမည့် ကျွန်ုပ်တို့ မြန်မာ များ” ဟူ၍ နေ့စဉ် မှတ်တမ်း ရေးသားချိန်တွင် ဆရာရှိန်း အသက် ၁၅နှစ် သာရှိ သော်လည်း အားကစား စိတ်ဓာတ် အပြည့်အ၀ ရှိသူတစ်ဦး လည်းဖြစ်သည်။ သူ နေထိုင် သော အိမ်ဘေး၌ အငယ်စား အားကစားရုံ တစ်ရုံဖြစ်အောင် ကြိုး ပမ်း ခဲ့ သည်။ ဆရာရှိန်း သည် မလျှော့သော ဇွဲလုံ့ လ တို့ဖြင့် မနားမနေ ဆောင်ရွက်ခဲ့မှုကြောင့် နှစ် ၂၀ကြာသည့် ၁၉၃၅ ခုနှစ်တွင် အိန္ဒိယ နိုင်ငံ နယူးဒေလီ မြို့၌ ကျင်းပသော အာရှ အလေးမ နှင့် ကာယဗလ မောင်ပြိုင်ပွဲ သို့ဝင် ရောက် ယှဉ်ပြိုင် နိုင် ရန် ဆရာရှိန်း နည်းပေး လမ်းပြ လေ့ကျင့်ပေးခဲ့ သည့် ကာယဗလ ဇော်ဝိတ်အား စေလွှတ် ခဲ့ရာ အလတ်တန်း အလေးမမောင် ပထမနှင့် အကြီး တန်း အလေးမ မောင်ပါ ဆက်ပြိုင်ခွင့် ရခဲ့သည့် အတွက် အကြီးတန်း အလေးမ ပထမဆု ကိုလည်း ဆွတ်ခူး ခဲ့သည့် အပြင် ဗြိတိသျှ အင်ပါယာ စံချိန် ကိုလည်း တင်ထား ခဲ့ကြောင်း ဆရာရှိန်း၏ မှတ် တမ်းများ အရသိရသည်။

ထွန်းအောင်နှင့် ဘကွန်း

ကာယဗလ ဇော်ဝိတ်သည် ၁၉၃၆ခုနှစ် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ ကျင်းပသော ကမ္ဘာ့ အိုလံပစ် ပြိုင်ပွဲသို့ သွားရောက်နိုင်ရန် အရှေ့ တောင် အာရှ ကိုယ်စားပြု အားကစား သမားတစ် ဦးအဖြစ်လည်း ရွေးချယ် စေလွှတ်ခြင်း အခွင့် အလမ်း ရခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ထို့ပြင် ဆရာရှိန်း တပည့်များ ဖြစ်သော ထွန်းအောင် သည် ၁၉၅၅ခုနှစ် မောင်ကမ္ဘာ ပြိုင်ပွဲ၌ ဒုတိယ နှင့် ၁၉၅၆ ခုနှစ် မောင်ကမ္ဘာ ပြိုင်ပွဲတွင် မောင် ဗမာ ဘကွန်း အဆင့် ၄ရရှိပြီး ၁၉၅၇ ခုနှစ်တွင် ဆက်လက် ကျင်းပသည့် မောင်ကမ္ဘာ ပြိုင်ပွဲသို့ ဆက်လက် ယှဉ်ပြိုင်ခဲ့ရာ မောင်ဗမာ ဘကွန်းသည် အဆင့်၃ သို့ တိုးမြှင့် ရရှိခဲ့ကြောင်း ကာယဗလ မှတ်တမ်း များအရ သိရသည်။

မောင်ဗမာ စိန်မောင်

ကာယဗလ ဆရာရှိန်း နှင့် ကာယဗလ ဇော်ဝိတ် တို့ ဆရာနှင့် တပည့် ညီညွတ်ပူး ပေါင်းမှု များသည် မြန်မာ တစ် မျိုးသားလုံး ဗြိတိသျှ အင်ပါ ယာ၏ အချုပ်အခြာ အောက်တွင် ရှိနေ သည့် အချိန်၌ပင် မြန်မာ့ ကာယ ဗလ နှင့် အ လေးမ ပြိုင်ပွဲ များမှာ အရှေ့တောင် အာရှပြိုင်ပွဲ များ၊ အာရှပြိုင်ပွဲများ ကမ္ဘာ့ ကာယဗလမောင် ပြိုင်ပွဲ များနှင့် စကြ၀ဠာ မောင်ပြိုင်ပွဲများအထိ တက်လှမ်း အောင်မြင်မှု များ ရရှိခဲ့ရာ မြန်မာ့ ဂုဏ် ဆောင် ကာယဗလ မောင်များ ထပ်မံ ပေါ်ထွန်း လာခဲ့ရာ ထွန်းမောင်၊ မောင်ဗမာ ဘကွန်း၊ မောင် ဗမာ စိန်မောင် တို့က အားကစား စိတ်အရင်း ခံ၍ လက်ဆင့်ကမ်း သယ်ဆောင် နိုင်ခဲ့သည်။ လွတ် လပ်ရေး မတိုင်မီ ၁၉၄၆ ခုနှစ်တွင် မောင်တက္က သိုလ် မယ်တက္ကသိုလ် လူငယ်များ လည်း တက် တက်ကြွကြွ ပါဝင် လာသည်ကို မှတ်တမ်းများ အရ သိရသည်။

တက္ကသိုလ်ပြိုင်ပွဲများ

မောင်တက္ကသိုလ်၊ မယ်တက္က သိုလ် ရွေးချယ်ပွဲ များကို ၁၉၄၆ ခုနှစ် နှင့် ၁၉၄၇ ခုနှစ် စစ်ကြို ကာလ များ၌ ကျင်းပ ပေးခဲ့ သည့် မောင်တက္က သိုလ်၊ မယ်တက္ကသိုလ် တက္ကသိုလ် ပြိုင်ပွဲများမှ ရွေးချယ် ခံရသော မောင် တက္ကသိုလ်၊ မယ် တက္ကသိုလ်များ သည်မောင်ဗမာ၊ မယ်ဗမာပြိုင်ပွဲ အဆင့်ဆင့် အ ထိ သရဖူဆောင်း နိုင်ခဲ့ကြောင်း၊ မောင်တက္ကသိုလ်၊ မယ်တက္ကသိုလ် တက္ကသိုလ် ပြိုင်ပွဲများ အဆင့်သည် မောင်ဒဂုံ၊ မယ်ဒဂုံနှင့် မောင်ဗမာ အကြီးတန်း၊ မောင်ဗမာ အငယ်တန်း ပြီးလျှင် တတိယ အဆင့် တွင်ရှိသော ပြိုင်ပွဲ တစ်ခု ဖြစ်ကြောင်း သိရသည်။

မယ်ပြိုင်ပွဲများ

မောင်ဗမာ ပြိုင်ပွဲများ နှင့်အတူ စစ်ကြိုကာ လတွင် မယ်ပြိုင်ပွဲ များ ကိုပါ ပူးတွဲ ကျင်းပနိုင်ခဲ့ သည့် အတွက် မယ်ဗမာ မစိန်အေး၊ နော်လီဇာ၊ ကသာမယ် မခင်မှီ၊ ရှမ်းပြည်နယ်မှ မယ်နန်းမြင့် မေ၊ ဖျာပုံမယ် တင်တင်အေး၊ ပြည်ထောင်စုမယ် ခင်သန်းနု၊ သိမ်ဖြူမယ် ခင်အေးဟန် စသည်တို့ ပေါ်ပေါက် လာခဲ့သည့် မှတ်တမ်းများ အရသိရသည်။

မယ်စကြ၀ဠာ

မြန်မာ့ ဂုဏ်ဆောင် ကာယဗလ မောင်များ အရှေ့တောင် အာရှမှ အာရှနှင့် ကမ္ဘာ့ ပြိုင်ပွဲများ ကို တက်လှမ်း ယှဉ်ပြိုင်ခြင်း တို့တွင် အောင်မြင် သော ဆုတံဆိပ်များ ရရှိခဲ့ သကဲ့သို့ ၁၉၆၁ ခုနှစ် တွင် အမေရိကန်နိုင်ငံ၌ ကျင်းပသည့် မယ်စကြ ၀ဠာ ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုမယ် ခင် မြင့်မြင့် ၂၀၀၉ခုနှစ် စက်တင်ဘာ၌ ကွယ်လွန် သွားခဲ့သည့် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယ ဗလအလှ အဖွဲ့ချုပ်အမှုဆောင်၊ အေအေ ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်မြင့်မြင့် သည် အမေရိကန် မယ်စကြ၀ဠာ ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် အားကစား သမိုင်း မှတ်တိုင်များကို လေးစားဂုဏ် ယူသင့်သည်။

ခြိမ့်ခြိမ့်သဲသဲ

ထိုအချိန် ကျင်းပခဲ့သည့် မောင်ဗမာပြိုင်ပွဲ နှင့် မယ်ဗမာပြိုင်ပွဲများကို အားပေး သူများပြား မှုကြောင့် ပြည်နယ်နှင့် တိုင်း အနှံ့သာမက မြို့ များတွင် ခြိမ့်ခြိမ့် သဲသဲ စည်ကား ခဲ့ကြောင်း သတင်း မှတ်တမ်း များအရ သိရသည်။ ရန်ကုန်ဆို လျှင် ဂျူဗလီ ခန်းမ၊ မြို့တော်ခန်းမ၊ YMCA၊ YMBA၊ အောင်ဆန်းကွင်း၊ တက္ကသိုလ် စသည့် နေရာများ၌ ကျင်းပ ပေးခဲ့သည်။

အဝေးကြည့်မှန်ပြောင်း

ကျင်းပသည့် ပွဲတိုင်း ရုံဝင်လက်မှတ် မကျန် အောင် အားပေး ကြည့်ရှုသူ များပြား သဖြင့် ရုံဝင်ခ ပေးပြီး မတ်တတ်ရပ်ကာ အဝေးကြည့်မှန် ပြောင်းဖြင့် အားပေး ကြည့်ရှု သူများကို ထိန်းသိမ်း ရန်ပင် ခက်ခဲ ခဲ့ကြောင်း အဖွဲ့ချုပ် အမှုဆောင်ကြီး များ၏ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် စကား များကို ယနေ့တိုင် ကြားမိသည်။

ဒေါ်ခင်သန်းနု

မယ်ဗမာ ပြိုင်ပွဲသည် ၁၉၆၂ခုနှစ် ပြည် ထောင်စုမယ်၊ ရုပ်ရှင် သရုပ်ဆောင် ဒေါ်ခင်သန်းနု နောက်ပိုင်း မှစပြီး ကွယ်ပျောက် ခဲ့သည့် အတွက် ကာယဗလ နှင့် ကာယအလှ အားကစား လောက သည်လည်း တဖြည်းဖြည်း မှေးမှိန်လာပြီး အားက စား အဆင့်အတန်း လည်း နိမ့်ကျ ခဲ့သည်။

ပြန်လည်ဦးမော့

၁၉၉၁ ခုနှစ်တွင် မြန်မာ့ အားကစား လူငယ် လူရွယ် များကို ပြန်လည် စုစည်းကာ မြန်မာ နိုင်ငံ ကာယ ဗလနှင့် ကာယ အလှ အဖွဲ့ချုပ်ကို အသစ် ပြန်လည် ဖွဲ့စည်း ပေးခဲ့ပြီး အိမ်နီးချင်း နိုင်ငံများ နည်းတူ ယှဉ်ပြိုင်ခွင့် အခွင့်အလမ်း များ ရရှိအောင် နိုင်ငံတော်က ပံ့ပိုး ကူညီခဲ့သဖြင့် ယနေ့ ကာယ ဗလနှင့် ကာယအလှ မောင်မယ်များသည် ၁၉၉၅ ခုနှစ် နောက်ပိုင်း ယနေ့ကာလ အထိ နိုင်ငံ့ဂုဏ် ဆောင် ရွှေ တံဆိပ် များ ဆွတ်ခူး ပေးဆောင် နိုင်မှု ကြောင့် ကမ္ဘာ့ ကာယဗလ မောင်ပြိုင်ပွဲ ကြီးကို ၂၀၀၁ခုနှစ်တွင် မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန် မြို့၌ စည်ကားစွာ ကျင်းပ နိုင်ခြင်းဖြင့် ကာယဗလ အားကစား လောက သည် ပြန်လည် ဦးမော့လာ ကြောင်း သိရသည်။

အလေးထားပံ့ပိုး

မြန်မာနိုင်ငံ ကာယဗလနှင့် ကာယအလှ အဖွဲ့ချုပ်သည် အားကစား လောက ပိုမိုမြင့်မား လာရေး နှင့် အတိတ်က သရဖူ ဆောင်းခဲ့ သော နိုင်ငံ့ ဂုဏ်ဆောင် အားကစား မဏ္ဍိုင်ကြီး ပြန်လည် ရရှိရေး တို့ကိုရည်ရွယ်ပြီး အားကစား နည်းစနစ် သစ်များကို လည်း အဖွဲ့ချုပ်က စီမံ ဆောင်ရွက် ပေးခဲ့သည်။ ခေတ်နှင့် အညီ အားကစား ပစ္စည်း များကိုလည်း ပံ့ပိုးပေး ခဲ့ပြီး လိုက်နာ ဆောင်ရွက် ရမည့် အချိန်နှင့် လေ့ကျင့်မှု များကို နည်းပြ ဆရာ များက အနီးကပ် ကြီးကြပ် ပေးခဲ့သည်။ စား သောက် နေထိုင်မှု များပါ မကျန် အလေးထား ပံ့ပိုး ပေးလျက် ရှိကြောင်း သိရသည်။

အားပေးကြည့်ရှု

ဇန်န၀ါရီ ၃၀ ရက်က ကျင်းပ ပြီးစီး ခဲ့သည့် မောင်မြန်မာ၊ မယ်မြန်မာ ပြိုင်ပွဲသို့ လာရောက် ကြည့်ရှု သူများမှာ ယခင်ပွဲ များထက် သာလွန် စွာ အားပေး ကြည့်ရှုမှု ကို မြင်တွေ့ ခဲ့ရ သည်။ ပြိုင်ပွဲ ၀င် အားကစား မောင် အငယ်တန်း နှင့် အကြီး တန်း မောင်တို့ သည် ယခင်နှစ် များထက် ပိုမို၍ လေ့ကျင့် အားထုတ်မှု အားကောင်း လာသည့် အတွက် အားပေး ကြည့်ရှု သူတို့၏ စိတ်ဘ၀င် တွင် ငြိတွယ် ခဲ့သည်။ ပြိုင်ပွဲဝင် အားကစား မောင် များ၏ အားမာန် နှင့်ဇွဲလုံ့လ တို့သည် မောင်များ မျက်နှာတွင် ပေါ်လွင်စွာ မြင်တွေ့ ခဲ့ရသည့် အတွက် ပရိသတ်မှာ ငွေကုန် သံပြာ မဖြစ်ခဲ့ ရကြောင်း မြန်မာ့ အားကစား လောက မြင့်မား လာသည် ကို တွေ့ရသည်။

ထူးခြား

ယခုနှစ် ကျင်းပ သော မောင်မြန်မာ၊ မယ်မြန် မာ ပြိုင်ပွဲသည် ယခင်နှစ် များထက် ထူးခြားတာ တော့ အမှန်ပင် ဖြစ်သည်။ ပွဲကြည့် ပရိသတ်၏ အားပေး မြှောက်စားမှု ကလည်း အံ့မခန်း ရှိလှ ပါသည်။ ပွဲကြည့် ပရိသတ် အဆင့်အတန်း မြင့်မား လာသည့် အတွက် မြန်မာ့ ကာယဗလ နှင့် ကာယ အလှ အဆင့်အတန်း သည်လည်း ပို၍ပို၍ မြင့်မား အောင်မြင် လာမည် ဖြစ်ကြောင်း ယုံကြည် မိပါ သည်။

source from http://www.themyanmarpost.com

No comments: