Wednesday, February 17, 2010

နောက်ဆုံးသတင်းများ ဥဿာ ယူနိုက်တက် အသင်းနှင့် ဇေယျာရွှေမြေ အသင်းတို့ ခြေစမ်းပွဲ သရေဖြင့် ပြီးဆုံး မြန်မာနှင့် ပွဲတွင် တိုက်စစ် ကစားပုံကို ပြုပြင်မည်ဟု

ဖေဖော်ဝါရီ ၁၆ ရက်နေ့က သီရိလင်္ကာ နိုင်ငံတွင် ကစားခဲ့သော AFC Challenge Cup ပြိုင်ပွဲ ပထမနေ့တွင် မြန်မာ အသင်း သည် အိမ်ရှင် သီရိလင်္ကာ အသင်းအား (၄-၀)ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်တွင် အိမ်ရှင် သီရိလင်္ကာသည် ပွဲချိန် ၁၇ မိနစ်၌ နောက်ခံလူ သူဝန် ရာဟိမ်း အနီကဒ်ပြ ထုတ်ပယ် ခံခဲ့ရ သဖြင့် မြန်မာ အသင်းကို မိနစ် ၇၀ ကျော် လူတစ်ယောက် လျော့ဖြင့် ရင်ဆိုင် ခဲ့ရသည်။ မြန်မာ အသင်းသည် ပွဲချိန် ၃၄ မိနစ် တွင်ပင် ဂိုးရရှိရန် အခွင့်အရေး စတင် ရခဲ့ခြင်း ဖြစ်ပြီး ထွန်းထွန်းဝင်း ဖြတ်တင်သည့် ဘောလုံးကို ရန်ပိုင် ခေါင်းတိုက် ခဲ့ရာ ဂိုးဘားတန်း ကျော်သွား ခဲ့သည်။ သို့ရာတွင် နောက်ထပ် ၅ မိနစ် အကြာ၌ မြန်မာ တိုက်စစ်မှူး ကျော်သီဟက အဝေးကန်ချက်ဖြင့် သီရိ လင်္ကာ ဂိုးသမား ဗီရာဂ်ျ အဆန်ကာကို ကျော်ဖြတ်ကာ ဦးဆောင်ဂိုး ရယူခဲ့သည်။ ကျော်သီဟ သည် ပထမပိုင်း ပြီးခါနီး နာကျင် အချိန်ပိုတွင် ရန်ပိုင် ဖြတ်တင်ပေး ရာမှတဆင့် မြေမကျဘော ကန်သွင်းကာ ဒုတိယဂိုး ရယူရန် ကြိုးပမ်းခဲ့ သေးသော်လည်း လွဲချော်ခဲ့သည်။

ဒုတိယပိုင်း ၅၃ မိနစ်တွင် ကျော်သီဟကပင် မျိုးမင်းထွန်း ချပေးသည့် ဘောလုံးကို ၆ ကိုက်စည်း အပြင်ဘက်မှ နေ၍ မနားတမ်း ကန်သွင်းယူရန် ကြိုးပမ်းခဲ့ပြီး လွဲချော် ခဲ့ပြန်သည်။ ပွဲချိန် ၇၁ မိနစ်တွင်မူ ညာတောင်ပံမှ ခင်မောင်ထွန်း ဖြတ်တင် ပေးသည့် ဘောလုံးကို ရန်ပိုင်က အပိုင်ပိတ်သွင်း နိုင်ခဲ့သဖြင့် မြန်မာတို့ ဒုတိယဂိုး ရခဲ့သည်။ နောက်ထပ် တစ်မိနစ် အကြာ၌ ရန်ပိုင်ပင် အဆိုပါ အခွင့်အရေးမျိုး နောက်တစ်ကြိမ် ထပ်ရခဲ့ပြီး ၎င်းကိုတော့ လွဲချော်ခဲ့သည်။ ပွဲချိန် ၈၁ မိနစ်တွင် ထွန်းထွန်းဝင်း အမြောက် ကန်တင်ပေးသည့် ဘောလုံးကို လူစားဝင် လာသည့် ပိုင်စိုးက မြေမကျ ကန်ချက်ဖြင့် တတိယဂိုး သွင်းယူ ပေးခဲ့ပြန်သည်။ နောက်ဆုံး အပိတ်ဂိုးကို အသင်း ခေါင်းဆောင် မျိုးမင်းထွန်းက ပွဲချိန် ၈၇ မိနစ်တွင် သီရိလင်္ကာ ဂိုးပေါက်နှင့် ကိုက် ၃၀ အကွာ၌ ရရှိသော ပြစ်ဒဏ်ဘောမှ တဆင့် လှလှပပ ဝေ့၀ိုက် ကန်သွင်းကာ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းပွဲ အနိုင်ကြောင့် မြန်မာ အသင်းသည် ဂိုးကွာခြားချက် အသာဖြင့် အုပ်စု(က)ကို ဦးဆောင်လျှက် ရှိနေကြောင်း သိရသည်။ မြန်မာ အသင်းသည် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် အုပ်စု ဒုတိယ နေရာမှ ဘင်္ဂလားဒေ့ရှ် အသင်းနှင့် ရင်ဆိုင် ရမည် ဖြစ်သည်။

မြန်မာ့ လက်ရွေးစင် အသင်း၏ ပွဲထွက် လူစာရင်း
၃။ ၀င်းမင်းထွဋ်
၅။ ခင်မောင်လွင် (ရွှေလှိုင်ဝင်း ၈၂’ )
၇။ ဇော်ထက်အောင်
၈။ ခင်မောင်ထွန်း
၁၀။ ထွန်းထွန်းဝင်း
၁၂။ အောင်ကျော်မိုး
၁၄။ မျိုးမင်းထွန်း
၁၈။ သီဟစည်သူ (ဂိုး)
၂၁။ ရန်ပိုင် (ပြည့်ဖြိုးဦး ၇၄’ )
၂၅။ ဇော်လင်းထွန်း
၃၀။ ကျော်သီဟ (ပိုင်စိုး ၆၄’ )

အရန် ကစားသမားများ

၂။ ဟန်ဝင်းအောင်
၁၁။ ပြည့်ဖြိုးဦး
၁၅။ အေးဆန်း
၁၇။ ရွှေလှိုင်ဝင်း
၁၉။ အောင်အောင်ဦး
၂၀။ ပိုင်စိုး
၂၄။ ရန်အောင်ကျော်
၃၄။ ဋ္ဌေးအောင်
၃၆။ စိုးမင်းဦး
၃၇။ ရန်အောင်ဝင်း

No comments: