Wednesday, February 17, 2010

ရန်ကုန်တိုင်း အတွင်း မီးလောင်မှု သုံးကြိမ်ဖြစ်ပွား သင်္ဃန်းကျွန်းဈေး မီးလောင်မှု တွင် ဆိုင်ခန်း ၆၅၃ ခန်းနှင့် အိမ်နှစ်လုံး ဆုံးရှုံး



၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၂ရက် နှင့် ၁၃ရက်တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ်၊ ကျောက်တံတား မြို့နယ်နှင့် ရွှေ ပြည်သာ မြို့နယ်တို့တွင် မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့မှူး ရုံးမှ သိရသည်။

သင်္ဃန်းကျွန်း

အဆိုပါ မီးလောင်မှု များမှာ သင်္ဃန်းကျွန်း ဈေး၌ ဖေဖော်ဝါရီ ၁၂ရက်နေ့ ည ၇ နာရီ ၃၇ မိနစ်ခန့် တွင် ဈေးတွင်းရှိ ကုန်ခြောက်ဆိုင် နှစ်ဆိုင်ကြားရှိ လုံခြုံရေး လျှပ်စစ်မီး အပူလွန် ကဲရာမှ စတင် မီးလောင်ကျွမ်း ခဲ့ပြီး ည ၉ နာရီ မိနစ် ၅၀ခန့် တွင် မီးငြိမ်း သွားခဲ့ကြောင်း သိရသည်။

မီးလောင်မှု ကြောင့်ဆိုင်ခန်း ၆၅၃ ခန်း နှင့် အိမ်နှစ်လုံး မီးလောင် ဆုံးရှုံးသွားသည်။ မီးလောင်ရာသို့ ရန်ကုန်တိုင်း အတွင်းရှိ မီး သတ်ယာဉ် ၅၆ စီး၊ အုပ်ချုပ်မှု ယာဉ် ရှစ်စီး၊ သန္ဓေ တပ်ဖွဲ့ဝင်၂၇၆ဦး၊ အရံမီးသတ် တပ်ဖွဲ့ ၀င် ၂၄၉ ဦးတို့က ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ကြ သည်။ အဆိုပါ ဖြစ်စဉ်တွင် ဈေးတာဝန်ခံ ဦးမျိုးသက် ကို သင်္ဃန်းကျွန်းမြို့ နယ်ရဲစခန်းမှ (ပ) ၁၅၀/၂၀၁၀ ပုဒ်မ ၂၈၅ ဖြင့် အရေးယူ ထားကြောင်း သိရသည်။

ကျောက်တံတား

ထို့အတူ ဖေဖော်ဝါရီ ၁၃ရက်အရုဏ် ဦးအချိန်တွင် ကျောက်တံတားမြို့နယ်၊ အထက် ပန်းဆိုးတန်းလမ်း အမှတ် ၂၉၀/ ၁၉၂၊ မြေညီထပ်ရှိ ရွှေလန်း ဘုရားဖူး လုပ်ငန်း တွင် နံနက် ၀၀ နာရီ ၅၅ မိနစ်တွင် အင် ဗာတာ အပူလွန် ကဲရာမှ မီးစတင်လောင်ကျွမ်း ခဲ့ပြီး နံနက် ၁နာရီ ၂၅မိနစ် တွင် မီးငြိမ်း သွား ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုတွင် လူလေး ဦး မီး ဟပ် လောင်ဒဏ်ရာ ရရှိခဲ့သည်။ မီးလောင်မှုနှင့် စပ်လျဉ်း၍ ပိုင်ရှင် ဦးသန်းရွှေကို ကျောက်တံ တားမြို့နယ် ရဲစခန်းက (ပ) ၅၉/၂၀၁၀ ပုဒ်မ၂၈၅ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

ရွှေပြည်သာ

ဖေဖော်ဝါရီ ၁၃ ရက် ရွှေပြည်သာမြို့ နယ်၊ ထ/၁၆ ရပ်ကွက်၊ အောင်တေဇလမ်း၊ အမှတ် ၁၅၂၁/ကတွင် မီးအားမြှင့်စက် အပူ လွန် ကဲရာမှ နံနက် ၂ နာရီ ၁၅ မိနစ်တွင် မီးစတင် လောင်ကျွမ်း ခဲ့ပြီး နံနက်၂ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွာပြီး နေအိမ် သုံးလုံး မီးလောင်ကျွမ်း သွားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကို ရွှေပြည်သာမြို့ နယ်ရဲ စခန်းက အိမ်ရှင်ဖြစ်သူကို (ပ) ၇၀/၂၀၁၀ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

ဇန်န၀ါရီ ၈၉ ကြိမ်

ပြီးခဲ့သော ဇန်န၀ါရီလအတွင်း နိုင်ငံ တစ်ဝှမ်း မီးလောင်မှု ၈၉ ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ်ခြေ အဆောက်အအုံ ၁၃၀ လုံး ဆုံးရှုံး ခဲ့ရာ ရန်ကုန်တိုင်း က အကြိမ် အများ ဆုံးနှင့် ဧရာဝတီ တိုင်းတွင် ဒုတိယ အများဆုံး မန္တလေး တိုင်း ၌ တတိယ အများဆုံး ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီး ဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။

source from http://www.themyanmarpost.com

No comments: