Sunday, February 7, 2010

Facebook (၆)နှစ်မြောက် မွေးနေ့တွင် HomePage အသစ်တင်

လွန်ခဲ့သောကြာသပတေးနေ့ကအင်တာနက်လူမှုရေးဝက်ဘ်ဆိုက် Facebook ၏ (၆)နှစ်မြောက် မွေးနေ့ဖြစ်သည်။၎င်းတွင်အသင်းဝင်ပေါင်းသန်း(၄)ရာရှိသဖြင့် ဝက်ဘ် ဆိုက်သမိုင်းကို မှတ်တမ်းတင်နိုင်ခဲ့သည်။ အဖွဲ့ဝင်များသည် ကမ္ဘာပေါ်တွင်ဖြစ်ပျက်နေ သော သတင်းအချက်အလက် အသေး၊ အကြီးအစုံကိုကြည့်ရှုနိုင်သည့်အပြင်ခင်မင်သူ အပေါင်းနှင့်လည်း အမြဲမပျက်အဆက်အသွယ် ရှိနေခဲ့သည်။ ကြာသပတေးနေ့ကမွေး နေ့အထိမ်းအမှတ်အဖြစ် HomePage အသစ်တစ်ခုကို ထပ်မံဖွင့်လှစ်ပေးခဲ့သည်။၎င်း တွင် တော့စ်မီနူးပါရှိ၍ သတင်းအချက်အလက်နှင့် ကြေညာချက်များကိုပိုမိုလွယ်ကူစွာ ရှာဖွေနိုင်မည်ဖြစ်သည်။ ၄င်းအပြင် မိတ်ဆွေ၊ သူငယ်ချင်းများ မိမိတို့ကိုယ်တိုင်အစီအ စဉ်အသစ်များကို ခံစားနားဆင်နိုင်မည်ဖြစ်သည်။ ထို့အပြင်ဂိမ်း အစီအစဉ်တစ်ခုကိုပါ ထပ်မံ ထည့်သွင်းပေးခဲ့သည်။ လူတို့သည် ဝမ်းသာလျှင်လည်းကောင်း၊ ဝမ်းနည်းလျှင် လည်းကောင်း၊ အခြားသူများနှင့် မျှဝေခံစားလိုကြသည်။ ယင်းလိုအပ်ချက်ကို Face- book ကကောင်းစွာဖြည့်စည်းပေးမည်ဖြစ်သည်။ (အေအက်ဖ်ပီ)
source from http://mtalk.net.mm

သင်္ဘောသားဖြစ်လိုသူတွေအတွက်

သင်္ဘောသားဖြစ်လိုသူတွေအတွက် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားအလုပ်

အကိုင်အခွင့်အလမ်း ရရှိရေးကြီးကြပ်မှုကော်မတီအသစ်တစ်ရပ် မကြာမီကဖွဲ့စည်းလိုက်

ပြီး စနစ်အသစ်နဲ့ ဆောင်ရွက်မယ်လို့ သိရပါတယ်။ စနစ်သစ်အရ သင်္ဘောသားအလုပ်

တာဝန်ထမ်းဆောင်ဖို့ အဓိကကျတဲ့သင်္ဘောသား လုပ်သက်မှတ်တမ်း စာအုပ် (စီဒီစီ)နဲ့

သင်္ဘောသား မြန်မာနိုင်ငံကူး လက်မှတ်(သင်္ဘောသားပတ်စ်ပို့)တို့ကို နိုင်ငံခြားသင်္ဘော

သား ကုမ္ပဏီရဲ့ အလုပ်ခန့်စာ (အပွိုင့်မန့်)မလိုဘဲရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦး

စီးဌာနကကြိုတင်ထုတ်ပေးမှာဖြစ်ပါတယ်။သင်္ဘောကုန်းပတ်(deck)နဲ့စက်ခန်း(engine)

မှာ တာဝန်ထမ်းဆောင်လိုသူ(အခြေခံပညာအထက်တန်းအောင်မြင်ပြီး အသက် ၁၈နှစ်

ပြည့်သူ) တွေနဲ့ စားရိပ်သာ (saloon)မှာ တာဝန်ထမ်းဆောင်လိုသူ (အခြေခံပညာ အ

ထက်တန်း အောင်မြင်ပြီး အသက် ၁၈နှစ်ပြည့်သူ)တွေ အခြေခံ အင်္ဂလိပ်စာ ကျွမ်းကျင်

မှု (Basic English Skill Test-BEST)ကို မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်မှာ

စာမေးပွဲဖြေဆိုတဲ့ ပုံစံစတင်စစ်ဆေးခံရမှာဖြစ်ပါတယ်။စာမေးပွဲအောင်ခဲ့ရင်အပြည်ပြည်

ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်(အိုင်အမ်အို)ရဲ့ ပြဋ္ဌာန်းချက်နဲ့အညီ Basic Safety Traini-

ng Course (4-Tickets)နဲ့ Presea Training Course(Pre-Sea)သင်တန်းဆက်လက်

တက်ရောက်အောင်မြင်ပြီး ဌာနမှာ စီဒီစီနဲ့ သင်္ဘောသားပတ်စ်စပို့လျှောက်ထားခွင့်ရမှာ

ဖြစ်တယ်။ သင်္ဘောသား ဖြစ်ချင်သူ (မည်သူမဆို) ဘီအီးအက်စ်တီ (BEST)စာမေးပွဲနဲ့

သင်တန်းတက်ဖို့သတ်မှတ်အရည်အချင်းတွေနဲ့ကိုက်ညီရမှာဖြစ်တယ်။မြန်မာနိုင်ငံသား

အသက် ၁၈နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးလက်မှတ်ရထားသူဖြစ်ရမယ်။သင်္ဘောကုန်း

ပတ်နဲ့ စက်ခန်း တာဝန်ထမ်းဆောင်လိုသူတွေ မျက်စိ စစ်ဆေးတာအောင်ရမှာ ဖြစ်ပြီး

သင်္ဘောကုန်းပတ်လုပ်ကိုင်လိုသူဟာလည်း မျက်မှန်တပ်သူမဖြစ်ရပါ။ အရပ်ငါးပေ နှစ်

လက်မနဲ့အထက်၊ ကိုယ်အလေးချိန်ပေါင် ၁၁၀နဲ့အထက်ရှိရမှဖြစ်ပြီး ကိုယ်လက် အင်္ဂါ

ချို့ယွင်းသူ မဖြစ်ရဘူးလို့သိရပါတယ်။ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှာ

ဘီအီးအက်စ်တီစာမေးပွဲဖြေဆိုခွင့်လျှောက်လွှာကိုဖေဖော်ဝါရီလ ၈ရက်နေ့မှာစရောင်း

မှာပါ။ နိုင်ငံသားစိစစ်ရေးမှတ်ပုံတင်နဲ့ ၀ယ်ယူရမှာဖြစ်ပြီးဝယ်ယူသူကိုယ်တိုင်လျှောက်

လွြှာ ပန်တင်ရမယ်လို့ ဆိုပါတယ်။ လျှောက်လွှာတင်တဲ့ လူဦးရေပေါ် မူတည်ပြီး တစ်

ကြိမ်စစ်ရင် လူဦးရေ ၃၀ နဲ့ တစ်နေ့ကို သုံးကြိမ်ကနေ ငါးကြိမ်အတွင်း စစ်ဆေးမှာပါ။

မေးခွန်းပုံစံက အမှားနဲ့အမှန်ရွေးတာ၊ ကြိုက်ရာမေးခွန်းရွေးဖြေတာမျိုးနဲ့ မှန်ရာစာလုံး

တွဲဖြေပေးရမယ့်ပုံစံမျိုးဖြစ်တယ်လို့ဆိုပါတယ်။ မေးခွန်းပေါင်း ၅၀မေးထားပြီး တစ်ပုဒ်

မှန်ရင် နှစ်မှတ်ရမှာဖြစ်ပြီး အမှတ် ၁၀၀ဖိုးမေးထားပါတယ်။အမှတ်ပေါင်း ၄၀ရအောင်

ဖြေနိုင်ရင် စာမေးပွဲအောင်မှာဖြစ်ပြီး ကွန်ပျူတာပေါ်မှာပဲ အမေး၊အဖြေတွေကို ခလုပ်

နှိပ်ဖြေဆိုရမှာပါ။ ကွန်ပျူတာမတတ်သူတွေ အတွက် အလွယ်တကူဖြေနိုင်အောင် စီ

စဉ်ပေးထားပြီးအောင်စာရင်းချက်ချင်းသိရပါမယ်။ ဖေဖေါ်ဝါရီလ ၈ရက်နေ့ကနေမတ်

လ ၃၁ရက်နေ့အတွင်း လျှောက်လွှာ ၀ယ်ယူသူတွေကို ပထမဆုံး အုပ်စုအဖြစ် သတ်

မှတ်ပြီး စာမေးပွဲစစ်မယ်၊ အောင်တဲ့သူတွေကို 4-Tickets နဲ့ Pre-Sea သင်တန်းတစ်

လခွဲ တက်ရမှာဖြစ်ပါတယ်။ မတ်လ ၃၁ရက်နေ့နောက်ပိုင်း ၀ယ်ယူသူတွေကဒုတိယ

အုပ်စုအနေနဲ့ ပထမလက်ခံထားတဲ့အသုတ်ပြီးမှ သင်တန်းတက်ခွင့်ရမယ်။ သည်ပုံစံ

အတိုင်းနောက်ပိုင်းဝယ်ယူသူတွေအတွက်ဆက်စီမံသွားမှာဖြစ်ပါတယ်။ဘီအီးအက်စ်

တီစာမေးပွဲ ကျတဲ့သူတွေ နောက်အသုတ်မှာ ထပ်မံဝင်ရောက် ဖြေဆိုခွင့်ရှိပါတယ်။

လျှောက်လွှာဝယ်ယူသူမဟုတ်ဘဲတခြားလူအစားထိုးဝင်ဖြေတာမျိုးခွင့်ပြုမည်မဟုတ်

ကြောင်း ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့ထုတ်မော်ဒန်သတင်းဂျာနယ်တွင်ဖော်

ပြထားပါသည်။

မျိုးဆက်သစ် လူငယ် ဒိုင်လူကြီး သင်တန်း ဖွင့်မည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မြန်မာ့ဘောလုံးဖွံ့ဖြိုးတိုးတက်စေရေးကိုအထောက်

အကူပြုစေမည့် နိုင်ငံတကာအဆင့်မီ မျိုးဆက်သစ်ဒိုင်လူကြီးကောင်းများပေါ်ထွက်လာစေ

ရေးကိုရည်ရွယ်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံးတွင်ဖေဖော်ဝါရီ ၂၀ရက်မှ ၂၇ရက်အထိ

မျိုးဆက်သစ်လူငယ် ဒိုင်လူကြီးသင်တန်းဖွင့်လှစ်မည်ဖြစ်သည်။ အဆိုပါ မျိုးဆက်သစ် လူ

ငယ်ဒိုင်လူကြီးသင်တန်းသို့တက်ရောက်လိုသူများအနေဖြင့်အသက် ၁၈နှစ်မှ၂၅နှစ်အတွင်း

ရှိရမည်ဖြစ်ပြီးကျန်းမာကြံ့ခိုင်၍ ပါဝါမျက်မှန်မတပ်သူဖြစ်ရမည်။ အနည်းဆုံးတက္ကသိုလ်ဝင်

တန်းအောင်ပြီးသူဖြစ်ပြီး အင်္ဂလိပ်စာ(အရေး၊အဖတ်)အခြေခံ ကျွမ်းကျင်ရန် လိုအပ်သော်

လည်း မြို့နယ်အဆင့်လက်ရွေးစင်ဘောလုံးသမားဖြစ်ပါက ပညာအရည်အချင်းကန့်သတ်

ချက်ကိုလျှော့ပေါ့စဉ်းစားမည်ဖြစ်သည်။သင်တန်းတက်ရောက်လိုသူများသည် မြန်မာနိုင်ငံ

ဘောလုံးအဖွဲ့ချုပ်ဒိုင်လူကြီးဌာနဖုန်း -၅၇၂၇၉၄သို့ ဖေဖော်ဝါရီ ၁၃ ရက်နောက်ဆုံးထား၍

ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းလျှောက်ထားနိုင်ကြောင်း ၂၀၁၀ခုနှစ် ဖေဖော်ဝါရီ ၆ ရက်

နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြ ထားပါသည်။

၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီ ဆုရ စာရင်း ပေါ်ထွက်လာ

၂၀၀၈ ခုနှစ်
********
၁. အကောင်းဆုံးဇာတ်ကားဆု - အများနှင့်မသက်ဆိုင်သောသူ
ထုတ်လုပ်ရေး - မျက်ခြယ်

၂. အကောင်းဆုံး ဒါရိုက်တာဆု - ညီညီထွန်းလွင်
ဇာတ်ကား - အများနှင့်မသက်ဆိုင်သောသူ
ထုတ်လုပ်ရေး - မျက်ခြယ်

၃. အကောင်းဆုံးဓာတ်ပုံဆု- သန်းညွှန့် (ပန်းသာ)
ဇာတ်ကား - ကြိုးတန်း
ထုတ်လုပ်ရေး - နယ်သစ်ဦး

၎. အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု - ခန့်စည်သူ
ဇာတ်ကား - အများနှင့်မသက်ဆိုင်သောသူ
ထုတ်လုပ်ရေး - မျက်ခြယ်

၅. အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု - မို့မို့မြင့်အောင်
ဇာတ်ကား - မြင့်မိုရ်ထက်က သရဖူ
ထုတ်လုပ်ရေး - ဖီးနစ်ရုပ်ရှင်ထုတ်လုပ်ရေး

၆. အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆု - ရဲအောင်
ဇာတ်ကား - အကယ်ဒမီရှော့ခ်
ထုတ်လုပ်ရေး - Country Star

၇. အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု - ခင်မို့မို့အေး
ဇာတ်ကား - အများနဲ့မသက်ဆိုင်သောသူ
ထုတ်လုပ်ရေး- မျက်ခြယ်
source from http://academy.myanmarcgiaward.com/

Monday, February 1, 2010

အိမ်မက်လမင်း: ပို့စ်ခေါက်တာ ဒုတိယအဆင့်မရလို့ပါ templete ကလက်မခံပါ အဲဒါဘယ်လိုထည့်ရမလဲ ပြောပြပေးပါ

Image Hosting by imagefra.me

အရင်က expandsable read more တွေအတွက် အချို့သော Template များမှာ အခက်အခဲ တော်တော်ရှိပါတယ်။ ကျနော်ရေးထားတဲ့ စံနဲ့လိုက်လုပ်ရင်တောင် အဆင်မပြေတဲ့ template တွေ အများကြီးတွေ့လာရပါတယ်။ အဲဒါတွေ ပြီးနောက်မှာတော့ blogger ရဲ့ ပြင်ဆင်ချက်အရ New Features တွေ တွေ့ရလို့ စမ်းကြည့်မိပါတယ်။ expandsable မဖြစ်ပေမယ့်၊ လွယ်ကူမှု အပြင်၊ peek.js ကို hosting လုပ်စရာလည်း မလိုတော့တဲ့အတွက် အားသာချက် ပိုရှိသွားပါတယ်။ သူ့ရဲ့ read more က jump to full post အတွက် ဖြစ်ပါလိမ့်မယ်။ နှိပ်လိုက်ရင် ဖုံးကွယ်ထားတဲ့ စာသားများ ထွက်ကျ လာတာမျိုးမဟုတ်ပဲ၊ ပို့တစ်ခုလုံး ပေါ်လာပြီး ဖက်လက်စ နေရာကို ရောက်သွားမှာဖြစ်ပါတယ်။ ကဲ စမ်းကြည့်ကြတာပေါ့ … ဘယ်ဟာ ပိုမိုက်လဲလို့ …

draft.blogger.com ကို သွားပြီး sign in ၀င်လိုက်ပါ။ (blogger.com မှာ နစ်ဝင်ပြီးသား ဆိုရင်တော့ sign in ၀င်ပြီးသား ဖြစ်နေပါလိမ့်မယ်)
မိမိ လုပ်ချင်တဲ့ ဘလော့ရဲ့ Settings ကို နှိပ်ပါ။ Basic ဆိုတဲ့ tab ထဲက Select post editor နေရာမှာ Updated editor ကို ရွေးပေးလိုက်ပါ။ (Updated editor ရဲ့ Feature ကို ဒီမှာ ကြည့်နိုင်ပါတယ်)
Image Hosting by imagefra.me

ပြီးရင် blogger ရဲ့ New Post ကို ပြန်နှိပ်ကြည့်ပါ။ post ရေးတဲ့ နေရာက standard toolbar ပြောင်းသွားပါလိမ့်မယ်။ မိမိ ရေးချင်တာများ ရေးသားပြီးလို့ စာခေါက်မယ့်နေရာကို Compose tab ရဲ့ Insert Jump break ဆိုတဲ့ ခလုပ်လေးကို နှိပ်ပေးလိုက်ပါ။
Image Hosting by imagefra.me

စာခေါက်မယ့် နေရာ အတွက် ထည့်ပေးပြီး၊ Edit HTML ကို ပြန်နှိပ်ကြည့်လိုက်ပါ။ စာခေါက် ဖို့အတွက် code ကို မြင်ရပါလိမ့်မယ်။ (wordpress ရဲ့ စတိုင်အတိုင်း blogger က ပြင်ဆင်လိုက်တာဖြစ်ပါတယ်)
Image Hosting by imagefra.me
ဘလော့ကို ပြန်ကြည့်ကြည့်ပါ။ ခုနက ရေးလိုက်တဲ့ ပို့စ်မှာ စာခေါက်ထားတဲ့ အတိုင်း အပေါ်စာသားတစ်ခုပဲ လာပြပါတယ်။ ဒါပေမယ့် read more ဆိုတဲ့ နှိပ်စရာ မပေါ်သေးပါဘူး။ (အချို့ template တွေက ဒီအဆင့်မှာတင် ပေါ်ပါတယ်)
Image Hosting by imagefra.me

Layout - Edit HTML ကိုသွား၊ Expand Widget Templates ဆိုတဲ့ check box ကို check ပေးထားပြီး၊ Ctrl+F ကို နှိပ်ပါ။ ပေါ်လာတဲ့ search box မှာ အောက်က စာသားကို ကူးထည့်ပြီး ရှာလိုက်ပါ။ (ရှိကို ရှိပါတယ်၊ space မပါ စေပဲ ထည့်ပြီး နှိပ်ရှာပါ။)

Image Hosting by imagefra.me

အပေါ်မှာ ပြထားတဲ့ ပုံအတိုင်း မြင်ရပါလိမ့်မယ်။ သူ့ရဲ့ နောက်မှာ အောက်က စာသားကို ထည့်ပေးပါ။ အောက်မှာ ထပ်ပြထားတဲ့ ပုံအတိုင်း ဖြစ်ရပါမယ်။ သေချာကြည့်ပေးပါဦး။





Image Hosting by imagefra.me
ပြီးရင် Save ပြီး ကြည့်လိုက်ပါ။ Read more ပေါ်လာတာကို တွေ့ပါလိမ့်မယ်။
Image Hosting by imagefra.me

အဲဒီ read more ဆိုတဲ့ စာသားကို မိမိ ကြိုက်ရာ ရေးနိုင်ဖို့အတွက် LayoutPage Elements ကို သွားပြီး၊ Body Posts ရဲ့ Edit ကိုနှိပ်ပါ။
Image Hosting by imagefra.me

Post page link text : ဆိုတဲ့ အကွက်မှာ မိမိ စိတ်ကြိုက် ရေးလိုက်ပါ။ ပြီးရင် save ….. ဒါပါပဲ ။
Image Hosting by imagefra.me

အရင် expansable read more လုပ်ရတာထက် အများကြီး သက်သာသွားတာကို တွေ့မှာပါ။ စာတစ်ပုဒ်ကို အပြည့်အစုံ ဖတ်ဖို့အတွက် new page အဖြစ် reload လုပ်ပေးပါတယ်။ အဲဒီတော့ Hit များချင်သူတွေ အကြိုက်ဖြစ်မှာပါ။ connetion မကောင်းတဲ့ နေရာတွေအတွက်တော့ နည်းနည်း ထပ်စောင့်ဦးပေါ့။ ဘာပဲ ပြောပြော … blogger ရဲ့ New Feature အတွက် ကျေးဇူးတင်ပါတယ် …………… ကြိုက်လည်း ကြိုက်ပါတယ်။ အားလုံးလည်း အဆင်ပြေမယ်ထင်ပါတယ် …

source from http://www.thanlonnge.com

အချစ်စစ် ဘယ်လောက်ခံသလဲ?



"ကံကောင်းခြင်းစားပွဲ"ပို့စ်အောက်မှာ ကိုဇော်မျိုးလွင်က တစ်ယောက်ယောက်ရေးခဲ့တဲ့ သူ့ဘလော့က ကော်မန့်ကို လာပြပါတယ်။ အဲဒီကော်မန့်က 愛,拆開來是心和受兩個字。用心去接受對方的一切,用 心去愛對方的所有。ဖြစ်ပြီး ကိုဇော်မျိုးလွင်က ဂူဂယ်လ်နဲ့ ဒီလိုဘာသာပြန်ထားပါတယ်။

Love, apart for a heart and by the word. Intention to accept each other's everything, all the intentions to love each other . (Translated by Google Word Translator)
ဒါကိုကျွန်မက ပိုနားလည်လွယ်အောင် မြန်မာလို ဒီလိုဘာသာပြန်ပါတယ်။ တရုတ်စာလုံး ()အချစ်ကို ဖြည်ကြည့်တဲ့အခါ ()နှလုံးသားနဲ့ ()လက်ခံဆိုတဲ့ စာလုံးနှစ်လုံးကို ရပါတယ်။ တစ်ဘက်သားရဲ့အရာရာကို နှလုံးသားနဲ့လက်ခံမယ်၊ နှလုံးသားနဲ့ချစ်မယ် ဆိုတာပဲဖြစ်တယ်။ နှလုံးသားနဲ့ နားလည်လက်ခံနိုင်မှ အချစ်ဆိုတာ ဖြစ်လာခဲ့တာဖြစ်တယ်။

ကျွန်မဖတ်ရတဲ့ ဇန်နဝါရီလ(၂၃)ရက်နေ့ ထိုင်းနိုင်ငံထုတ် The Universal Daily News တရုတ်သတင်းစာမှာ "အချစ်စစ်ရဲ့ အရှည်ကြာဆုံး လတ်ဆတ်မှုကာလက လ(၃ဝ)" ဖြစ်တယ်လို့ ဆိုထားပါတယ်။

အမေရိကန်နိုင်ငံ Cornell University အချစ်စိတ်ပညာဗေဒပညာရှင် ပရော်ဖက်ဆာYi Luက အမေရိကန်မှာရှိတဲ့ အသက်(၂၅)နှစ်မှ(၄၅)နှစ်ကြား ဇနီးမောင်နှံအတွဲ(၅ဝဝဝ)ကို သုံးနှစ်ကြာ လေ့လာဆန်းစစ်ခဲ့တယ်။ ဆန်းစစ်လို့ရလာတဲ့ အဖြေတွေကို ကွန်ပြူတာနဲ့ ဒေတာပြုစုပြီး ဆေးစိတ်ပညာနဲ့ ခွဲခြမ်းစိတ်ဖြာခဲ့တယ်။

နောက်ဆုံးရလာတဲ့ရလဒ်မှာ အချစ်စစ်ရဲ့ အရှည်ကြာဆုံး
လတ်ဆတ်မှုကာလက (၃)နှစ်ထက် မကျော်ကြောင်း တွေ့ရတယ်။ လတ်ဆတ်တဲ့ခံစားချက်တွေ ကုန်လွန်လာတာနဲ့အမျှ တစ်ဘက်သားရဲ့ နှလုံးခုန်သံ မြန်မမြန်၊ လက်ဖဝါးမှာ ချွေးစေးထွက်မထွက်ဆိုတာကို အချင်းချင်း မခံစားနိုင်ခဲ့ကြတော့ဘူး။ အချင်းချင်းပွေ့ဖက်တဲ့ အားဟာလည်း အရင်ကပွေ့ဖက်တဲ့အားထက် ၅ပုံ ၃ ပုံနဲ့ ၅ ပုံ၂ပုံသာရှိကြောင်း တွေ့ရတော့တယ်။ နမ်းရှုံ့တဲ့အပူချိန်ဟာလည်း အရင်ကနမ်းရှုံ့တဲ့အပူချိန်ထက် ၅ပုံ၃ပုံနဲ့ ၂ပုံသာရှိခဲ့ကြတော့တယ်။

တစ်ဆက်တည်းမှာပဲ ယောက်ျားမိန်းမအချင်းချင်း ဂရုစိုက်ကြည့်တတ်တဲ့ အကြည့်ဟာလည်း အရင်ကထက် ၅ပုံ၂ပုံနဲ့ ၁ပုံ လျော့နည်းသွားတာ တွေ့ရတယ်။ ပိုစိတ်ဝင်စားစရာကောင်းတာက ယောက်ျားလေးနဲ့ နမ်းရှုံ့တဲ့အခါ မိန်းကလေးတွေထောက်တတ်တဲ့ ခြေဖျားတွေဟာ အရင်ကထောက်တဲ့ ခြေဖျားထက် (၁)နဲ့(၂)စင်တီမီတာထိ နိမ့်သွားကြောင်း တွေ့ရပါတယ်။

ဒါကြောင့် ယောက်ျားနဲ့မိန်းမကြားက တကယ့်အချစ်စစ်ရဲ့ လတ်ဆတ်နိုင်မှုဟာ (၁၈)လမှ လ(၃ဝ)အထိပဲရှိခဲ့ပြီး အဲဒီထက်ကျော်လွန်တာနဲ့အမျှ လတ်ဆတ်နှုန်းတွေ တဖြေးဖြေး လျော့နည်းကုန်တယ်လို့ ဆန်းစစ်ချက်အရ တွေ့ခဲ့ရပါတယ်။

ကျွန်မထင်ပါတယ်.. အတူပေါင်းသင်းနေထိုင်ပြီး ကာလကြာလာတဲ့အမျှ တစ်ယောက်အပေါ်တစ်ယောက် ထားတဲ့ သံယောဇဉ်က ချစ်သူ၊ ညားကာစဆိုတာထက်ပိုရင်းနှီးပြီး မောင်နှမ၊ တစ်အိမ်သားချင်းဆိုတဲ့ဘက် ကူးပြောင်းသွားခဲ့လို့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်မှုတွေ၊ ရင်ခုန်မှုတွေ လျော့နည်းကုန်တယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ချစ်ကြပြီ၊ ယူကြပြီဆိုမှတော့ တစ်ဘက်သားရဲ့အရာရာကို နှလုံးသားနဲ့ လက်ခံနားလည်ပေးတတ်ဖို့ လိုအပ်ပါတယ်။

အချစ်(愛)ဆိုတဲ့စာလုံးကို နှလုံးသား၊ လက်ခံနားလည်ဆိုတဲ့ စာလုံးနှစ်လုံးနဲ့ တည်ဆောက်ထားလို့ပဲဖြစ်ပါတယ်။

ချစ်နိုင်ကြပါစေ...

source from nine nine sanay


No comments: