
ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့က ကျင်းပသော တတိယ အကြိမ် ထမနဲထိုး ပြိုင်ပွဲကို ၁၃၇၁ ခုနှစ် တပို့တွဲလပြည့် (ဇန်န၀ါရီ ၂၉ရက်) ညနေ ၄ နာရီတွင် ကျင်း ပရာ ကြည့်ရှု အားပေး သူများနှင့် အထူး စည်ကား ခဲ့သည်။ အဆိုပါ မြန်မာ့ရိုးရာ ထမနဲထိုး ပြိုင်ပွဲကို နိုင်ငံခြားသား ကမ္ဘာလှည့် ခရီး သွားများ စိတ်ပါဝင်စားစွာ လေ့ လာခဲ့ ကြောင်း တွေ့ရသည်။
ပြိုင်ပွဲကို ၄၅ မိနစ် သတ်မှတ် ယှဉ်ပြိုင်ကြရာ ထမနဲ၏ အနူး အနပ် အရသာ နှင့် ပြီးဆုံး ချိန်တို့ အပြင် လုပ်နည်း များကို အမှတ် ပေးကာ ဆုများ သတ်မှတ် ပေးခြင်း ဖြစ်သည်။
ပြိုင်ပွဲဝင် အသင်းများသည် ရှေးရိုး စဉ်လာ အတိုင်း ထိုးကွင်း မင်ကြောင်များ ကိုထိုးပြီး ပြိုင်ပွဲ ၀င်ကြခြင်း ကြောင့် လာရောက် ကြည့်ရှုသူ ပရိသတ်များ စိတ်ဝင် စား သဘောကျ လျက်ရှိ ကြသည်။ ပြည်ပ ခရီးသွား များက လည်း စိတ် ၀င်စားစွာဖြင့် ဓာတ်ပုံ မှတ်တမ်း များ ရိုက်ကာ မှတ်တမ်း တင်ကြ သည်။
ထမနဲ ထိုးပြိုင်ပွဲသို့ အသင်း ပေါင်း ၃၆သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ရာ အမှတ်တူ ဖြင့် ပထမနှစ်ဆုကို ပဉ္စဗာဓိ သမ္ဘာရ အသင်း နှင့် ဗုဒ္ဓဟူး ညနေ အသင်းတို့က ရရှိကြပြီး အတွင်းရေးမှူး ဌာနက ဒုတိယ၊ အုပ်ချုပ်ရေး ဌာနနှင့် ဗဟို လေဟာ ပြင် အသင်းက တတိယ၊ အထက် ပစ္စယာ အသင်းက စတုတ္ထ နှင့် ပြည်သူ့ ဆောက်လုပ် ရေး ဗဟိုသို လှောင်ရေးနှင့် လုပ်ငန်းဌာန တို့က ပဉ္စမဆု အသီသီး ရရှိကြောင်း၊ ဆုရ အသင်း ပေါင်း ၁၃ သင်း ရှိကြောင်း သိရသည်။
အေးမြခိုင်၊ ယဉ်ယဉ်လှ
source from http://www.themyanmarpost.com
No comments:
Post a Comment