
သီရိလင်္ကာ နိုင်ငံတွင် ကျင်းပလျှက် ရှိသော AFC Challenge Cup ပြိုင်ပွဲ၊ ဒုတိယမြောက် အုပ်စုပွဲစဉ်တွင် မြန်မာ့ လက်ရွေးစင် အသင်းသည် ဘင်္ဂလားဒေ့ရှ် အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရသွား ခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲစဉ်သည် မြန်မာအသင်း အတွက် ဒုတိယမြောက် နိုင်ပွဲ ဖြစ်ပြီး ပထမပွဲတွင် အိမ်ရှင် သီရိလင်္ကာ အသင်းကို (၄-၀) ဂိုးဖြင့် အနိုင် ရခဲ့သည်။ ထို့ကြောင့် မြန်မာအသင်းသည် နှစ်ပွဲနိုင် (၆)မှတ်ဖြင့် အုပ်စု အဆင့်မှ တက်ရောက်ကာ ဆီမီး ဖိုင်နယ်သို့ ရောက်ရှိရန် ရာနှုန်းပြည့် နီးပါး သေချာသွားပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာ အသင်းသည် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် တာဂျစ် ကစ္စတန် အသင်းနှင့် အုပ်စု နောက်ဆုံးပွဲ ကစားရမည် ဖြစ်သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ပိုင်စိုးနှင့် ထွန်းထွန်းဝင်းတို့ သွင်းယူပေးခဲ့ကြပါသည်။ ( အသေးစိတ်ကို ဆက်လက်ဖော်ပြပါမည်)
source from http://soccermyanmar.com
No comments:
Post a Comment