Wednesday, February 17, 2010

မြန်မာနိုင်ငံကာယဗလနှင့် ကာယအလှအဖွဲ့ချုပ်နှင့် MDG ကုမ္ပဏီတို့ ပူးပေါင်းကျင်းပသည့် ၂ဝ၁ဝ မောင်မြန်မာ မယ်မြန်မာပြိုင်ပွဲ ကျင်းပပြီးစီး



မြန်မာနိုင်ငံ ကာယဗလနှင့် ကာယအလှ အဖွဲ့ချုပ်နှင့် MDG ကုမ္ပဏီလီမိတက်တို့ ပူးပေါင်း ကျင်းပသည့် (၂ဝ၁ဝ)ပြည့်နှစ်၊ မောင်မြန်မာ၊ မယ်မြန်မာ ပြိုင်ပွဲကို ဇန်နဝါရီ (၃ဝ)ရက်၊ မွန်းတည့် (၁၂)နာရီက မင်းဓမ္မလမ်း၊ မရမ်းကုန်းမြို့နယ်ရှိ Myanmar Convention Centre ခန်းမဆောင်တွင် ကျင်းပ ပြုလုပ်သည်။ နံနက် (၁၁)နာရီစ၍ တေးဂီတဖြင့် ဖျော်ဖြေခဲ့သည်။ မွန်းတည့် (၁၂)နာရီတွင် မောင်မြန်မာ၊ မယ်မြန်မာပြိုင်ပွဲ အစီအစဉ် စတင်ကာ (၁)မောင်မြန်မာ (အငယ်တန်း)၊ ပဏာမ ရွေးချယ်ခြင်း (၁၄)ဦးမှ (၁ဝ)ဦး ရွေးချယ်ရန်၊ (၂)မယ်မြန်မာ ပထမအဆင့် ယှဉ်ပြိုင်ခြင်း (၈)ဦး၊ (၃) မောင်မြန်မာ (အငယ်တန်း) ဗိုလ်လုပွဲ ကျင်းပခြင်း (၁ဝ)ဦးမှ (၆)ဦး၊ ပ၊ ဒု၊ တရွေးရန်၊ (၄) မယ်မြန်မာ နောက်ဆုံးအဆင့် ယှဉ်ပြိုင်၍ ပ၊ဒု၊တ ရွေးချယ်ရန် (၅) မောင်မြန်မာ (အကြီးတန်း) ဗိုလ်လုပွဲ ကျင်းပခြင်း (၈)ဦးမှ (၆)ဦး ပ၊ ဒု၊ တရွေးရန် စသည့် အစီအစဉ်များဖြင့် ကျင်းပသည်။
မောင်မြန်မာ(အငယ်တန်း)ပထမ မင်းဇော်ရရှိ
(၂ဝ၁ဝ)ခုနှစ်၊ မောင်မြန်မာ (အငယ်တန်း)တွင် (၁)ဝင်းလွင် (၂)အောင်သန်းမြင့်၊ (၃)ဆလိုင်းကျော်မင်း၊ (၄)မင်းဇော်၊ (၅)လှိုင်ဦး၊ (၆) မောင်မျိုး၊ (၇) မောင်မောင်ကြည်၊ (၈) ပြည့်စုံ၊ (၉)မျိုးလင်းအောင်၊ (၁ဝ) နိုင်ဝေလင်း၊ (၁၁) ထွန်းဝင်းနိုင်၊ (၁၂) မျိုးဆန်းလွင်၊ (၁၃)တင်မျိုးအောင်၊ (၁၄)မင်းအောင် ပါဝင်ယှဉ်ပြိုင်ကြရာ နံပါတ်(၄) မင်းဇော် (ပထမ)၊ (၁၁)ထွန်းဝင်းနိုင်(ဒုတိယ)၊ (၇)မောင်မောင်ကြည်(တတိယ)၊ (၁)ဝင်းလွင် (စတုတ္ထ)၊ (၈) ပြည့်စုံ (ပဉ္စမ)တို့က ဆုများရရှိကြရာ ဦးလှမြင့်ဆွေ (မြန်မာနိုင်ငံကာယ ဗလနှင့် ကာယအလှ အဖွဲ့ချုပ် (ဒုဥက္ကဋ္ဌ)က ဆုများချီးမြှင့်သည်။
မောင်မြန်မာ (အကြီးတန်း) အောင်ဆွေနိုင် (ပထမ)
မောင်မြန်မာ(အကြီးတန်း)ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြသူများမှာ (၁) အောင်ခိုင်ဝင်း၊ (၂)ထွန်းမင်း၊ (၃)ကျော်စန်းမောင်၊ (၄) အောင်ဆွေနိုင်၊ (၅)ခိုင်လင်း၊ (၆) အောင်ချမ်းလင်း၊ (၇) သန်းနိုင်၊ (၈)မောင်ရှန်တို့ဖြစ်ကြရာ (၂ဝ၁ဝ)ပြည့်နှစ် မောင်မြန်မာ (အကြီးတန်း) ဆုကို နံပါတ်(၄)အောင်ဆွေနိုင် (ပထမ)၊ နံပါတ်(၁) အောင်ခိုင်ဝင်း (ဒုတိယ)၊ နံပါတ်(၅) ခိုင်လင်း (တတိယ)၊ နံပါတ်(၂) ထွန်းမင်း (စတုတ္ထ)နှင့် နံပါတ် (၃) ကျော်စန်းမောင် (ပဉ္စမ)တို့ ရရှိသည်။ ဆုများကို ဦးအောင်သန်းဝင်း (အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး)က ဆုများချီးမြှင့်သည်။
c မယ်မြန်မာ ဆွေဇင်ဖြိုး (ပထမ)ရရှိ
ဆက်လက်၍ မယ်မြန်မာပြိုင်ပွဲ ကျင်းပရာ ပြိုင်ပွဲဝင်များမှာ (၁)ခင်သက်မွန်ဝင်း၊ (၂)ငုဝါခိုင်၊ (၃) ထက်မိုးမြတ်ဦး၊ (၄)ဟေမာစိုးဝင်း၊ (၅) ဆွေဇင်ဖြိုး၊ (၆) အိမွန်ထွေး၊ (၇) ဝတ်ရည်ဖြိုး၊ (၈) ဝင်းလဲ့ဖွေးတို့ဖြစ်ရာ နံပါတ်(၅)ဆွေဇင်ဖြိုး(ပထမ)၊ နံပါတ်(၇) ဝတ်ရည်ဖြိုး (ဒုတိယ)၊ နံပါတ်(၂) ငုဝါခိုင် (တတိယ)၊ နံပါတ်(၁) ခင်သက်မွန်ဝင်း (စတုတ္ထ)၊ နံပါတ်(၄)ဟေမာစိုးဝင်း (ပဉ္စမ)တို့ရရှိသည့်ဆုများကို ဒေါက်တာဒေါ်ရီရီသန်း (အဖွဲ့ချုပ် နာယက)နှင့် ဒေါ်မြင့်မြင့်ဆွေတို့က ဆုများ ချီးမြှင့်သည်။
ချီးမြှင့်ရရှိသည့် ဆုကြေးများ
မောင်မြန်မာ(အကြီးတန်း) ပထမဆုကျပ်(၇ဝဝဝဝဝ)၊ ဒုတိယဆုကျပ်(၅ဝဝဝဝဝ)၊ တတိယဆုကျပ်(၃ဝဝဝဝဝ)၊ စတုတ္ထဆုကျပ် (၂ဝဝဝဝဝ)ကျပ်၊ ပဉ္စမဆုကျပ် (၁၅ဝဝဝဝ)၊ မောင်မြန်မာ (အငယ်တန်း) ပထမဆုကျပ် (၅ဝဝဝဝဝ)၊ ဒုတိယ ဆုကျပ်(၃ဝဝဝဝဝ)၊ တတိယ ဆုကျပ်(၂ဝဝဝဝဝ)၊ စတုတ္ထ ဆုကျပ်(၁၅ဝဝဝဝ)ဖြစ်ပြီး မယ်မြန်မာ ပထမဆုကျပ် (၁၇ဝဝဝဝဝ)၊ ဒုတိယဆုကျပ် (၁၁ဝဝဝဝဝ)၊ တတိယဆုကျပ် (၇ဝဝဝဝဝ)၊ စတုတ္ထဆုကျပ် (၅ဝဝဝဝဝ)၊ ပဉ္စမဆုကျပ် (၃၉ဝဝဝဝ) ကျပ်ဆုများ ချီးမြှင့်ရရှိကြပါသည်။
source from http://www.snapshot-news.com

No comments: