၂၀၀၉ ခုနှစ်အတွင်း ပြည် တွင်း၌ Local Area Network (LAN) ချိတ်ဆက်မှုအတွက် Network ဆိုရင် Hardware များကို အသုံးပြုရာတွင် Wireless စနစ် သုံး ပစ္စည်းများကို ၀ယ်ယူမှု များ ပြားခဲ့ကြောင်း သိရသည်။“ပြီးခဲ့တဲ့ နှစ်အတွင်းမှာဆို ရင် Wireless Networking ပစ္စည်း တွေကို ရောင်းရတာ မရှိသလောက် နည်းခဲ့တယ်၊ အများဆုံးရှိရင် ၁၀ ရခိုင်နှုန်းပဲ၊ ဒီ ၂၀၀၉ ခုနှစ်အ တွင်းမှာတော့ Wireless ပစ္စည်း တွေကို ပိုပြီး စိတ်ဝင်စား ၀ယ်ယူ လာကြတယ်၊ တစ်နှစ်လုံးအနေနဲ့ ပြောရရင် Hardware ရောင်းအား မှာ Cable နဲ့ Wireless ကတစ်ဝက် စီလောက်ရှိတယ်၊ ဒီတစ်နှစ်ထဲမှာ အများကြီး တိုးလာပါတယ်” ဟု Networking ဆိုင်ရာ ပစ္စည်းများ ကို အဓိက ဖြန့်ဖြူးရောင်းချသှောုည်သါအေနွှနခ့ညသူသါပ မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ Local Area Network ချိတ် ဆက်မှုအတွက် အများဆုံး အသုံး ပြုသော Switch များနှင့် အင်တာ နက် ချိတ်ဆက်မှုအတွက် အသုံး ပြုသော Router များတွင် Wireless Router များ၏ ရောင်းအား က အများဆုံး မြင့်တက်ခဲ့ကြောင်း သိရသည်။ “အဓိက အကြောင်းက တော့ Wireles စနစ်ဖြစ်တဲ့ WiMax ကို အသုံးများလာတာ ကြောင့်ပါ၊ WiMax အသုံးများလာ ပြီး အင်တာနက်ဆိုင်တွေ၊ ကဖေး ဆိုင်တွေမှာ WiFi သုံးဖို့ပေးလာ တော့ Wireless Router တွေကို အသုံးများလာတာပါ၊ သူ့ရဲ့ အား သာချက်က Wireless သုံးလို့ရသ လို Cable နဲ့ သုံးချင်လည်း သုံး လို့ရတာကြောင့် WiMax မသုံးတဲ့ နေရာတွေမှာလည်းWireless Router တွေကိုပဲ ၀ယ်သုံးလာကြ တယ်” လို့ ပြောသည်။ ပြည်တွင်းဈေးကွက်အတွင်း ၌ ရောင်းချနေသော Wireless Router များမှာ D Link, SMC, Asus, Net Gear, Linksys စသ ဖြင့် အမျိုးမျိုးရှိကာ Router များ ၏ စွမ်းဆောင်ရည်မှာလည်း အမျိုးအစားနှင့် ဈေးနှုန်းကို လိုက် ၍ ကွာခြားကြောင်း သိရသည်။ စွမ်းဆောင်ရည် အမြင့်ဆုံး အမျိုး အစားများတွင် ကြားခံ အတား အဆီးမရှိပါက ပေ ၆၀၀ ခန့်အထိ Wireless အသုံးပြုနိုင်ကြောင်း သိ ရသည်။ Wireless Router များကို အင်တာနက်ဆိုင်များ၊ WiFi ပေး ထားသော ကဖေးဆိုင်များ၊ ပုဂ္ဂလိ ကရုံးများ စသည်တို့တွင် အသုံး များလာသော်လည်း Router အသုံး အများဆုံးဖြစ်သော ကွန်ပျူတာ ဂိမ်းများတွင်မူ Network ချိတ် ဆက်မှု ပိုမိုကောင်းမွန်သော Cable စနစ် Router များကိုသာ ပိုမို အသုံးပြုနေဆဲဖြစ်ကြောင်း သိရ သည်။
source from https://www.timetotimeonline.com
No comments:
Post a Comment