Thursday, February 25, 2010

မျိုးရိုးဗီဇ ကုထုံးသည် HIV ပိုးကို တိုက်ဖျက်နိုင်ကြောင်း တွေ့ရှိ

AIDS ရောဂါပိုးကို ဖြစ်စေနိုင်သော HIV ပိုးကို တိုက်ဖျက်နိုင်ရန် မျိုးရိုးဗီဇကုထုံးသည် ကောင်းစွာ အသုံးဝင်နိုင်သည် ဟူသော လမ်းစတစ်ခု ပညာရှင်များ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရှာတွေ့ခဲ့ကြသည်။ ထိုကုထုံးကို
လူနာများတွင် အသုံးချနိုင်ရန်မှာမူ လိုသေးကြောင်း၊ ရရှိလာလျှင်လည်း
ဈေးကြီးမည် ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။
ပန်ဆယ်ဗေးနီးယား တက္ကသိုလ်မှ ဒေါက်တာ Pablo Tebas မှ ယခုတွေ့ရှိချက်သည်
AIDS ရောဂါကို တိုက်ဖျက်ရန် လမ်းစ၏ ပထမခြေလှမ်းသာ ဖြစ်သေးကြောင်း၊
ဆက်လက်ကြိုးပမ်း သွားကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိအသုံးပြုနေသော AIDS ရောဂါကုဆေးများသည် လူနာများကို သက်တမ်းစေ့နီးပါး
နေနိုင်စေသော်လည်း ဘေးထွက်ဆိုးကျိုးများ များလှသည်။ ထို့ပြင်
အချို့ဆေးများသည် ကြာလာလျှင် ဆေးယဉ်လာသော ပြဿနာများပါ ရှိလာ၍ ယခု
မျိုးရိုးဗီဇ ကုထုံး (Gene Therapy) ကို ပညာရှင်များက မျှော်လင့်ချက်
ထားရှိနေကြကြောင်း သိရသည်။
ယခုတွေ့ရှိချက်များကို ဆန်ဖရန်စစ္စကိုမြို့တွင် ပြီးခဲ့သော ရက်များက ကျင်းပပြီးစီးခဲ့သော Retroviruses and Opportunistic Infections ဆိုင်ရာ ကွန်ဖရန့်တွင် တင်ပြသွားခဲ့သည်။

(နောက်ဆက်တွဲသိရသည်မှာ အဆိုပါကုထုံးသည် ကုသစားရိတ် ပေါင် ၂သောင်းခန့်
ကုန်မည်ကြားရရာ မကုသနိုင်သူများအတွက် စိတ်အားလျော့ဖွယ်ဟုပင် ဆိုရမလား
မသိတော့ပါ။ မက်ဖန်ပရိသတ်များအတွက် ကမ္ဘာနှင့်အပြိုင်
ကျန်းမာရေးတိုးတက်မှုများကို သိရှိစေလို၍သာ တင်ပေးလိုက်ရခြင်း ဖြစ်ပါသည်)
http://forverfriends.ning.com

No comments: